spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ ညောင်ဝိုင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (မေလ ၂၇ရက်) မနက် ၅နာရီကျော်အချိန်မှာ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဖက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

” ဒီမနက်က မိုးဗြဲမြို့နားက စျေးကုန်းနဲ့ ညောင်ဝိုင်းဖက်မှာ အဲနှစ်နေရာကို လေယာဉ်နဲ့ ၈ခါလောက် လာကြဲတယ်။ အဲဖက်တစ်ဝိုက်ကနေ အဲလို အသံကြားရတာ။ တိုက်ပွဲ ပစ်ခတ်သံက အဲလောက်မကြမ်းဘူး ဒါပေမယ့် လေယာဉ်လာကြဲတော့ ကြောက်လန့်တာပေါ့။ ဒဏ်ရာရတဲ့သူရှိတယ်လို့ ကြားထားတယ်။ သေချာတော့ မသိသေးဘူး။ လေယာဉ်ကြဲတာ အိမ်တောင်ခါတယ်။ ” လို့ မိုးဗြဲမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအခြေနေကို သိရှိနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ဖို့ကြိုစားခဲ့ပေမယ့် ယခုအချိန်အထိ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ရှမ်း-ကရင်နီနယ်စပ် ညောင်ဝိုင်းနဲ့ ဆောင်းကန်း မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် သတိထားသွားလာကြဖို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာလည်း မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF တပ်ရင်း(၁) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း(၃)၊ KNDF တပ်ရင်း(၁) နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ (၂၀) ဦး သေဆုံးခဲ့ပြီး (၂) ဦး အရှင်ဖမ်းမိခဲ့သလို စစ်ကောင်စီဖက်က တိုက်လေယာဉ်နဲ့ ၄ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

spot_img

Recent posts