spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယနေ့နံနက် လွိုင်ကော်မြို့နယ်မှာ ပစ်ခတ်သံကြားနေရ၊
ယမန်နေ့က နေအိမ် ပျက်စီးတာတွေလည်းရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ( ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၇နာရီ ဝန်းကျင်အချိန် လွိုင်ကော်မြို့နယ်မှာ လက်နက်ကြီးပစ်ခတ်သံ ၁၅မိနစ်ဝန်းကျင် ကြားရတယ်လို့ လွိုင်ကော် ဒေသခံတစ်ဦးကပြောတယ်။

“ ဒီမနက်ကတော့ ခဏလောက်ပါဘဲ။ ငါးမိနစ် ဆယ်မိနစ်လောက်ဘဲ။ ကြားလိုက်တယ်။ သူတို့ ပစ်သံ။ ဒါကလည်း သူတို့ဖက်က တစ်ဖက်သတ်ပစ်တယ်လို့ ယူဆလို့ရတယ်။ အပြန်အလှန်ပစ်တာလားဆိုတာလည်း ကျနော်တို့ အတည်မပြုနိုင်သေးဘူး။” လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့က ( ဖေဖော်ဝါရီလ ၁၃ရက်) လွိုင်ကော်မြို့ထဲည ၉နာရီဝန်းကျင်လောက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ စစ်ကောင်စီနဲ့ မည်သည့်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့လဲ မသိရဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ ဖြစ်နေတယ်ဆိုတာကိုတော့ ကျနော်တို့ မသိရဘူး။ ဒါပေမယ့် နာရီဝက်ကြာဖြစ်ခဲ့တယ်။ တိုက်ပွဲက ဒေါဥခူ အနောက်ဘက်ခြမ်းတွေမှာပါတယ်။ ပြီးတော့ ဒီမှုံပြာကန် အနီးတစ်ဝှိုက်ပေါ့နော။ ပြီးတော့ ဒီဘာဒို ထေးငှားလျားမှာ ဘက်တို့မှာလည်း ပါတယ်ပေါ့နော။ လက်နက်ကြီးနဲ့ ပစ်ခတ်လို့တော့ ထေးငှားလျားဘက်မှာ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဖက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ထေးငှားလျားကျေးရွာက နေအိမ်တစ်လုံးနဲ့ စပါးကျီတစ်လုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဖေဖော်ဝါရိ(၁၃)ရက်မှာပဲ ဒီးမော့ဆိုမြို့နယ် ပါဒေါဒူကျေးရွာက နာရေးပြုလုပ်နေတဲ့ နေအိမ်ကို နံနက်(၁၀)နာရီ ကျော်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံ နေအိမ်(၃)လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီက နေအိမ်မီးရှို့ခဲ့ပြီး မိုင်းတွေလည်း ထောင်ခဲ့တယ်လို့ သိရပါတယ်။ နေ့လည်(၂)နာရီအချိန်လောက်မှာ စစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့ နေအိမ် (၃)လုံးထက်မနည်း မီးရှို့ခဲ့တယ်လို့ မနေ့က DMO-PDF ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲပေါင်း (၁၅၀)ကျော်ဖြစ်ပွားနေပြီ ဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု(PKPF)က ထုတ်ပြန်ထားတာလည်း ရှိပါတယ်။ အာဏာသိမ်း တစ်နှစ်အတွင်း အဆောက်အအုံ ( ၄၉၀) ကျော် ပျက်စီးဆုံးရှုံးနေပြီး၊ အရပ်သားပြည်သူ သတ်ဖြတ်ခံနေရတာ(၂၁၀)ကျော်ရှိသွားပြီ ဖြစ်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts