spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

ရာသီထွက် ဈေးအဖွင့်၏ ၃၀  ရာခိုင်းနှုန်းအထိ ကယားပြောင်းဈေး ထိုးကျ

Author

Date

Category

လင်းသန့်

ယခုနှစ် အစေ့ထုတ်ပြောင်း(အခြောက်)များ ထွက်ပေါ်ချိန်က ၁ ပိဿာ ၅၆ဝ ကျပ် အထိ ဈေးကောင်းရခဲ့သော်လည်း သီတင်းကျွတ်အချိန်အတောအတွင်း ၃၃ဝ ကျပ် အထိ ကျဆင်းသွားခဲ့ကြောင်း လွိုင်ကော် သီးနှံအဝယ်ဒိုင်များထံမှ သိရသည်။ ယင်းသည် မူလဈေးအဖွင့်၏ ၃ဝ ရာခိုင်နှုန်းအထိ ဆက်တိုက်ကျဆင်းနေခြင်းပင် ဖြစ်သည်။

ဈေးစတင်ဖွင့်ခဲ့သော ဩဂုတ်လ နောက်ဆုံးအပတ်မှ အောက်တိုဘာလ ပထမအပတ်အထိ ဈေးနှုန်းကျဆင်းမှုနှုန်းသည် တစ်ရက်လျှင် ၂ဝ ကျပ်ဖြင့် အရိပ်ရိပ် ကျဆင်းနေခြင်း ဖြစ်သည်။

ယခုဈေးကျဆင်းမှုကို အလွန်အမင်းမစိုးရိမ်ရန်နှင့် အောက်တိုဘာလ ဒုတိယအပတ်အတွင်း ပြောင်းအဝယ်ဒိုင်များဈေးဖွင့်ပါက ဈေးနှုန်းများ ပြန်လည်တက်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကယားပြည်နယ်ပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဌ ဦးမြင့်မောင်က  ပြောကြားသည်။

“တောင်သူတွေ ဒီကြားထဲ ငွေလိုလို့ ထုတ်ရောင်းတာတွေများတယ်။ အဓိကဖြစ်တဲ့ CP က မဝယ်သေးဘူးလေ။ သူတို့ဝယ်မှ ဈေးကောင်းစရနိုင်တယ်။ နည်းနည်းထိန်းထားဖို့လိုတယ်။ သီတင်းကျွတ်ရင်တော့ ဈေးပြန်တက်လာဖို့တော့ မျှော်လင့်ရတယ်။”ဟု ဦးမြင့်မောင်က အောက်တိုဘာ ရ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ပြောင်းစိုက်တောင်သူများမှ ရိတ်သိမ်းနေပြီးဖြစ်သော ယခုအချိန်ကာလအတွင်း ရောင်းချလိုသူများပြားနေခြင်းဖြစ်သည်။ စရိတ်အတွက် ငွေလို၍ထုတ်ရောင်းချနေခြင်းများ ရှိနေသော်လည်း ဈေးနှုန်းကျဆင်းမှုကြောင်း တောင်သူများ မိမိတို့၏ သီးနှံများကို အလုံးအရင်းလိုက် ထုတ်ရောင်းရန် တွန့်ဆုတ်နေသူများလည်း ရှိနေကြသည်။

ယမန်နှစ်က ပြောင်းဈေးအဖွင့်မှာပင် တစ်ပိဿာလျှင် ၂၆ဝ သာ ဈေးပေါက်ခဲ့ပြီး ပြောင်းစိုက်တောင်သူများ အရှုံးနှင့် ကြုံတွေ့ခဲ့ကြရသည်။

spot_img
spot_img
spot_img

Recent posts