ရာသီဥတုပြောင်းလဲလာသည့်နောက် တောင်ယာတိုးချဲ့လာမှုစနစ်ကျရန်လို

မူအက်စတာ

ရာသီဥတုပြောင်းလဲလာသည့်နောက်ပိုင်းတွင် လယ်ယာလုပ်ကိုင်သည့်သူများသည် တောင်ယာအဖြစ်သို့ လုပ်ကိုင်လာ           ကြသည့်အတွက် တောင်ယာခုတ်ခြင်း ၊ တောင်ယာမီးရှို့ခြင်း ၊ တောင်ယာတိုးချဲ့ခုတ်ယူခြင်း လုပ်ငန်းကို ယခုနှစ်ပိုင်းတွင်        တော်တော် များများပြုလုပ်လာကြသည်။

“လယ်မလုပ်နိုင်တော့တဲ့အတွက်ကြောင့် တောင်ယာကို ပိုခုတ်လာကြတယ်။ တောင်ယာပိုခုတ်လာတော့ ကျွန်တော်တို့ဆီမှာ တောင်ယာခုတ်တဲ့ ပြဿနာက၊ ကျွန်တော်တို့ဆီမှာ မြေရှိတယ်၊ ဒါပေမဲ့ အပင်မကောင်းဘူး၊ အပင်မကောင်းတဲ့အခါကျတော့     အခြားနေရာသွားခုတ်တယ်၊” ဟု ဒီးမော့ဆိုမြို့နယ် ဟန်လီကျေးရွာမှ ဦးတိုးအီက ၎င်းတို့ နှစ်စဉ်တောင်ယာပိုပို ခုတ်နေရမှု အကြောင်းကို ပြောသွားသည်။

လွန်ခဲ့သည့် ၂၀၁၅ခုနှစ် ဩဂုတ်လတွင်းတွင် မိုးအကြီးအကျယ်ရွာချသောကြောင့် တောင်ပေါ်ဒေသတွင် လယ်ယာမြေများ ရေလွှမ်းမိုးခြင်းကို ခံစားခဲ့ကြရသည်။

မိုးရွာသွန်းမှုများသောကြောင့် တောင်ပြိုခြင်း ၊ သစ်ပင်ကျိုးကျခြင်း စသည်တို့ကြောင့် လယ်တွင်းသို့ သဲများဝင်ရောက်လာခြင်း သစ်မြစ်များဝင်ရောက်လာခြင်း စသည့်သဘာဝဘေးကြောင့်လည်း လယ်ယာလုပ်ငန်းကနေ တောင်ယာအဖြစ်သို့ ပြောင်းလဲလာခြင်းဖြစ်သည်။

သဲတုံးများ၊ ကျောက်တုံးများနှင့် သစ်မြစ်များ အများအပြားဝင်ရောက်လာမှုကြောင့် လယ်သမားများ စပါးမရိတ်နိုင်တော့ပါ။     လယ်မြေ   များကိုလည်း ပြန်လည်တူးဖော်ရန်မှာ ခက်ခဲနေကြောင်း တောင်သူဦးတိုးအီက ပြောပြသည်။

လယ်သမားများ လယ်မဖော်နိုင်တော့သောကြောင့် တောင်ယာများကိုသာ တိုးခုတ်လာကြခြင်းတို့ကြောင်း ၎င်းတို့ပတ်ဝန်းကျင်တွင် သစ်တောပြုန်းတီးမှုများ ပိုများလာခဲ့ရသည်ဟု ဆိုပါသည်။

၎င်းကျေးရွာတို့မှာ ဒီးမော့ဆိုမြို့နယ်ရှိ ဟန်လီကျေးရွာ၊ ဖရူးခေါ၊ ဒေါရောက်ခူ၊ ဘာဒို၊ ဒေါဝယ်ကူး၊ ခူးဘာတို၊ ခူးပရာ၊ လေမအန်းခူ၊ ဆီဆောင် စသည့်ကျေးရွာများအပြင် တောင်ပေါ်ရှိကျေးရွာတို့ဖြစ်ကြာသည်။

လက်ရှိ ကယားပြည်နယ်တွင် ပြည်ထောင်စုအစိုးရမှ သစ်မခုတ်ရဟူသည့် စီမံချက်ကိုထုတ်ပြန်ထားခဲ့သည်ဟု ကယားပြည်  နယ်လွှတ်တော် ဥက္ကဌဦးလှထွေးက ပြောထားသည်။

“သူက တရားဝင်စပြီးနေပြီ။တရားဝင်ဆိုတာက အပေါ်ကနေလာတာ ။ အစိုမခုတ်ရဘူးလေ။ အစိုလုံးဝပေးမခုတ်ဘူး။ အမိန့်ထွက်ပြီးပြီ။ ဒါပေမဲ့ ဦးတို့လွှတ်တော်ကို မလာဘူး။ ဦးတို့လွှတ်တော်က အခုလိုမျိုး ကြားစကားနဲ့ပဲ ကြားထားတာ” ဟု ပြော သည်။

ကယားပြည်နယ်၏ ဧရိယာသည် ၂၈သိန်း ဧကရှိပြီး၊ သစ်တောဖုံးလွှမ်းမှု ဧကမှာ ၁ဝသိန်းရှိသည်။ သစ်တောဥပဒေ၊ နည်း     ဥပဒေအရသတ်မှတ်ထားသည့် ကြိုးဝိုင်းမှာ ၅ ခုရှိပြီး ဧက ၁သိန်းကျော်ရှိကြောင်း ကယားပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။
၂၀၁၅ခုနှစ် ဩဂုတ်လတွင် ကယားပြည်နယ်တွင် မိုးလေဝသမမှန်ခြင်း၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ကယားပြည်နယ် တွင်မူ လယ်စိုက်စရာရေမရှိခြင်း၊ လယ်များပက်ကြားအက်ခြင်း စသည်တို့ကြုံတွေ့နေရပါသည်။

“အရင်တုန်းကဆိုရင် ကယားပြည်နယ်က အေးတဲ့နေရာပေါ့နော်။ အခုတော့ အရမ်းကိုပူလာတယ်ပေါ့။ ဒါတွေက သဘာဝ    ပတ်ဝန်းကျင်ကြောင့် ပျက်စီးလို့သာ ဒီလိုဖြစ်လာရတာပေါ့နော။” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီမှ ကျန်းမာရေးဝန်ကြီး ခူးဒယ်နီယယ်က ပြောသည်။

တောင်ယာကို စနစ်တကျ စိုက်ပျိုးသည့်နေရာတွင် မြေဆီလွှာများကို ကွန်တိုနည်းစနစ်များဖြင့် မြေဖို့ပြီးစိုက်ပျိုးခြင်း၊ ရာသီသီးနှံတစ်ခု စိုက်ပျိုးပြီးပါက အကြားတွင် နှစ်ရှည်ပင်စိုက်ပျိုးခြင်းတို့ဖြင့်လည်း မြေဆီလွှာများနှင့် သစ်တောသစ်ပင်များကို       ထိန်းသိမ်းနိုင်ပါသည်ဟု ဒေသဖွံ့ဖြိုးရေးကွန်ယက်မှ တာဝန်ခံဒါရိုက်တာ ဦးလီးရယ်အန်းဂျေလိုက ပြောသည်။

“အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ ခုတ်ပြီးတော့ ဒီအတိုင်းချန်ထားမယ်ဆိုရင်တော့ သစ်ပင်ကြီးတာလောက် မထိန်းနိုင်ပဲနဲ့ ထပ်ထပ်ခုတ်ရ  မယ်ဆိုလို့ ရှိရင်သက်ရင့်တဲ့ တောတွေမရှိပဲနဲ့ သက်နုတဲ့တောတွေပဲ ဖြစ်လာတဲ့အတွက် ဒီရာသီဥတုလည်း ဖောက်ပြန်စေတယ်၊ ပြီးတော့ ကျွန်တော်တို့ ရေထွက်ပေါက်တွေကို သွားပေးတဲ့ နေရာမှာလည်း အားနည်းတယ်ပေါ့” ဟု ဦးလိရယ်အန်းဂျေလိုက ပြောပါသည်။

 ယခင်က ကယား(ကရင်နီ)ပြည်နယ် ကယောဒေသနှင့် အနောက်ကယန်းဒေသတို့တွင် သစ်တောများ ထူထပ်များပြား          နေသေးသည်။ ၎င်းတို့တောင်ယာခုတ်လျှင် တစ်တောင်လုံးကို တောမီးရှို့ပြီး ခုတ်ကြသည်။ သစ်ပင်ကြီးများကိုပါ မီးရှို့ပြီး        တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ သစ်မြစ်များကို စက်ယန္တယားကြီးနှင့် လည်ပတ်ကာသစ်မြစ်ကို တူးယူ  ဖော်ထုတ်ကြသည်။ ဤအချက်သည် မြေဆီလွှာ ရေတိုက်စားခြင်းကို ပိုမိုဖြစ်ပေါ်စေသည် ဟု ဦးလီးရယ်အန်းဂျေလိုက ပြောသည်။

တောင်ယာတွေကို ခုတ်ခြင်းအားဖြင့်လည်း ရေထွက်ပေါက်ကို အားနည်းစေပါသည်။ တောထဲရှိ ရေထွက်ပေါက်နှင့်          နီးသည့်နေရာတွင် တောင်ယာခုတ်သည့်အတွက်ကြောင့် အစိုဓာတ်ကိုထိန်းပေးနိုင်မည့် သစ်ပင်ကြီးများ မရှိတော့သည့်      အတွက်ကြောင့် ရေထွက်နည်းလာရခြင်းလည်းဖြစ်ပေါ်စေ ပါသည်။

ငွေတောင်ဆည်ရေကန်၏ ရေထွက်ပေါက်တခုဖြစ်သည့် နမ့်စံဖူးရေထွက်ပေါက်သည်လည်း ၂၀၀ဝပြည့်နှစ်နောက်ပိုင်းတွင် သိသိသာသာရေထွက်နည်းလာပြီး ငွေတောင်ဆည်အတွင်းဝင်လာသည့် ရေလည်း နည်းလာပါသည်။

ထို့ကြောင့် တောင်သူများသည် ရေဝေရေလဲတောရှိသည့် ဒေသတို့တွင် တောင်ယာမခုတ်ဖို့ရန် အရေးကြီးကြောင်း သစ်မခုတ်သင့်ကြောင်းကို စနစ်ကျသည့် တောင်ယာစိုက်ခင်း နည်းပညာလိုအပ်ကြောင်း ဦးလိရယ်အန်းဂျေလိုက အကြံပြုပြောဆိုသွားသည်။

Comments

comments

Next Post

ဖရူဆိုမြို့နယ်အတွင်း ရေရရှိရေး စီမံကိန်းအများဆုံးလိုအပ်

Sat Jul 30 , 2016
မူအက်စတာ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတို့မှာ ရေရရှိရေးစီမံကိန်းများကိုသာ အများဆုံးလိုအပ်နေကြသည်ဟု လူထုဗဟိုပြုစီမံကိန်း (CDD)ပရောဂျက် နည်း       ပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ကိုကျော်စွာက ပြောသည်။ “ရေရှားလို့ အယ်နီညိုရာသီဥတုဖြစ်ပေါ်လို့ ရေခမ်းကုန်တာ” ဟု ကိုကျော်စွာက ပြောသည်။ လူထုလိုအပ်ချက်များအတွက် ပြုလုပ်ပေးသည့် လူထုဗဟိုပြုစီမံကိန်းတွင် ဖရူဆိုမြို့နယ်အတွင်း ရေရရှိရေးမှာ အရေးကြီးဆုံး ကဏ္ဍ ဖြစ်လာခဲ့ပြီး စီမံကိန်းတွင်ပါဝင်နေသည့် လုပ်ငန်းပေါင်း ၆၄ ခုထဲမှ မဖြစ်မနေလုပ်ဆောင်သွားရမည့် အစိတ်အပိုင်း    လည်း ဖြစ်လာခဲ့သည်။လုပ်ဆောင်ခဲ့ပြီးသည့် စီမံကိန်းများကိုလည်း စောင့်ကြည့်လျှက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းသည့်အပိုင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဖရူဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်စီမံကိန်း […]