spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

ယာခင်းသွားသည့် အရပ်သား ၅ ဦးကို စကစ က လမ်းပြအဖြစ်ဖမ်းဆီး၊ စစ်ဆေးမေးမြန်းပြီး ပြန်လည်လွတ်ပေး


CJ (ကန္တာရဝတီတိုင်း(မ်))


ကရင်နီပြည် ဖရူဆိုမြို့ နယ် ဆိုလျားကူး ကျေးရွာအနီးမှာ ယာခင်းသွားတဲ့ အရပ်သား ၅ဦးကို ဩဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးကာ လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း ဖမ်းဆီခံရသူတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဖမ်းထားတဲ့ အရပ်သားတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီးနောက် နေ့လယ်ပိုင်းလောက်မှာ ၎င်းတို့ စီးနှင်းလာတဲ့ ထော်လာဂျီကို ထားခဲ့ခိုင်းပြီး ပြန်လည်လွတ်ပေးခဲ့ကြောင်း ဒေသခံဆီက သိရပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရှိမရှိ စစ်ဆေးမေးမြန်းတယ်၊ ဒီရွာကပဲလား မေးတယ်၊ ဘုရားကျောင်းကို လိုက်ပြခိုင်းတယ်၊ ထော်လာဂျီတော့ ပေးမမောင်းပြန်တော့ဘူး ထားခဲ့လိုက်တယ်။” လို့ ပြန်လည်လွတ်လာသူ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီခန့် အချိန်မှာ စစ်ကောင်စီတပ်သားတွေဟာ ဆိုလျားကူးကျေးရွာထဲကို  စစ်ကြောင်းထိုးလာခဲ့ပြီး အရပ်သားတွေကို သေနတ်နဲ့ ချိန်ရွယ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သတင်းရင်းမြစ်ရဲ့ အဆိုအရတော့ ရိုက်နက်တာတွေမရှိဘူးလို့ သိရပါတယ်။


“သူတို့ကို ဖမ်းတာ ဒီမနက်လေး၊ လမ်းမကြီးဘေး တစ်လျောက်တော့ တပ်စွဲထားတယ်လို့ ပြောကြတယ်၊ သေချာတော့ မသိဘူး၊ အမျိုးသမီးတွေပါ ဖမ်းထားလို့ စိုးရိမ်တာ အခုတော့ ပြန်လွတ်လာပါပြီ။ ” လို့ ဖရူဆိုဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် ခိုးစားမောကျေးရွာမှ ဒေသခံ အသက်ကြီးပိုင်း လေးဦးကို စစ်ကောင်စီ ဝင်ရောက်ဖမ်းဆီးပြီး ဖရူဆိုမြို့ အခြေစိုက် ခမရ ၅၃၁ တပ်စခန်းမှာ တစ်ည ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ် အတွင်းမှာ စစ်ကောင်စီ မကြာခဏ ထိုးစစ်ဆင်မှုကြောင်း ပြည်သူများ အသွားအလာ မပြုလုပ်ကြဖို့ KNDF က သြဂုတ်လ ၁၇ ရက်နေ့မှာလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

spot_img
spot_img