spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြန်မာတွင် Covid-19 ရောဂါဖြင့် တစ်နေ့အတွင်း ၂ ဦး သေဆုံး၊ စုစုပေါင်း ၃ ဦးရှိပြီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံတွင် တစ်နေ့အတွင် Covid-19အဆုတ်ရောင် ကူးစက်မြန် ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် အသက် ၆၃ နှစ်အရွယ် လူနာအမှတ်- (၁၆)သည် သေဆုံးသွားခဲ့ပါပြီဟု အတည်ပြု ပြောကြားခဲ့ပြီးနောက် မြန်မာတွင် Covid-19 ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိခဲ့ပါပြီ။

အလားတူ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကုတင် ၅၀၀ဆေးရုံတွင် အထူး သီးသန့်ခန်းတွင် ထားရှိ ကုသလျက်ရှိသည့် Covid-19 အတည်ပြုလူနာ အမှတ် (၁၇) သည်လည်း ယနေ့ (၈ ဧပြီလ) နံနက် ၃:၄၀ နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၂၂ ဦးရှိပြီ ဖြစ်ပြီး သေဆုံးသူ ၃ ဦး ရှိသွားပြီ ဖြစ်သည်။

spot_img
spot_img

Recent posts