spot_imgspot_imgspot_imgspot_img
Friday, December 6, 2024
spot_imgspot_imgspot_imgspot_img

လိုဘာခိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

မူအက်စတာ

နှစ်စဉ်နှစ်တိုင်း ကယား(ကရင်နီ) ပြည်နယ်အတွင်းက ဘိန်ခင်းနေရာတွေကို ရဲတပ်ဖွဲ့ တွေကနေ သွားရောက် ဖျက်ဆီးလေ့ရှိပါတယ်။ ဒီးမော့မြို့နယ် လိုဘာခိုကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဘိန်းခင်းတွေကို အောက်တိုဘာ ၂၂ ရက်နေ့က ဒေသခံရဲတပ်ဖွဲ့တွေက သွားရောက်ဖျက်ဆီးခဲ့ပါတယ်။

လိုဘာခို အုပ်စုက ရွာသူရွာသားတွေ ၁၉၉၅ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုလာကြတာဖြစ်ပါတယ်။ အဓိက စိုက်ပျိုးရေးဖြစ်တဲ့ ဘိန်းခင်ဖျက်တာနဲ့ပါတ်သက်ပြီး အုပ်စုအုပ်ချုပ်ရေးမှူး ဦးဟင်နရီကို သူတို့ ဘာကြောင့် ဘိန်းစိုက်ပျိုးကြတယ်၊ ဘာတွေအခက်ခဲရှိလဲ ဆိုတာတွေကို တွေ့ဆုံမေးမြန်းပြီး ကောက်နုတ်တင်ပြလိုက်ပါတယ်။

မေး။ ။ ဦးတို့ အခုလို နိုင်ငံတော်ကနေပြီးတော့ ဦးတို့စိုက်ပျိုးထားတဲ့ ဘိန်းတွေကို လာရောက်ဖျက်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ။ ။ အစကတည်းကလည်း ဘိန်းနဲ့ပတ်သက်ရင်တော့ ကျနော်ကတော့ မစိုက်ခိုင်းဘူးပေါ့နော။ မစိုက်ရင်ပိုကောင်းတယ် ဘာလို့လဲဆိုရင် တို့ မြန်မာနိုင်ငံမှာရော ကမာ္ဘ့ရော ဥပဒေနှင့်မကင်းကြောင်း နောက်
ခင်ဗျားတို့စိုက်ရင်လည်း သူများတော့ မုချလာဖျက်လိမ့်မယ်။ ဒါပေမယ့် ပြည်သူလူထုတွေကလည်း သူတို့ကို ပြန်ကြည့်ပြန်ရင်လည်း လယ်မရှိ၊ လုပ်တဲ့လုပ်ငန်းမှာလည်း အလုပ်လက်မဲ့တွေ များနေတယ်။ ဘာလို့လဲဆိုရင်တော့ သူတို့တွေက တစ်နှစ်ပတ်လုံးမှာမှ အလုပ်လုပ်ရတဲ့ချိန်တွေက မတ်၊ဧပြီပဲ။ အဲ့ဒီအချိန်က ရှမ်းပြည်မှာ လွှသွားဆွဲတာကော။ ဝမ်းစာအတွက် လွှသွားဆွဲတယ်၊ လွှသွားတိုက်တယ်။ နောက် ဒီအချိန်က သူတို့ လျှော့တော့ လျှော့ချပါတယ်။ အရင်နှစ်ထက်စာရင်တော့ပေါ့ ။ အရင်နှစ်ကတော်တော်များတယ်။ နောက်တော့ လျှော့လျှော့ချရင်းနဲ့ ဒီတစ်နှစ်တော့ ပြောင်းဖူးလုပ်တယ်။ ဒီတစ်နှစ်ကတော့နည်းနည်းပဲ လုပ်တော့တယ်။

မေး။ ။ အခုလို စိုက်ပျိုးရေးအပိုင်းမှာ ဘိန်းကို ဆက်စိုက်ခွင့် မပြုတော့ဘူးဆိုရင် သူတို့ရဲ့ မိသားစု စားဝတ်နေရေးတွေဘယ်လိုအခြေအနေဖြစ်သွားနိုင်လဲ။

ဖြေ။ ။ ပညာရေး၊ ကျန်းမာရေး စားဝတ်နေရေးတွေမှာ အကုန်လုံးထိခိုက်သွားမယ်။
နောက်ပြီး မြန်မာနိုင်ငံရဲ့ အထူးသဖြင့် အနောက်ပဒေါင်ဘက်ဆိုရင် ရေရှားတယ်။ လယ်မရှိကြဘူး၊ ဥပမာ ကျနော်တို့ အုပ်စုမှာဆိုလို့ရှိရင် အိမ်ခြေပေါင်း ၄၀ဝလောက်ရှိတယ်။ မြေဧကပေါင်းက ၁၀ဝကျော်လောက်ပဲရှိတယ်။ အထူးသဖြင့် ဆောင်ဒူကျေးရွာမှာဆိုရင် အိမ်ခြေ ၁၅၄အိမ်ရှိတယ်။ လယ်ရှိတဲ့အိမ်က ၅ဝ လောက်ပဲရှိတယ်။ ၁၀ဝက လုံးဝလယ်မရှိဘူး။
နောက်ထပ် ဒီလယ်ရှိတဲ့ ၅ဝ ထဲမှာမှ တစ်နှစ်လုံး ဆန်မဝယ်လိုဘူး၊ ဖူလုံတယ်ဆိုရင် ၁ဝ အိမ်လောက်ပဲရှိတယ်။ ဒါကြောင့်မို့လို့ သူတို့တစ်ဖက်တစ်လှမ်းနဲ့ ဖြတ်လမ်း(ဘိန်းစိုက်ပျိုးခြင်းကိုဆိုလိုသည်)နဲ့လို့ ပြောရမလား၊ သူတို့လုပ်ရတာလည်း တော်တော်လက်ဝင်တယ်။ သူတို့က သယ်ယူစားရိတ်မှာ တအားလွယ်တယ်လေး။
လမ်းပန်းဆက်သွယ်ရေး မကောင်းလို့။ ဒါကြောင့်နိုင်ငံတော်က ကျနော်တို့ တောင်ယာတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းအောင်လုပ်ပေးမယ်ဆိုရင် တခြား အာလူးတို့ ၊ ပြောင်းဖူးတို့ ပြောင်းစိုက်လို့ရတယ်. ဒါပေမယ့် သူတို့က
သယ်စားရိတ် တအားကုန်တယ်။

မေး။ ။ အခုက စားဝတ်နေရေးအတွက် အဓိကလုပ်ကိုင်နေတာက ဘိန်းခင်းစိုက်တာလို့
ပြောလို့ရမယ်ပေါ့နော။

ဖြေ။ ။ ဟုတ်။ အခုကတော့ အကုန်စိုက်တယ်၊ ပြောင်းဖူးစိုက်တယ်၊ အာလူးစိုက်တယ် ဒါပေမယ့် ပြောင်းဖူးကတော့ ဈေးမကောင်းဘူး၊ အာလူးကျတော့ ပိုးကျတယ်။ ဒါပေမယ့် ဈေးကောင်းတယ် ဥမဥဘူး၊ ဒီတစ်နှစ် ဘာဖြစ်လဲမသိဘူး၊ နောက် ဘိန်းလည်း သူတို့လုပ်ကြတာပဲ။ အောင်တဲ့သူတွေလည်း ရှိတယ်
တစ်ချို့တွေက အပင်တစ်ထွာလောက် တက်ပြီးမှ ခြောက်သွားတာတွေလည်း ရှိတယ်။

မေး။ ။ အဲ့လိုဆိုရင် လွန်ခဲ့တဲ့ ၅နှစ်တုန်းကဆိုရင် အိမ်တိုင်းလိုလိုဘိန်းစိုက်တယ်လို့ ပြောလို့ရမလား။

ဖြေ။ ။ အင် … လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်တုန်းကပေါ့နော။ စိုက်ကောင်းတာ ပထမ ၁နှစ် ၂နှစ်မှာ မစိုက်တတ်လို့၊ မသိမ်းတတ်လို့ ဆုံးရှုံးတာပဲ၊ နောက် သုံး လေးနှစ်ရောက်တဲ့အခါမှာဆိုရင် ရွာတစ်ဝက်လောက်ပဲ စိုက်တော့တယ်။ နောက် ၅နှစ် ၆နှစ်လောက်ရောက်တဲ့အခါမှာ အိမ် ၅ဝလောက်ပဲစိုက်တော့တယ်၊ နောက်
ဒီတစ်နှစ်တော့ နှစ်ဆယ်၊ သုံးဆယ်လောက်ပဲစိုက်တော့တယ်၊ သူတို့တအားလျှော့လာပြီ။ အရင်တုန်းက တစ်ခင်းလုံးကို ဘိန်းစိုက်တယ်၊အခုကျတော့ ပြောင်းဖူး၊ ပြောင်းကောက်တွေနဲ့ ရောနှောပြီး
စိုက်ပျိုးလာတာတွေရှိတယ်။ ဒါပေမယ့် ဒီအသီးအနှံတွေ ဈေးမကောင်းလို့ပါ၊ အခြားပြောင်းဖူးတွေ ဈေးပုံမှန်ရှိလာရင်တော့ သူတို့ဘိန်းမစိုက်တော့ဘူး။

မေး။ ။ ဦးတို့ကျေးရွာမှာ စို်က်လို့ရမယ့် အခြားသီးနှံတွေကို အစိုးရက
ချပေးမယ်ဆိုလို့ရှိရင် ဦးတို့ကျေးရွာမှာ ဘိန်းစိုက်ပျိုးတာ လျော့ကျပြီး
ပျောက်သွားနိုင်မလား။

ဖြေ။ ။ စိုက်လို့မရတာ ကျနော်မပြောဘူးနော၊အကုန် စိုက်လို့ရတယ် ဒါပေမယ့် အသီးအောင်တာ မအောင်တာတစ်ခုပဲ။ ဈေးကွက်ကိုလည်းရှာပေးရမယ်၊ ဈေးကွက်တည်တဲ့သီးနှံမျိုး၊ ဈေးကွက်ကောင်းတဲ့
သီးနှံမျိုးရှာပေးနိုင်ရင်တော့ ဘိန်းဆိုတာ စိုက်ချင်မယ့်သူမရှိတော့ပါဘူး။

မေး။ ။ တချို့မိဘတွေ ဒီဘိန်းစိုက်တာနဲ့ ကလေးကျောင်းထားပေးတာတွေ ရှိလား။

ဖြေ။ ။ အေ ရှိတာပေါ့၊ ဒါနဲ့ပဲ ကလေးတွေကျောင်းထားပေးကြတယ်လေး။ ကျနော်တို့ ခေတ်တုန်းက ဘာကြောင့် ပညာမတတ်လဲ၊ ဘွဲ့မရလည်းဆိုရင် မိသားစုတစ်ခုမှာဆိုရင် လုပ်ကျွေးတာ အမေတစ်ယောက်ပဲ။ အဖေကတော့ ကင်းစောင့်ရတယ်၊ ဓာတ်တိုင် မဟာဓာတ်အားလိုင်းတွေ စောင့်ရတယ်။
အမေတစ်ယောက်တည်း သားသမီးတွေကို ရှာကျွေးရတယ် မနိုင်ဘူးပေါ့နော၊ နောက် အခုက ၉ဝ ခုကျော်မှ။ ကျနော်တို့ခေတ်တုန်းက ကျောင်းနေတဲ့သူတွေရှားတယ်။ နောက်ပိုင်းမှာ သူတို့စိုက်လို့ အိမ်မှာ သွပ်မိုးတွေ
အကုန်မိုးနိုင်သွားတယ်။ ဒီစီးပွားရေးက သူတို့ကို အကျိုးနည်းနည်းပေါ်ထွန်းလာတယ်ပေါ့၊ နောက်ပြီး ပညာရေးမှာလည်း အနည်းဆုံး မူလတန်းအောင်၊ ရေးတတ်ဖတ်တတ်ထိ အဲ့လိုမျိုးရောက်တယ်။

မေး။ ။ ဒါဆိုရင် ဒီဒေသရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးအပိုင်းတွေက ဘိန်းစိုက်ပျိုးရေးကြောင့် အောင်မြင်ဖြစ်ထွန်းလာတာလို့ ပြောလို့ရမလား။

ဖြေ။ ။ လတိန်တို့ လအိတို့ဖက်မှာဆိုရင် သူတို့ဒေါက်တာဘွဲ့တို့ဘာတို့ရလာတယ် ဆိုတဲ့ဟာကို ကျနော်တို့က အတုမြင် အတတ်သင်ပြီး လိုက်တုတာပါ အဲ့လို။

မေး။ ။ ဒီရွာမှာကော အဓိက ဘာတွေလိုအပ်နေသေးလဲ။

ဖြေ။ ။ ကျနော်တို့ရွာမှာ ဖွံ့ဖြိုးရေးအပိုင်းတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်၊ ပြီးတော့ ကျေးရွာမီးလင်းဖို့လိုမယ်၊ မီးကတော့ရောက်ပြီ ဒါပေမယ့် အကုန်မရောက်သေးဘူး၊ နောက်ကျောင်းတွေလည်း လိုသေးတယ်၊
ရေတွေလည်းလိုအပ်တယ်။ စာသင်ကျောင်းတွေလည်း လိုသေးတယ် အခန်းမလောက်ဘူး၊ ကလေးတွေအရမ်းများနေတယ်။ ကျောင်းသားဦးရေက ၂၀ဝကျော်ရှိတယ်။ ကျောင်းခန်းက ၅ခန်းရှိတယ်။ ဆရာမတော့ လုံလောက်တယ်၊

မေး။ ။ ဦးလေးအနေနဲ့ စားဝတ်နေရေးအတွက် နိုင်ငံတော်ကို တစ်ခုခုပြန်ပြာပြချင်တာ ရှိလား။

ဖြေ။ ။ ကျနော်တို့ ပြည်သူလူထုတွေအတွက်ဆိုရင် ကျနော်တစ်ယောက်အနေနဲ့ဆိုရင် ဘာကြောင့် ဖျက်လဲ ကျနော်မပြောဘူး၊ ဒါကြောင့် ဖျက်ရင်လည်း တို့ရဲ့ပြည်သူအတွက် ငတ်မွတ်ခေါင်းပါးမပေါ်ဖို့အတွက် ၊
ဝမ်းစာဖူလုံဖို့အတွက်ဆိုရင် ပြန်လည်စီစဉ်ပေးရန်ဆိုရင်တော့ အထူးမှာလိုတယ် အဲ့လိုပေါ့နော။
လိုဘာခို ကျေးရွာအုပ်စုအတွင်းမှာ ရွာ ငါးရွာရှိပြီး အိမ်ခြေ ၄၀ဝ ကျော်ရှိကြပါတယ်။ ဘိန်းကို အဓိက စီးပွားရေးအဖြစ်စိုက်ပျိုးကြပြီး သစ်တောထွက်ပစ္စည်းများရှာဖွေရောင်းချခြင်း ပွင့်လင်းရာသီများတွင် တခြားဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်ကြကြောင်းသိရသည်။

spot_img
spot_img

Recent posts