spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်ရှိ တော်ခူအုပ်စုတွင် အလယ်တန်းကျောင်းတိုးမြင့်ရရှိရန် ဒေသခံများလိုအပ်

Author

Date

Category

မော်ဦးမြာ

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်ခူအုပ်စုအတွင်းတွင် ကလေးများ ကျောင်းတက်နိုင်ရန် အလယ်တန်းကျောင်းတစ်ကျောင်း တိုးမြင့်ချထားစေလိုကြောင်း ဒေသခံများက လိုလားနေကြပါသည်။

̏ ဒီဖရူဆို မြို့နယ် တော်ခူအုပ်စုတစ်စုလုံးက အလယ်တန်းကျောင်းတစ်ကျောင်းမှ မရှိသေးဘူး။ အခုလောလောဆယ်တော့ ပလဲလယ်ကျောင်းမှာ မူလွန်ကျောင်း( ၅တန်းအထိ) ဒီနှစ်မှပဲရတယ်။ တကယ်လို့ မူလွန်ကျောင်းရမယ်ဆိုရင် တခြားရွာတွေလည်းလာနေဖို့ရှိမယ်။ ၆ရွာလောက် ကျောင်းလာတက်နိုင်မယ် ˝ဟု ပလဲလယ်ကျေးရွာ ဒေသခံ ဦးမိုးဇက်က ပြောသည်။

ပလဲလယ်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်သည့် ကျေးရွာဖြစ်သည်။ မြေသားလမ်းသာ ဖောက်လုပ်ထားသေးသည့်အတွက် မိုးတွင်းကာလတွင် သွားလာရခက်ခဲနေသေးကြောင်း ဒေသခံများက ပြောသည်။ ကျေးရွာပေါင်း ၁၁ ရွာရှိနေသော်လည်း ယနေ့အချိန်ထိ အလယ်တန်းကျောင်းတစ်ကျောင်းမျှ မရှိသေးသည့်အတွက် အထူးလိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၀၆-၂၀၀၇-၂၀၀၈ ခုနှစ်တည်းက ပလဲလယ်ကျေးရွာတွင် မူလတန်းလွန်ကျောင်း ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

̏ ပြီးခဲ့တဲ့ ၂၀၀၆-၂၀၀၇-၂၀၀၈ ကတည်းက ပလက်လဲကျေးရွာမှာ မူလွန်ကျောင်းတောင်းတော့ တောင်းထားပါတယ်။ ဒါပေမဲ့အခြေအနေအရ မူလွန်ကျောင်းကိုတောင်းဆိုမယ်ဆိုရင်တော့ ရတယ်။ အဲ့အချိန်က မူလွန်ကျောင်းကိုလျှောက်မယ်ဆိုရင် ကျောင်းဆရာ/မတွေက ကိုယ့်ဘာကိုငှားရမယ်ပြောတော့ ကျောင်းဆရာ/မတွေ ငှားရမယ်ဆိုရင် မူ/လွန်ကျောင်းဆို ၆ တန်း ရတန်း အထိတော့ သင်ကြားခွင့်ရမယ်ဆိုရင် ဆရာ/မတွေက လေးငါးယောက် ငှားရမယ်ဆိုရင် အဲ့ဒီကျောင်းဆရာ/မရဲ့ လစာကိုမပေးနိုင်ဘူး။ ဒါဆိုမူလွန်ကျောင်း မလျှောက်နိုင်တော့ မယူနိုင်တော့ဘူးပေါ့ ˝ ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ပညာသင်နှစ် နှစ်ကုန်ပိုင်းတွင် မူလတန်းလွန်ကျောင်း (ပဉ္စမတန်း)ထိ သင်ကြားခွင့်ရရှိခဲ့သော်လည်း အလယ်တန်း အကုန်ပိုင်းမှာမှာမူလွန်ကျောင်း( ငါးတန်းအထိ) ရရှိခဲ့ပေမဲ့လည်းအလယ်တန်း ၊အထက်တန်းများအထိ ပညာဆက်လက်ဆည်းပူးနိုင်ရန် တခြားဒေသကျောင်း၊ မြို့ပေါ်ရှိကျောင်းများသို့ ပညာများ သွားရောက်ဆည်းပူးရန် မိဘများမှ ခက်ခဲနေကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းများ အဆင်မပြေသည့်အတွက် အိမ်တွင်ရှိ တနိုင်တပိုင်မွေးမြူထားသည့် တိရိစာ္ဆန်များကိုသာ ရောင်းချရင်း သားသမီးများကို ပညာဆည်းပူးစေကြောင်း သိရသည်။

̏ တကယ်လိုအပ်ရင်တော့ မေးရမှာပေါ့။ ပညာရေးပေါ်လစီဆိုတာလည်းရှိသေးတော့ ပေါ်လစီနဲ့ ညီမညီကိုတော့ အစိုးရက ပြန်ဖြေကြားသွားပါပေါ့ ကိုယ့်ဘက်က လိုချင်တာတစ်ခုတည်းနဲ့တော့ လုပ်လို့မရဘူးပေါ့လေ။ ˝ ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်ဦးသဲရယ်က ဆိုသည်။

အခြားနေရာဒေသများသို့ ပညာသွားရောက်ဆည်းပူးနေကြရသည်နှင့် ပတ်သက်ပြီး ပလဲလယ်ကျေးရွာ ကျောင်းအုပ်ဆရာမကြီးက ယခုလို ပြောကြားသည်။

̏ ရှိတယ် ကျမတို့ဆီမှာအများကြီးရှိတယ်၊ ဘာကြောင့်လဲဆိုတော့ မိဘတွေ စားဝတ်နေရေးအဆင်မပြေလို့ မထားပေးနိုင်တာလည်းရှိတယ်။ တချို့ ကလေးတွေလည်း အိမ်နဲ့မခွဲချင်တော့ ရွာမှာကျောင်းမရှိတော့ တခြားရွာမှာကျောင်းသွားတက်၊ အပြင်မှာသွားတက်တော့ မပျော်ဘူး အဲ့ဒါနဲ့ ပြန်ပြေးလာတဲ့သူတွေ အများကြီးပဲ။ ˝ ဟု ပလဲလယ် မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လူဒါဖောက ပြောသည်။

တော်ခူကျေးရွာအုပ်စုရှိ ကျေးရွာတိုင်းတွင် အစိုးရမှမူလတန်းကျောင်းများသာ ချပေးထားသည်။ ပလဲလယ်ကျေးရွာတွင် ကျောင်းသား/သူဦးရေ ၅ဝကျော်ခန့်ရှိပြီး ဆရာ/မမှာ ရ ဦးရှိကြောင်းသိရသည်။

spot_img
spot_img

Recent posts