spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲလေးရက်မြောက်တိုက်ပွဲမှာ ဖယ်ခုံ PDF က ရဲဘော် ခူးရီးရယ် (ခ) ရီးရီ ကျဆုံး

ကန္တာရဝတီတိုင်း( မ် )

မိုးဗြဲမြို့ တိုက်ပွဲလေးရက်မြောက်နေ့မှာ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း – ၂ ရဲဘော် ခူးရီးရယ် (ခ) ရီးရီ ကျဆုံးသွားခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ က အသိပေးထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကော ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကပါ ထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

တိုက်ပွဲလေးရက်အတွင်း ပူးပေါင်းတပ်ဖွဲ့က ၁၉ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး ဖယ်ခုံ PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲသုံးရက်မြောက်အထိ စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိနိုင်တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က စတင်တဲ့ တိုက်ပွဲဟာ ၁၁ရက်နေ့အထိ ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီဖက်က လက်နက်ကြီးအဆမတန်ပစ်ခတ်တိုက်ခိုက်မှုအပြင် လေကြောင်းပစ်ကူပါ သုံးပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။

မိုးဗြဲမြို့ပေါ်က နေအိမ်တချို့ဟာလည်း လက်နက်ကြီးကျရောက်တာတွေ၊ လက်နက်ကြီးစ ထိမှန်တာတွေကြောင့် ပျက်စီးတာတွေလည်း ရှိနေပါတယ်။ မိုးဗြဲမြို့တွင်းမှာလည်း စစ်ရေးတင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းကို အသုံးမပြုကြသေးဖို့ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက တိုက်တွန်းထားပါတယ်။

spot_img
spot_img