spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသမှာ ခဲစျေးကျဆင်းနေတဲ့အတွက် ခဲလုပ်ကိုင်သူတွေ အခက်အခဲကြုံတွေ့နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ခဲလုပ်ငန်းကို အဓိက လုပ်ကိုင်နေတဲ့ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဒီဇင်ဘာလအတွင်း ခဲတစ်ပိဿာကို လေးသောင်းခွဲကျပ်အထိ ကျဆင်းနေတဲ့အတွက် အခက်အခဲကြုံတွေ့နေတယ်လို့ ခဲလုပ်ကိုင်သူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှာ ခဲစျေးကျလာတာဖြစ်ပြီး အရင်က ခဲစျေးတစ်ပိဿာကို ရှစ်သောင်းကျပ်အထိရှိတယ်လို့ ခဲရောင်းဝယ်နေသူတစ်ဦးက ဆိုပါတယ်။

“ခဲဈေးတွေကျတော့ အရင်က ခဲဈေးက ကျနော်ပြောသလိုပဲ ပုံမှန်အတိုင်းရှိတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်း ခဲ‌ဈေးကတက်တယ်။ ခြောက်သောင်းထိတက်တယ်။ ခုနှစ်သောင်း၊ ရှစ်သောင်းအထိ အဲ့လိုတက်တယ်။ ဒါပေမဲ့ ကျတဲ့အချိန်ခါကျတော့ ဗြုန်းခနဲကျတယ်။ ဟိုး လေးသောင်းခွဲအထိကျတယ်။ အခု ခဲဈေးက ဆန်ကာတင် တကယ့်နာမည်ကြီးတဲ့ ထိုးမေခီး(ရွာအမည်) ခဲတောင်မှ လေးသောင်းခွဲ ဈေးပဲကျန်တော့ တကယ်အခက်ခဲရှိတယ်။” လို့ ခဲရောင်းဝယ်နေသူတစ်ဦး ကပြောပါတယ်။

ကုန်စျေးနှုန်းလည်း မြင့်တက်နေတဲ့အတွက် ခဲလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေကြရတယ်လို့ ခဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

“ခေတ်ကောင်းတုန်းကခါကျတော့ လေးသောင်းခွဲရှိတယ်။ ဒါပေမဲ့ ဝယ်စားရမယ့်ကုန်စျေးနှုန်းခါကျတော့ ကိုက်ညီတယ်။ ဒါပေမဲ့ နိုင်ငံရေး ဖြစ်ပြီးနောက်ပိုင်းတော့ ခဲက ရှစ်သောင်း ၊ ခုနှစ်သောင်းအထိ တက်သွားတယ်။ ဒါပေမဲ့ ဝယ်စားရတာက ကုန်စျေးနှုန်းကလည်း လိုက်မြင့်လာခါကျတော့ ဝယ်စားရတာက ခဲစျေး ခုနှစ်သောင်း၊ ရှစ်သောင်းကတော့ သူတို့အတွက် ပုံမှန်ပဲပေါ့၊ ခေတ်ကောင်းတဲ့အချိန်တုန်းကဆိုရင်။ ဒါပေမဲ့ အခု ခဲစျေးက လေးသောင်းပဲကျန်တော့ ဝယ်စားရတာနဲ့ မကိုက်ဘူး။ အဲ့လိုမျိုး ပုံစံမျိုးပေါ့။” လို့ ခဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး က ပြောပါတယ်။

ခဲလုပ်တဲ့ ပုံစံပေါ်မူတည်ပြီး သာမန်နေ့စား ခဲ လုပ်ကိုင်သူတစ်ဦးဆိုရင် တစ်လမှာ အနည်းဆုံး ခဲပိဿာ ၃၀ ကျော် ရပြီး ရရှိလာတဲ့ ခဲတွေကို စုပြီး ငွေလိုရင် ရောင်းထုတ်ကြတာဖြစ်ပါတယ်။

ခဲကို တရုတ်လူမျိုးတွေ အများစုဝယ်နေတာဖြစ်ပြီး တရုတ်နှစ်သစ်ကူး နီးလာရင် ခဲစျေးကျတာရှိပေမဲ့ လက်ရှိမှာ ခဲစျေးကျတာ ပုံမှန်မဟုတ်ဘူးလို့ ဆိုကြပါတယ်။

“ဒီတခြား ဒီဈေးကွက်ကျတော့ တရုတ်ကိုယ်တိုင်ချုပ်ကိုင်ထားတော့ ဒီဦးပိုင်ကုမ္ပဏီနဲ့ သူနဲ့ပေါင်းပြီး ချုပ်ကိုင်ထားတယ်။ ပြီးတော့ တချို့ ဘယ်လိုပြောမလဲ တခြားဒေသခံအဖွဲ့အစည်းတွေနဲ့ အဲ့လို သူတို့အတူတူပေါင်းပြီး လုပ်ကိုင်တာလည်းတစ်ဖွဲ့၊ အဲ့လို တချို့အဖွဲ့တွေတော့ရှိတယ်၊ အဲ့ဒီတရုတ်တွေ။ အဲ့လိုကြောင့်မို့ သူတို့တွေရဲ့ဈေးကွက်က သူတို့ပါးစပ်ပေါ်မှာပဲရှိတာပေါ့။ အဲ့ဒါကြောင့်မို့ ခဲဈေးက ဒီလိုမတည်မငြိမ်ဖြစ်နေတာ။” လို့ ခဲရောင်းဝယ်နေသူတစ်ဦးက ပြောပါတယ်။

အရင်နှစ်တွေက ခဲ‌ဈေးအတက်အကျရှိပေမဲ့ အခု အာဏာသိမ်းပြီးချိန်မှာတော့ ပုံမှန်မဟုတ်တဲ့ ခဲဈေးအတက်အကျတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ ခဲကို အဓိကလုပ်ကိုင်ပြီး ဖာလာစိုက်တာကိုလည်း လုပ်ကိုင်ကြပါတယ်။

spot_img
spot_img

Recent posts