spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဘာသာတရားအနေဖြင့်လည်း ကေ့ထျိုးဘိုးကို ယုံကြည်ကိုးကွယ်

Author

Date

Category

စူးမယ် ရေးသားသည်။

 

ယခုကဲ့သို့ နွေရာသီကာလပတ်ဖြစ်ကြတဲ့ ဧပြီလ နှင့် မေလအတွင်းတွင် ကယား(ကရင်နီ) ဘာသာစကားဖြင့် ခေါ်ဝေါ်ကြတဲ့ တျားအီလူး (တံခွန်တိုင်) အယူအဆကို ကျေးရွာ အသီးသီးတွင် ပြုလုပ်ကြပါတယ်။

ကယား(ကရင်နီ)မျိုးနွယ်စုတွေရဲ့ ကျေးရွာတွေမှာ တျားအီလူးကို ကေ့ထျိုးဘိုးခေါ် တံခွန်တိုင်စိုက်ထူကာ ပတ်ပတ်လည်လည်မှာ အမျိုးသားတွေက ဗုံမောင်းဖြင့် ကခုန်ကြတာတွေ ၊ နတ်ပူဇော်ကြတာတွေ ပြုလုပ်ကြပါတယ်။

တျား ဆိုတာက အသိအမှတ်ပြုတယ်လို့ အဓိပ္ပါယ်ရပါတယ်။ အီလူး ဆိုတာက လှူဒန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တျားအီလူးကို ကေ့ထျိုးဘိုး လို့ခေါ်တဲ့ တံခွန်တိုင်စိုက်ထူထားတဲ့အပေါ်မှာ ထီးတော် တင်ထားကြတာဖြစ်ပါတယ်။

တချို့ရွာတွေက ကေ့ထျိုးဘိုးတိုင်တော်အသစ်စိုက်ထူတာတွေလုပ်ကြသလို တချို့ရွာတွေကတော့ ပြန်လည်ပြုပြင်မွမ်းမံကြပါတယ်။ ဒေါဖုကျေးရွာအုပ်စု ထဲက ဒေါဆိုခူကျေးရွာဆိုလျှင် အရင် နယ်မြေမအေးချမ်းခဲ့လို့ နှစ်ပေါင်းတော်တော်ကြာ လုံးဝမလုပ်နိုင်တော့လို့ ဘေးပတ်ဝန်းကျင် ကူလုပ်ပေးတာမျိုးလည်းရှိပါတယ်။

တျားအီလူး ကျင်းပပြုလုပ်တဲ့ ရွာထဲမှာဆိုလည်း အဝေးမှဧည့်သည်တွေကို ဖိတ်ကြားပြီး ကျွေးမွေးဧည့်ခံတာတွေ ပြုလုပ်ကြပါတယ်။

ယခုလို နှစ်စဉ်နှစ်တိုင်း ကယား(ကရင်နီ) မျိုးနွယ်စုတွေက ကျင်းပတဲ့ အထွဏ်အထိပ်ထားရှိရာ ရိုးရာတခု လည်းဟုတ်သလို ကိုးကွယ်ယုံကြည်တဲ့ ဘာသာတခု အနေဖြင့်လည်း ပြုလုပ်လာခဲ့ကြပါတယ်။

စဉ်လာမပျက်ကျင်းပလာခဲ့ကြပြီးနောက် စုပေါင်းပွဲတော်ဆိုပြီး ကယားပြည်နယ် ဝန်ကြီးစဝ်ဝဏ္ဏ လက်ထက်မှာ စတင်ပြုလုပ်လာခဲ့ကြပါတယ်။

အခုဆိုလျှင် ၅၉ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ထိုင်း- မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းမှာ ပြည်တွင်းပြည်ပ မှာနေထိုင်ကြတဲ့ သူတွေက ရိုးရာစဉ်လာအရ စုပေါင်း ကရင်နီစုပေါင်းကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲတော်ကို အတူတကွ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရိုးရာစဉ်လာလို့ ဆိုပေမယ့်လို့ ကေ့ထျိုးဘိုးပွဲတော်ဟာ သမိုင်းမှတ်တမ်းအရ ကမာ္ဘဦးစကတည်းက ကျေးရွာအသီးသီးမှာ ကယား(ကရင်နီ) မျိုးနွယ်စုတွေ ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။

ကယား(ကရင်နီ) မျိုးနွယ်စုတွေမှာ တခြားသောဘာသာကိုကိုးကွယ်ပြီး တံခွန်တိုင်ကိုလည်း ကိုးကွယ်ကြတယ်လို့ ကရင်နီစာပေနဲ့ ယဉ်ကျေးမှု ညွန်ကြားရေးမှုူး ခူးဘော်ရယ်ထူးကပြောပါတယ်။

ခူးဘော်ရယ်ထူးက ” ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက BC (Before Christ )ပေါ့နော် တခြားဘာသာရေးမရှိသေးခင်မှာဆိုရင် ကျနော်တို့ ကယားတွေမှာအီလူးနဲ့ ကေဆိုပြီးနှစ်မျိုးပဲရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် အီလူးဟာကျနော်တို့ ယုံကြည်ရာကိုးကွယ်ရာတစ်ခုဖြစ်တယ်။”ဟု ပြောသည်။

ယခုလို ယုံကြည်ကြသူတွေက ဒုက္ခသည်စခန်းရှိကရင်နီလူမျိုးများအပြင် နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ကယားရွာ ရ ရွာဟာလည်းတခြားဘာသာကိုကိုးကွယ်တဲ့အပြင် ကေ့ထျိုးဘိုးကို ဘာသာတစ်ခုအနေနဲ့လည်းကိုးကွယ်ကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်းမီခွိကလိုးကျေးရွာအုပ်စုမှ အီလူးဘျာစယ်( ကေ့ထျိုးဘိုးသခင်) ခူးထျိုးရယ်က “ကျနော်တို့ကတော့ အီလူး(ကေ့ထျိုးဘိုး)ကိုပဲလုပ်တယ်။ ကျေးရွာအုပ်စုထဲမှာတော့ ဘာသာပေါင်းစုံရှိတာပေါ့။ ကိုယ်ယုံကြည်မှုကမတူကြဘူး။ ကေ့ထျိုးဘိုးကိုပဲလုပ်တဲ့သူတွေရှိတယ်”လို့ ပြောပါတယ်။

ယခုနှောင်ပိုင်း အများစုကတော့ မိရိုးဖလာ ရိုးရာအမွေးအနှစ်တခုလို အစဉ်အလာမပျက် ရိုးရာပွဲတော်လို ကျင်းပသွား ကြတာဖြစ်ပါတယ်။

မိရိုးဖလာပွဲတော်လို ကျင်းပတဲ့ တချို့ရွာတွေက တခြားသော မိမိယုံကြည်ရာ ဗုဒ္ဓ ၊ ခရစ်ယာန် စသည်တို့ကို ကိုးကွယ်ကြပါတယ်။

ကေ့ထျိုးဘိုးကိုဘာသာတစ်ခုအနေဖြင့် ကိုးကွယ်ယုံကြည်နေကြတဲ့ ရွာတွေလည်း ရှိတယ်လို့ ကယားပြည်နယ် ကေ့ထျိုးဘိုးအဖွဲ့ (ဂေါပက) ဥက္ကဌခူးပိုးရယ် အောင်သိန်းကပြောပါတယ်။

ခူးပိုးရယ်အောင်သိန်းက “ကျနော်တို့သိတာကတော့ ဒီးမော့ဆိုမြို့နယ်မှာ ၃ ရွာလောက် ရှိပါတယ်။ ကယားပြည်နယ် တစ်ပြည်နယ်လုံးအနေနဲ့ကတော့ နည်းပါတယ်”လို့ ပြောပါတယ်။

တျားအီလူး ခေါ် ရိုးရာကေ့ထျိုးဘိုးပွဲတော် ကျင်းပရခြင်း အကြောင်းအရင်းများနှင့် ပတ်သက်ပြီး ကိုပလုရယ်မှ သုတေသနမှတ်တမ်း ပြုစုထားတဲ့ အချက်အလက်တွေကို အောက်ပါအတိုင်း တင်ပြထားပါတယ်။

(၁) ဘုရား၏ ဂုဏ်ကျေးဇူးကိုု သတိရခြင်း။
(၂) ဘုရား၏ ဂုဏ်ကျေးဇူးကို သတိရပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ဘေးရန်အပေါင်းမှ ကာကွယ်ပေးရန် တောင်းဆိုခြင်း။

(၃) လူသားတို့ကို ကောင်းကျိုးပေးသော နတ်ကောင်းနတ်မြတ်များနှင့် ပရယ်ပရိုပရယ်ပရား တို့၏ ကျေးဇူးကို သိရှိပြီး လေးစားသမှုပြုခြင်း။
(၄) မိတ်ဆွေသင်္ဂဟများ၊ ဆွေမျိုးများကို သတိရသောအားဖြင့် စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးလှူဒါန်းခြင်း နှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေလိုခြင်း။

(၅) လာမည့်နှစ်(သို့)နှစ်သစ်အခါသမယတွင် မိုးလေဝသမှန်ကန်စေရန်၊ ဘေးအန္တာရာယ်ရောဂါဘယများ ကင်းဝေးစေရန်နှင့် စိုက်ပျိုးသီးနှံများဖြစ်ထွန်းအောင်မြင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း။

(၆) လူသားတို့သည် ဤရိုးရာပွဲတော်ကို နှစ်စဉ်မပြတ်ကျင်းပခြင်းဖြင့် ကောင်းမြတ်သော အကျင့်စာရိတ္တများကို ဆက်လက် ထိန်းသိမ်းသွားနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့ ဒေါခလိုက်လင်းကျေးရွာတွင် တည်ထားသော ကေ့ထျိုးဘိုးတိုင်များ

ယခုလို ကေ့ထျိုးဘိုးကို စဉ်ဆက်မပြတ် ကိုးကွယ်ယုံကြည်လျက်ရှိနေတဲ့ ရွာတစ်ရွာကို ဖော်ပြရမယ်ဆိုရင်တော့ ဒီးမော့ဆိုမြို့နယ် လွိုင်ကော် မှ ဒီးမော့ဆိုမြို့သို့ သွားသည့်လမ်းမပေါ်မှ ဒေါကလိုက်လင်းရွာဘဲဖြစ်ပါတယ်။

 

spot_img
spot_img

Recent posts