spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်သင်္ကြန်ပွဲတော်အတွက် သိန်း ၁ ထောင်ခန့် သုံးစွဲမည်

Author

Date

Category

နော်ဒွေးအယ်ခူ

သင်္ကြန်ပွဲတော်အတွက် ပြည်နယ်အစိုးရ၏ရန်ပုံငွေနှင့် ဆပ်ကော်မတီအသီးသီး၏ အသုံးစရိတ်အပါအဝင် ဘတ်ဂျက်ငွေ စုစုပေါင်း သိန်း ၁ ထောင်ခန့် သုံးစွဲထားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင် ကပြောသည်။

သင်္ကြန်ယိမ်းပြိုင်ပွဲများကိုလည်း သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြတ်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး သင်္ကြန်အတက်နေ့တွင် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကုန်ကျစရိတ်များကို ပြည်နယ်အစိုးရရန်ပုံငွေဖြင့် အဓိကကျခံကာ ပြည်နယ်လူမှုအသင်းအဖွဲ့များ၊ ဒေသတွင်း ကုမ္ပဏီများ၊ နာရေးကူညီမှုအသင်းအဖွဲ့များလည်း ထည့်ဝင်ကူညီထားသည်။

သင်္ကြန်ပွဲတော်ကာလအတွင်း လွိုင်ကော်မြို့ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်း၌ စတုဒီတာ နေ့စဉ်ကျွေးမွေးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက်သုံးဆောင်နိုင်ကြောင်း ပြည်နယ်အစိုးရက ကြေညာထားသည်။

ယခုနှစ်အတွက် လွိုင်ကော်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ ပြည်နယ်အစိုးရ၏ သင်္ကြန်ဗဟိုမဏ္ဍပ် အပါအဝင် ဒကစသင်္ကြန်မဏ္ဍပ်၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန သင်္ကြန်မဏ္ဍပ်၊ မိုင်းလုံး နှင့် ဒေါဥခူ သင်္ကြန်မဏ္ဍပ် အစရှိသည့် သင်္ကြန်မဏ္ဍပ်ကြီး ရ ခု ရှိမည်ဖြစ်သည်။။

သင်္ကြန်ပွဲတော်ကာလအတွင်းတွင် မှုခင်းဖြစ်ပွားနိုင်သောနေရာများနှင့် သင်္ကြန်မဏ္ဍပ် ရ နေရာတွင် ရဲတပ်ဖွဲ့၊ မီးတပ် ၊ ယာဉ်ထိန်းရဲများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများကို လုံခြုံရေးတာဝန်ချထားကြောင်း လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဖြည့်စွက်ပြောသည်။

spot_img
spot_img
spot_img

Recent posts