spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ပေါ်မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့ ပတ်ပတ်လည်ကို စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးလာပြီး ကင်းပုန်းတွေချထားပြီး လက်နက်ကြီးတွေနဲ့ ရမ်းသစ်ပစ်ခတ်နေတယ်လို့ မိုးဗြဲ PDF က တာဝန်ရှိသူ တဦးကပြောပါတယ်။

“ နေရာတော်တော်များများကို သူတို့ နေရာယူတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဒီတင်းမာမှုတွေက ဆက်တိုက်ဖြစ်နေတောတာဘဲ။ လက်နက်ငယ်တွေ လက်နက်ငယ် အနည်းငယ်ပစ်သံတွေ စစ်ကောင်စီဘက်ကနေပြီးတော့ ရမ်းပြီး လက်နက်ကြီးတွေနဲ့ ထုနေတာတွေ ရှိတယ်ပေါ့နော။ လောလောဆယ် အနေအထားကတော့ အဲ့လောက်ပါဘဲ။ “ လို့ မိုးဗြဲ PDF က ပြောပါတယ်။

စစ်ကောင်စီဟာ ယမန်နေ့ ( ဖေဖော်ဝါရီလ ၁၅ရက်နေ့)ကတည်းက တင့်ကားတစ်စီးပါဝင်တဲ့ လူအင်အား၂၀၀ ဝန်းကျင် လွိုင်ကော်ကနေ စစ်ကြောင်း ထိုးလာတာဖြစ်ပါတယ်။

မိုးဗြဲမြို့က ဒေသခံတွေ လုံခြုံတဲ့ နေရာကို ရှောင်ကြဖို့ မိုးဗြဲ PDF ဗဟိုသတင်းနှင့် ပြန်ကြားရေးက ပြောပါတယ်။

“ ကျနော်တို့ ဒီအခြေအနေမှာက ကျနော်အဓိက စဉ်းစားတာက လုံခြုံမှုပါဘဲ။ အဲ့ဒီ လုံခြုံမှုအတွက် တော်တော်လည်း စဉ်းစားရတယ်။ အကျပ်လည်း ရိုက်တယ်ပေါ့နော။ ဒီအခုကို ပြည်သူတွေအနေနဲ့ ဒီလိုအချိန်အခါမှာ ကျနော်တို့နဲ့ ပူးပေါင်းပေးဖို့ ပူးပေါင်းပေးဖို့ဆိုတာက လုံခြုံတဲ့နေရာမှာ နေပေးဖို့ နောက် ဒီစစ်ဖြစ်နိုင်တဲ့ စစ်ဇုန်တွေမှာ စစ်ဇုန်တွေနဲ့ ကင်းကင်းရှင်းရှင်းနေပေးဖို့ ကျနော်တို့ အနေနဲ့ လုပ်ရကိုင်ရတာ အခက်အခဲဖြစ်နိုင်တဲ့ အနေအထားတွေ မဖြစ်စေချင်ဘူးပေါ့နော။ ဘေးကင်းတဲ့အနေအထားတစ်ခုပါဘဲ။ အဲ့တာကိုတော့ အဓိကထားပြီးတော့ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ “ လို့ မိုးဗြဲ PDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခင်နှစ် မေလနောက်ဆုံးပတ်လောက်မှာလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး မိုးဗြဲမြို့ပေါ် ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ကြဖူးပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ရက်နေ့မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ဖယ်ခုံမြို့နယ် ပင်ပုံမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img