လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ပါတ်သက်ပြီး KNPP မှ ထုတ်ပြန်ကြေငြာချက်

0
794

ကရင်နီအမျိူးသားတိုးတက်ရေးပါတီမှ တပ်မတော်အနေ‌နဲ့ နိုင်ငံ့တာဝန်ရှိခေါင်းဆောင်များ နဲ့ ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်နေသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းယူတာဟာ အခြေခံဥပဒေ ပြဌာန်းချက်တွေကို လိုသလို အဓိပ္ပါယ်ဖွင့်ဆို ဆောင်ရွက်လိုက်တာဖြစ်တဲ့အတွက် ကန့်ကွက်ကြောင်း ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ် ကိုအခြေခံ၍ ဖြစ်ပေါ်လာတဲ့ အကျပ်အတည်း ပြဿနာတွေကို လက်ရှိအာဏာရအစိုးနဲ့ တပ်မတော် တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာ ရမည် ဖြစ်ကြောင်း ပါရှိပါတယ်။

အနာဂတ်ဖယ်ဒရယ် တည်ဆောက်ရေးကို ရှေးရှုတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် အမြန်ဆုံး ပြန်လည်ပေါ်ထွန်းစေဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။