spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

မယ်စဲ့၊ ပန်တိမ်းစခန်းကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်၊ ၂၀ ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ထဲက ပန်တိမ်းတပ်စခန်းကနေ ဖားဆောင်းမြို့ဘက်ကို ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ၂၀ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ပန်တိမ်းကနေ ဆုတ်သွားတဲ့လူတွေပေါ့။ ကျနော်တို့ဖက်က ကြားဖြတ်တိုက်တော့ ၂၅ ရက်နေ့မှာ ကြားဖြတ်တိုက်တာ။ ၂၇ ရက်နေ့မှာ ရှင်းလင်းတော့ အလောင်းတွေ ရှိတယ်လေ။ အလောင်း ၂၀ ၊ ကျောပိုးအိတ် ၂၀ လုံး။” လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။

ဆုတ်ခွာသွားတဲ့ တပ်တွေဟာ တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ခမရ ၅၁၂ ဖြစ်ပြီး၊ ၂၇ ရက်နေ့က နယ်မြေရှင်းလင်းခဲ့ရာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သား ၂၀ ဦးရှိပြီး၊ တဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

လက်ရှိမှာတော့ သံလွင်အရှေ့ဖက်ခြမ်း၊ မယ်စဲ့မြို့နယ်တခွင်မှာ စစ်ကောင်စီတပ်တွေ မရှိတော့ဘူးလို့ လည်းဆိုထားပါတယ်။ ဆုတ်ခွာစဉ်မှာ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေထဲက လွတ်မြောက်သွားတဲ့ တပ်သားတွေကတော့ ဖားဆောင်မြို့မှာရှိတဲ့ ခလရ ၁၃၄ ၊ ခလရ ၁၃၅ တပ်စခန်းကို ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

“မယ်စဲ့ တခွင်လုံးက သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ရန်သူမရှိတော့ဘူး။ ဖားဆောင်းတံတား သံလွင်မြစ်အနောက်ဘက်ကမ်းမှာက ရန်သူရှိသေးတယ်။ ပြန်ဆုတ်တဲ့ ရန်သူက အဲ့မှာ ကျန်ခဲ့မယ်လေနော။” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ကြတဲ့ KA ၊ KNPLF ၊ KNDF ၊ PDF တို့က ကြားဖြတ်တိုက်ခိုက် ရှင်းလင်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မယ်စဲ့မြို့က ပန်တိမ်းတပ်စခန်းအနီးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ၁၀ ဦးနဲ့အထက် သေဆုံးကာ ကရင်နီတပ်မတော်ဖက်က ၂ ဦး ကျဆုံးခဲ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts