spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့ပေါ်တွင် နေအိမ်ဖောက်ထွင်းကာ ပစ္စည်းခိုးယူခံရမှု များပြား

CJ (ကန္တာရဝတီတိုင်း(မ်))

ဖရူဆိုမြို့ပေါ် ရပ်ကွက်တွေမျာရှိတဲ့ စစ်ဘေးရှောင်ပြည်သူအများစုရဲ့  နေအိမ်တွေကို ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းခိုးယူမှု ပိုမိုများပြားလာတယ်လို့ ဖရူဆိုမြို့ဒေသခံ ပြည်သူတွေကပြောပါတယ်။



“ပြည်သူအချင်းချင်း အိမ်ကို လိုက်ဝင်ခိုးနေတာတွေလည်း ရှိတယ်။ ဖရူဆိုမြို့ထဲမှာတော့ ပြည်သူနေအိမ်ကို လိုက်လံ ခိုးယူမှူမှာတော့ အများကြီးရှိတယ်။ ဒါကတော့ မျက်မြင် သက်သေလည်း ရှိသလို တစ်ချို့ကျတော့လည်း သက်သေမရှိဘူးပေါ့။ မျက်မြင်တွေ့ရတာတွေကတော့ ဘယ်သူတွေလည်း မေးရင်လည်း သူတို့လည်း မပြောပြနိုင်ဘူးပေါ့ ပြောမပြရဲတာလည်း ဖြစ်နေတာပေါ။” လို့ ဖရူဆိုဒေသခံတစ်ဦးကပြောပါတယ်။

ဖောက်ထွင်းဝင်ရောက်သူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေ ဖြစ်သလို ပြည်သူအချင်းချင်း က ဝင်ရောက်ခိုးယူတာတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ခိုးယူခံရတဲ့ နေအိမ်တွေက မြို့ပတ်လမ်းနဲ့ နီးတဲ့ နေအိမ်တွေနဲ့ အနီးနားက ကျေးရွာတွေက နေအိမ်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။


ပြည်သူပိုင်ပစ္စည်းဖျက်ဆီးတာတွေကို အထောက်အထားနဲ့ တိုင်ကြားနိုင်ပြီး ကျူးလွန်သူကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ ရဲ့ တပ်စုမှူးက ပြောပါတယ်။

“တပ်ရင်း ၁၅ အနေနဲ့က နေအိမ်ဖောက်ထွင်း ခိုးတဲ့သူတွေကို ဖမ်းမိတာတော့ မရှိသေးဘူး ဒါပေမယ့် တစ်ခြား ပြစ်မှုရှိတဲ့လူတွေကိုတော့ ဖမ်းမိတာရှိတယ် K… ကို ငါတို့အပ်လိုက်တာပေါ့ ပြီးတော့ KNDF အနေနဲ့ page မှာတော့ ထုတ်ပြန်ချက်တွေလည်း ရှိနေပါတယ်ဟု” KNDF တပ်ရင်း Bo 15 တပ်စုမှုးက ပြောပါတယ်။

လက်ရှိမှာ ဖရူဆိုမြို့ပေါ်နဲ့ အနီးနားက ကျေးရွာတွေက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့်​ စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင် ၄၀၀၀ ကျော်ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့ များကွန်ယက် ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

spot_img
spot_img