spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်တွေမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်နေဆဲ

Author

Date

Category

အန်ထော်နီ

ကယား(ကရင်နီ) ပြည်နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကလိုအပ်ချက်တွေရှိသေးတယ်လို့ မော်ချီးဒေသ ပပွာကလူ လူမှု ဖွံ့ဖြိုးရေးအသင်းက ဒေါ်မာကရက်စိန်က ပြောပါတယ်။

“ ကျေးလက်ဒေသမှာဆိုရင်တော လမ်းပန်းဆက်သွယ်ရေးအခက်အခဲဆေတွေရှိမယ်။ နောက်ပြီးတော့ ဝန်ထမ်းအင်အားတွေရှိနေပေမယ့် ဝန်းထမ်းသွားရမယ့် ခရီးမှာလှုံခြုံရေးတွေလိုအပ်တယ်။ အဲ့တာကြောင့်မို့အမျိုးသမီးကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကာကွယ်ဆေး ပြည့်ပြည့်ဝဝ ထိုးပေးနိုင်ဖို့အတွက် လိုအပ်ချက်တွေရှိနေတယ်လို့ကျမမြင်တယ်ပေါနော။” လို့ မော်ချီးဒေသ ပပွာကလူ လူမှုဖွံဖြိုးရေးအသင်း က ဒေါ်မာကရက်စိန်ကပြောပါတယ်။

ဖရူဆိုမြို့နယ် ဒေါခူလီ၊ လောပလျားလဲရွာရှိ အမျိုးသမီးနှင့် မိခင် တို့ ၎င်းတို့ရဲ့ အခက်အခဲများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ကျေးလက်နေ လူဦးရေ ၇၅ ရာခိုင်နှုန်းရှိတဲ့ ကယားပြည်နယ်မှာ အစိုးရဆီက ကျန်းမာရေး ဝန်ဆောင်မှု ကို ကျေးလက်ဒေသတွေမှာ အပြည့်အဝ မရှိဘူးလို့ ဒေါ်မာကရက်စိန်ကပြောပါတယ်။

အစိုးရဖက်ကတော့ လာမယ့် ၂၀၃၀ မှာ ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့်လျောက်မှု ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိင်ငံဆရာဝန်အသင်း ကယားပြည်နယ် တွဲဖက်အတွင်းရေးမှုုး / အထွေထွေရောဂါကုဆရာဝန် ဒေါင်တာ ပြည့်ဖြိုးကျော် ကပြောပါတယ်။

“ ဒီ ၂၀၂၁ ခုနှစ်မှာတော့ အခြေခံကျန်းမာရေးစောက်ရှောက်မှုစနစ်ကို လူတိုင်းရရမယ်လို့ပစ်မှတ်ထားတယ်ပေါနော်။ ၂၀၂၆ ရောက်ရင်တော့ အခြေခံထက်ပိုတဲ့ ကျန်းမာရေးစောက်ရှောက်မှုကိုရရမယ်ပေါနော်။ အဲ့တာက အလယ်လတ်အဆင့်လို့ပြောလို့ရတယ်ပေါနော်။ ၂၀၃၀ ရေက်ရင်တော့ ပြီးပြည့်စုံတဲ့ ကျန်းမာရေးဝန်ဆောင်မှုကို ပေးနိုင်ရမယ်ပေါနော်။ အဲ့လိုတစ်ဆင့်ချင်းသွားနေတာကိုတော့ ကျနော်တို့တွေ့ရတယ်ပေါနော်” လို့ မြန်မာနိင်ငံဆရာဝန်အသင်း ကယားပြည်နယ် တွဲဖက်အတွင်းရေးမှုုး / အထွေထွေရောဂါကုဆရာဝန် ဒေါင်တာ ပြည့်ဖြိုးကျော် ကပြောပါတယ်။

၂၀၁၄ သန်းခေါင်စရင်းအရ ကယား(ကရင်နီ) ပြည်နယ်မှာ လူဦးရေ နှစ်သိန်းရှစ်သောင်းကျော်ရှိတဲ့ အထဲက တဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နိုင်ခြေရှိတဲ့ အမျိုးသမီး အရေအတွက်ကတော့ ၇၂၀၀၀ လောက်ရှိတယ်လို့ သန်ခေါင်းစာရင်းအရသိရပါတယ်။

spot_img
spot_img

Recent posts