spot_img
Sunday, April 2, 2023
spot_img

ဖရူဆို၊ ကဒါးလားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့(စက်တင်ဘာ ၁၄ရက်) မနက် (၆)နာရီခွဲ ဝန်းကျင်မှာ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးမှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်ဖွဲ့တို့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” မနက် ၅နာရီကျော်ကတည်းက စပစ်တာ။ အကြာကြီးပဲ။ လက်နက်ကြီး လက်နက်ငယ်တွေလည်းပါတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက် တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ သေဆုံးမှုရှိသလို KA၊ KNDF ဖက်မှ တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိတယ်လို့ ကနဦးသိရှိရပြီး အတိအကျကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ ကျေးရွာက ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...