spot_imgspot_imgspot_imgspot_img
Friday, June 21, 2024
spot_imgspot_imgspot_imgspot_img

ဘိုးဘွားစဉ်ဆက်မြေပေါ်မှာ မစိုက်စားရရင် အသက်ဆက်ရှင်ဖို့ ခက်ခဲတယ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီမျိုးနွယ်စုမှာ ကေး မျိုးစုနဲ့   အီလူး မျိုးစုဆိုပြီး ၂ မျိုးရှိကြပါတယ်။ ဒီမျိုးနွယ်စုတွေကနေပြီး သူတို့ရဲ့ ကျေးရွာတွေမှာ ရိုးရာဓလေ့ထုံးတမ်း စဉ်လာလုပ်ငန်းတွေကို ဆက်လက်ထိန်းသိမ်းသွားလေ့ရှိပါတယ်။ ကျေးရွာတွေမှာဆိုရင် ရိုးရာအနေနဲ့   “ကေး”လို့ဆိုတဲ့ ဧရိယာရှိသလို “အီလူး” လို့ဆိုတဲ့ တံခွန်တိုင်ခုတ်တဲ့နေရာ စိုက်တဲ့နေရာဆိုပြီးတော့ ရှိကြပါတယ်။ ဒီလုပ်ငန်းတွေကို အထက်ပါ မျိုးနွယ်စု ၂ စုကနေပြီး အကောင်အထည်ဖော်လေ့ရှိပါတယ်။

သူတို့ရဲ့ ဘိုးဘွားစဉ်ဆက်ကတည်းက မျိုးနွယ်အလိုက်၊ မြို့အလိုက် သတ်မှတ်ထားတဲ့ နယ်မြေတွေ၊ သစ်တော၊ တောင်ယာမြေတွေလည်းရှိကြပါတယ်။

“ကေး”လို့ဆိုတဲ့ ရိုးရာဓလေ့အရ ရွာတစ်ရွာကို စတည်တော့မယ်ဆိုလို့ရှိရင် ကရင်နီတွေဟာ သူတို့ရဲ့ ရိုးရာကြက်ရိုးထိုးကြပါတယ်။

တောင်ယာထဲတွင် ရိုးရာဓလေ့အရ ကြက်ရိုးထိုးနေစဉ်

ပြီးရင်တော့ “ကေး”ကို စိုက်ထူကြပါတယ်။ အောင်မြင်တယ်လို့ ကြက်ရိုးထိုးတဲ့အဖြေက ထွက်ရင် ဒီမြေဟာ ရွာမြေအဖြစ် စတည်ကြတော့တာပဲ။ အဲဒါကို ရိုးရာဓလေ့အရ စီမံခန့်ခွဲကြပါတယ်။

တောင်ယာတွေစိုက်ပျိုးတဲ့နေရာမှာဆိုရင်လည်း စိုက်ပျိုးရာသီကာလမှာဆိုလျှင် ဒီမျိုးနွယ်စု ၂ မျိုးထဲကပဲ ယုံကြည်ရာ မျိုးနွယ်စုအလိုက် တောင်ယာထဲမှာ ကေး စူကို စိုက်ပြီးတော့မှ လယ်ယာမြေကို စီမံခန့်ခွဲလေ့ရှိကြပါတယ်။

အီလူး လို့ခေါ်တဲ့ မျိုးနွယ်စုတွေကလည်း သူ့အချိန်အခါ ရောက်ရင် ဓလေ့ထုံးတမ်းစဉ်လာတွေ ရှိတယ်လို့   မြေယာဓလေ့ထုံးတမ်းစဉ်လာတွေကို လေ့လာသူတစ်ဦးဖြစ်တဲ့ ဦးလိရယ်အန်းဂျလိုက ပြောပါတယ်။

“အီလူးဆိုရင်လည်း တောင်ယာတွေမှာ အမှတ်အသားလုပ်ပြီးတော့မှ ခတျား ကိုစိုက်ပြီးတော့မှ စိုက်ပျိုးရာသီမှာ ရိုးရာဓလေ့နည်းနဲ့  စိုက်ပျိုးထွန်ယက်တဲ့အလုပ် လုပ်ငန်းရှိတယ်။ အီလူးဆိုတဲ့ တံခွန်တိုင်မှာကတော့ တံခွန်တိုင် ပွဲလုပ်ပြီဆိုရင် အီလူးပွဲလုပ်တဲ့အချိန်မှာ တောတွေတောင်တွေ ရှိတယ်။ အဲဒီမှာ ပူဇော်ပသလေ့ရှိတဲ့အစီအစဉ်ရှိတယ်။” လို့ ပြောပါတယ်။

ဘိုးဘွာစဉ်ဆက်ကနေ သားသမီးတွေကို အမွေပေးတဲ့ စနစ်မှာဆိုရင်လည်း တောင်ယာမြေပေါ်မှာ ကျောက်ဖြစ်သော်လည်းကောင်း၊ သစ်ပင်ဖြစ်သော်လည်းကောင်း အမှတ်အသားလုပ်ပြီး အမွေပေး ဆက်လက်လုပ်ကိုင်စေကြပါတယ်။

“အရင်တုန်းက မျိုးနွယ်စုတွေက ရိုးရာအလိုက် အမွေပေးလေ့ရှိတယ်။ အမွေပေးတဲ့နေရာမှာလည်း ကျနော်တို့ သတ်မှတ်ထားပေးတယ်။ကျောက်နဲ့ဖြစ်စေ သစ်ပင်နဲ့ဖြစ်စေ အဲဒါကို အမှတ်အသားလုပ်ပြီးတော့မှ မြေကို စီမံခန့်ခွဲတာရှိတယ်။ အဲတော့ စိုက်ပျိုးချိန်ရောက်လို့ရှိရင် ကျနော်တို့တွေကဒါအပိုင်ဖြစ်တဲ့အတွက် တောစောင့်နတ်တောင်စောင့်နတ်ကို ပူဇော်တဲ့အစီအစဉ်ရှိတယ်။” ကိုလိရယ်အန်းဂျလိုက ပြောပါတယ်။   

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ဒေါဆိုရှေ့တောင်သူတွေဟာဆိုရင်လည်း သူတို့ရဲ့ တောင်ယာမြေထဲမှာ သူတို့ ယုံကြည်ရာ ဓလေ့အနေနဲ့ ကြက်ရိုးထိုးကြပါတယ်။

ကြက်ရိုးထိုးပြီးတော့ ဒေသခံတောင်သူတွေက သူတို့မြေပေါ်မှာ သူတို့တောင်ယာဆက်လုပ်ဖို့  ဆန္ဒပြုခဲ့ ကြပါတယ်။ ဒါကတော့သူတို့ ထွန်ယှက်စိုက်ပျိုးတဲ့အချိန်တိုင်း ထုံးစံဓလေ့အရ လုပ်ကြတာဖြစ်ပါတယ်။

ဒီတစ်ကြိမ်သူတို့ ကြက်ရိုးထိုးတာကတော့ တပ်သိမ်းထားတဲ့မြေယာအပေါ်မှာဖြစ်တဲ့အတွက် တပ်တွေကို ပါမောင်းထုတ်နိုင်ဖို့  တောင်ယာကိုဆက်လုပ်ကိုင်နိုင်ဖို့ ဆန္ဒပြုသွားကြတဲ့အနေနဲ့ မကောင်းဆိုးဝါးတွေကို နိုမ်နှင်းသွားတယ်လို့  ဒေသခံတွေက ပြောတယ်။

သားသမီး ၃ဦးနဲ့မိသားစုဝမ်းစာအတွက် တစ်သက်လုံးတောင်ယာ စိုက်ပျိုးလုပ်ကိုင်လာသူ ဒေါ်ညားမာက “ကျမဒီတောင်ယာမှမလုပ်ရရင်လည်း လုပ်စရာကမရှိတော့ လုပ်စားရမှာ ကြောက်လည်းကြောက်တယ်။ မလုပ်ပြန်တော့လည်း စားစရာကမရှိဘူး။ ပါသွားလုပ်စားရမလဲပေါ့။ အဲဒါကြောင့် ကျမတို့ တောင်ယာဆက်လုပ်နေတာပဲ။”လို့ ပြောပါတယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာတပ်မတော်၊ အစိုးရတပ်တွေဟာ ပြည်နယ်ဒေသဘက်တွေကို စရောက်လာခဲ့ကြပါတယ်။

ဒီလိုတဖြည်းဖြည်းရောက်လာရင်း နှစ်ပေါင်း ၆ဝ ကျော်အတွင်း အခုဆိုရင် တပ်ရင်း ၂ဝ ကျော်နဲ့ နောက်ဆုံး စစ်လေ့ကျင့်ရေးကွင်းတွေပါ ဆောက်လုပ်ပြီးသွားပြီဖြစ်ပါတယ်။ စစ်တပ်တွေရောက်လာပြီး တပ်သိမ်းမြေတွေဟာ တောက်လျှောက် ဒေသခံတွေ ကြုံတွေ့နေကြရပါတော့တယ်။

“လူ့သက်တမ်းတစ်ခုလေးမှာ တပ်သိမ်းမြေတွေက အရမ်းကိုကြီးမားတဲ့ ပြသာနာတစ်ခုဖြစ်လာတယ်” လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။ 

စစ်တပ်တွေသိမ်းဆည်းတဲ့မြေယာတွေဟာ အဓိက မြို့ပြ၊ လူထုတွေစိုက်ပျိုးတဲ့မြေတို့ လူထုတွေဆောက်လုပ်နေထိုင်ဖို့အိမ်မြေနေရာတို့ကို သိမ်းထားကြပါတယ်။

အစိုးရရဲ့မြေသိမ်း ဥပဒေအရသော်လည်းကောင်း ဒေသခံတွေရဲ့ဓလေ့တွေ၊ ဒေသခံရဲ့မြေကျင့်သုံးမှုတွေ  လှစ်လှူရှုပြီးတော့ သော်လည်းကောင်း မြေတွေ သိမ်းထားကြပါတယ်။

မြို့တိုင်းလိုလိုကြည့်လိုက်ရင် တပ်သိမ်းမြေနဲ့မကင်းဘူး တပ်သိမ်းမြေကြောင့် ဆုံးရှုံးခဲ့ရတဲ့ တောင်သူတွေ မနည်းမနှောပါဘူး။

အထူးသဖြင့် စားဝတ်နေရေးမပြေလည်တဲ့ပြသာနာအတွက်ကြောင့် တပ်သိမ်းမြေက ဒေသခံတွေတော်တော်ဆိုးဆိုးဝါးဝါး ပြဿနာတခု ဖြစ်ပေါ်လာစေပါတယ်။

Advertisement

ဒီနေ့ချိန်မှာ တက်လာတဲ့အစိုးရတွေ ဒီမိုကရက်သစ်အင်အားစုတွေ မြေယာနဲ့ပတ်သက်ပြီးမှ မူဝါဒလေးတွေကို ကောင်းကောင်းမွန်မွန်ပြန် စဉ်းစားသင့်နေပြီဖြစ်တယ်လို့ ခွန်ဘီထူးက အကြြံ့ပုပြောဆိုပါတယ်။

“ဌာနေတိုင်းရင်းသားတွေအတွက် အကျိုးတစ်ခုခုကို ကာကွယ်ပေးနိုင်တဲ့ အရာလေးတွေကိုတော့ ထည့်ပြီးစဉ်းစားသင့်တာပေါ့နော။”လို့ ပြောပါတယ်။

ဦးသိန်းစိန်လက်ထက်မှာ တပ်သိမ်းမြေကို စွန့်လွတ်မြေအဖြစ်တစ်ခုနှစ်ခု စွန့်လွတ်တဲ့ဟာတွေရှိပါတယ်။ ဥပမာမိုးဗြဲ(၄၂၂)တပ်ရင်းက မြေတစ်ချို့၊ လွိုင်ကော်မြို့မှာရှိတဲ့ တပ်မြေဧရိယာတချို့ရှိခဲ့ပါတယ်။

သို့ပေမယ့် NLD အစိုးရလက်ထက်မှာတော့ တပ်သိမ်းမြေနဲ့ပတ်သက်ပြီးတော့ အမှုတွေရင်ဆိုင်ရတိုင်းမှာ ပြည်နယ်အစိုးရပြည်နယ်ဝန်ကြီးချုပ်ရဲ့အဆုံးအဖြတ်အားလုံးက တပ်ဘဲအနို်င်ပေးတဲ့ဟာမျိုးတွေဖြစ်နေပါတယ်။

၂၀၁၅ရွေးကောက်ပွဲပြီးတဲ့နောက် ဒီနေ့အချိန်ထိက တပ်သိမ်းမြေကို ပြန်ပေးတဲ့ဟာမျိုး ၊ ပြန်စွန့်လွတ်လိုက်တာမျိုးမရှိဘူး မရှိသလောက်နည်းပါးပါတယ်။

အထူးသဖြင့် ဒီ၂၀၁၈ – ၂၀၁၉ ထဲမှာက ကယားပြည်နယ်မှာဆို တပ်သိမ်းမြေနဲ့ပတ်သက်ပြီးမှ တရားစွဲခံရတဲ့ပြည်သူတွေပိုများလာပါတယ်။ ခုလက်ရှိအချိန်မှာဆိုရင် တောင်သူ(၄၀)ကျော်ကျော်လောက် တရားစွဲခံနေရတယ်။

မြေယာတွေနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတော်ပိုင်လို့သတ်မှတ်ထားတဲ့အတွက် ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာလဲ အပြည့်အဝရှိတဲ့အတွက် ပြည်ထောင်စုအစိုးရမှာ လုံးဝတာဝန်ရှိတယ်လို့ပြောရမှာ။

ပြည်နယ်တွင်တာဝန်ရှိသူအနေဖြင့် ပြည်နယ်ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။

တိုင်းရင်းသားဒေသမှာ ဘိုးဘွာစဉ်ဆက်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ ဓလေ့ထုံးတမ်းမြေယာတွေပေါ်မှာ ဆက်လုပ်ခွင့်မရရင် သူတို့ အသက်ဆက်မရှင်နိုင်တော့ပါဘူး။

“ကျနော်တို့တောင်သူလယ်သမားဟာဒီ တောင်ယာမရှိရင် ဘဝက ပျက်စီးသွားမယ်။ သေရင်လည်း အသေသတ်လိုက်ပေါ့ ဒီတောင်ယာထဲမှာပဲ ၊ ကျနော်တို့တောင်သူလယ်သမားက တောင်ယာမရှိရင် အသက်ရှင်ဖို့အလားအလာမရှိဘူး။”  တောင်ယာတွေ တပ်သိမ်းဆီးခံထားရတဲ့ ဒေါဆိုရှေ့ရွာက တောင်သူ သောမတ်က ပြောသွားပါတယ်။

spot_img
spot_img

Recent posts