spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

မိုလိုချောင်း အတက်ကျ ပုံမှန်မရှိတာကြောင့် ချောင်းအတွင်းခဲရှာသူများ အခက်တွေ့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြိုကနယ် ခဲမဖြူကျေးရွာ အနီးက မိုလိုချောင်းအတွင်းမှာ ခဲရှာယူ နေကြတဲ့ ဒေသခံတွေဟာ ချောင်းရေအတက်အကျ ပုံမှန်မရှိတာကြောင့် အခက်တွေ့နေကြရတယ်လို့ ချောင်းခဲလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။

“ဒီရာသီဥတုအခြေအနေပေါ့နော် မိုးရေနဲ့ ဥပမာ မိုးမမှန်တာပေါ့နော်။ တခါတေလေ ရေတက်လိုက်ရေကျလိုက် ဒါ အခက်တစ်ခုရှိမယ် နောက်တစ်ခုက ဒီ ကိုယ်ခဲလုပ်တဲ့အချိန်မှာပေါ့နော် တစ်နေရာထဲလုပ်လို့မရဖူးနော် နေရာရှာရတယ် အဲ့ချိန်မာလဲအခက်ခဲရှိတယ်” လို့သူကဆိုပါတယ်။

ဒါ့အပြင် ယခင်က ချောင်းခဲကိုလွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရပေမဲ့ ခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စိုးရိမ်စိတ်နဲ့လုပ်ကိုင်ရတာရှိတယ်လို့လဲ ပြောပါတယ်။

ချောင်းခဲလုပ်ကိုင်ရင် တစ်ရက်ကို ခဲတစ်ပိဿာ ဝန်းကျင်ရရှိပြီး ခဲတစ်ပိဿာကို ကျပ် တစ်သောင်းကျော် စျေးပေါက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကုန်စျေးနှုန်မြင့်တက်မှုကြောင့် လက်ရှိမှာ ရလာတဲ့ ဝင်ငွေနဲ့  ပြန်ပြီးဝယ်စားရတာက ပြန်ပြီးမကာမိဖူးလို့ ချောင်းခဲလုပ်ကိုင်သူ အမျိုးသားတစ်ဦးကခုလိုပြောပါတယ်။

  “ကုန်စျေးနှုန်းကတက်တယ် ဒါပေမဲ့တစ်ခါလေခဲစျေးက အရင်လိုပုံမှန်မတက်တဲ့ချိန်တော့ သိပ်တော့မကာမိဖူးပေါ့။ဒါပေမဲ့ အဲ့လိုပဲလုပ်စားနေရတာပေါ့”  လိုဆိုပါတယ်။

မိုလိုချောင်းဟာ ခဲတွင်းရှိရာ မော်ချီးဒေသကနေ စီးဆင်းလာတဲ့ ချောင်းဖြစ်ပြီး ဒေသခံတွေက ချောင်းနဲ့ အတူမျောပါလာတဲ့ ခဲတွေကို ရှာယူနေကြရတာဖြစ်ပါတယ်။

မိုလိုချောင်းမှာ တနိုင်တပိုင် ခဲရှာတဲ့ လုပ်ငန်းလုပ်ကို လုပ်ကိုင်တဲ့ ဒေသခံတွေ ၄၀၀ ဝန်းကျင်ရှိနိုင်ပြီး တခြားသော ဒေသကသူ တစ်ချို့ပါ လာရောက်လုပ်ကိုင်သူတွေရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

spot_img
spot_img