spot_img
Tuesday, May 30, 2023
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့အရှေ့တောင်ဘက် စစ်ရှောင်တစ်နေရာမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့အရှေ့တောင်ဘက် စစ်ရှောင်စခန်းတစ်နေရာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတဲ့အပြင် ရာသီတုပ်ကွေး ဖြစ်ပွားမှုလည်း များပြားနေတယ်လို့ သိရပါတယ်။

“အဓိက ဒီမှာ ရေမသန့်လို့လေ။ ပြီးတော့ အစားအစာမှာတော့ အမှည့်လွန်တဲ့ အစားအစာဖြစ်ရင်လည်း ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်တယ်။ ပြီးခဲ့တဲ့ သရက်သီး ရာသီတုန်းက ပိုဆိုးသေးတယ်၊ မိုးရေသောက်လို့ဖြစ်တာတော့ မဟုတ်ဘူး။ မိုးရေကို သေချာကျိုသောက်ရင်တော့ ဘာမဖြစ်ဘူး။” လို့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုက လတ်တလော တစ်ပတ်အတွင်း များပြားနေတယ်လို့ ကျန်းမာရေးဆရာမက ပြောပါတယ်။ တချို့ဆိုရင် မိသားစုလိုက် ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေးဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေရဲ့ ကျန်းမာရေးအနေအထားက ၅ နှစ်အောက် ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောနဲ့
ရာသီတုပ်ကွေး ပိုမိုဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လဆန်းပိုင်းမှာလည်း အရေပြားရောဂါ၊ ရေကျောက်ရောဂါ ၁၀ ဦးကျော်အထိ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စစ်ရှောင် ၆ထောင်ကျော်ရှိပြီး စစ်ရှောင်လူနာတွေရဲ့ကျန်းမာရေးအရ ဆေးဝါးလိုအပ်ချက်မြင့်မားနေတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်သူတွေက ပြောပါတယ်။ ဒါ့အပြင်စစ်ရှောင်စခန်းတွေမှာ အလှူရှင်ရောက်ရှိမှုနည်းပါးလာပြီး အခြေခံစားသောက်ကုန်တွေလည်း လိုအပ်နေဆဲလို့ သိရပါတယ်။

Recent posts