spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မြောက်ပိုင်းညီနောင်မဟာမိတ်( ၃ ) ဖွဲ့ ပေးတဲ့အကူအညီက တိုက်ပွဲတွေမှာ အထောက်အကူဖြစ်စေတယ်လို့ KNDF ဆို

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

မြောက်ပိုင်း ညီနောင်မဟာမိတ် ( ၃ ) ဖွဲ့ဆီကနေ ရရှိတဲ့ လက်နက်ခဲယမ်းမျိုးစုံနဲ့ စစ်ရေး အကူအညီတွေဟာ မြေပြင်တိုက်ပွဲတွေမှာ အတော်လေး အထောက်အကူဖြစ်စေခဲ့တယ်လို့ မေလ (၃၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့်မှာ ဥက္ကဌခွန်းဘီထူးက ပြောဆိုပါတယ်။

“ မြောက်ပိုင်းညီနောင်မဟာမိတ် ( ၃ ) ဖွဲ့ဖြစ်ကြတဲ့ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ( MNTJP/MNDAA ) ၊ /တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PSLF/TNLA ) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်မတော် ( ULA/AA ) တို့ထံကနေ လက်နက်ခဲယမ်းမျိုးစုံနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအကူအညီတွေကို ရရှိခဲ့ပါတယ်။ ဒီအကူအညီများကြောင့် KNDF ဟာ တော်လှန်ရေးအစကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ယနေ့အထိ နိုင်ငံရေးမှာ ခိုင်မာတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေနိုင်ခြင်းဖြစ်ပါတယ်။” လို့ ဥက္ကဌ ခွန်းဘီထူးက KNDF နှစ်နှစ်ပြည့် မိန့်ခွန်းမှာ ပြောပါတယ်။

အဓိက လက်နက်ခဲယမ်းအကူအညီတွေကို ရရှိခဲ့ပြီး KNDF ဖွဲ့စည်းစကနေ လက်ရှိအချိန်အထိ အကူအညီ ရရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။ ရရှိတဲ့ အကူအညီအကြောင်းကိုတော့ အသေးစိတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာမျိုးမရှိပါဘူး။

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNU ) ဆီကနေ စစ်ရေးသင်တန်းနဲ့ နည်းနာများစွာကို သင်ယူခွင့်ရရှိခဲ့ပြီး ကရင်နီတပ်မတော် ( KA )နဲ့ ပြည်နယ်အတွင်းရှိ တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီတွေကိုလည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ဆိုတော့ အကူအညီတွေက အများကြီး အထောက်အကူဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့ KNDF စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး ဒီအချိန်အထိ ကျနော်တို့ မြေပြင်တိုက်ပွဲတွေမှာ ကျနော်တို့ ထိထိရောက်ရောက်နဲ့ ကျနော်တို့ မောင်းပြန် နေထိုင်နိုင်တာမျိုးပေါ့နော။ တကယ့်ထိထိရောက်ရောက်နဲ့ စစ်ကောင်စီကို တန်ပြန်နိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်တာမျိုးပေါ့။ အဲဒီလိုတိုက်ပွဲတွေအတွက် မြေပြင်တွေအတွက်အများကြီး အထောက်အကူဖြစ်ခဲ့တယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖယ်ဒရယ် ဒီမိုကနေရေစီနိုင်ငံ တည်ဆောက်ရေးအတွက် NUCC ၊NUG၊ CRPH တို့ရဲ့ ရပ်တည်မှုနဲ့ လုပ်ငန်းစဉ်တွေမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) ကနေတဆင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း နှစ်နှစ်ပြည့် ထုတ်ပြန်ချက်မှာ KNDF ကဖော်ပြထားပါတယ်။

အကူအညီတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်ရေးအခက်အခဲတွေကြောင့် မရရှိနိုင်ခဲ့ပါဘူး။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း KNDF ဖွဲ့စည်းတည်ထောင်တာ နှစ်နှစ်ရှိသွားပြီဖြစ်ပြီး စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts