spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ့်ရေးရာကိစ္စရပ်များ ထုတ်ဖေါ်ပြသခဲ့သော လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော် ကျင်းပ 

Author

Date

Category

စိုင်​းလင်​းလင်​းဦး

ဩဂုတ်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော်တွင် လူငယ်အသီးသီးမှ ၎င်းတို့၏ လူမှုဘဝပုံစံအမျိုးမျိုးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ သတင်းစကားများကို သီချင်းအဖြစ် ထုတ်ဖေါ်ပြသခဲ့ကြသည်။

ကယားပြည်နယ်ရှိ လူငယ်အဖွဲ့အစည်းအသီးသီးရှိ လူငယ်များမှ စုပေါင်းကာ ကမကထပြုလုပ်သော အဆိုပါ လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော်တွင် လူငယ်များကိုယ်တိုင် ရေးစပ်သီးကုံးထားသော ကိုယ်ပိုင်သံစဉ်များဖြင့် လူငယ်များကိုယ်တိုင်ဝင်ရောက်ဆင်နွဲ သီဆိုခဲ့ကြခြင်း ဖြစ်သည်။

“ပြိုင်ပွဲလုပ်ရခြင်း ရည်ရွယ်ချက်က လူငယ်အချင်းချင်းကြားစည်းလုံးစေဖို့အတွက် ပြီးတော့မှ လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု လူငယ့်ရေးရာကိစ္စတွေမှာ လူငယ်တွေပူးပေါင်းပါဝင်မှု ပိုမိုမြင့်တင်ဖို့ရန်အတွက် ပေါ့နော အဲဒါကျမတို့ ရည်ရွယ်တယ်။ နောက်တခုက ငြိမ်းချမ်းရေးသတင်းစကား ကနေတဆင့် လူငယ်တွေအချင်းချင်းကြားမှာ ဖလှယ်နိုင်ဖို့အတွက် ဒီ ရည်ရွယ်ချက်နဲ့ ကျမတို့ ဒီ လူငယ်နှင့်ဂီတပွဲတော် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ရခြင်းဖြစ်ပါတယ်ပေါ့။” လူငယ်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော် ဖြစ်မြောက်ရေးကော်မတီ၏ အဖွဲ့ဝင် မူအက်ဂ္ဂနက်က ပြောသည်။

ပြည်နယ်အတွင်းရှိ ပုံစံမျိုးမျိုးတည်ရှိနေသော လူငယ်များ၏ အသံကို အနုပညာဖြင့် သွယ်ဝိုက်ကာ လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ထင်ဟပ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဂီတပွဲတော်၌ သီချင်းပြိုင်ပွဲအစီအစဉ်ကို တပါတည်း ထည့်သွင်းထားကာ လူငယ်များက ၎င်းတို့ ရေးသားထားသော သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါသီချင်း ပြိုင်ပွဲတွင် တစ်ကိုယ်တော်သီဆိုခြင်းနှင့် အဖွဲ့လိုက်သီဆိုရသော သီချင်းဟူ၍ နှစ်မျိုးခွဲခြားထားကြောင်း သိရသည်။

သီချင်းပုံစံအမျိုးအစားများကို ကန့်သတ်ထားခြင်းမရှိဘဲ လူငယ်နှင့် ငြိမ်းချမ်းရေးအကြောင်း ပုံဖေါ်ထားသော တေးသရုပ်ဖေါ်စာသားများ ပါဝင်ရမည်ဖြစ်ကာ ဒိုင်များမှ အကဲဖြတ်ကာ အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

“လက်ရှိလူငယ်တွေကတော့ အကုန်လုံးကတော့ သူ့နေရာနဲ့သူ သူ့ကဏ္ဍနဲ့သူတော့ သူ့ဟာသူ ကဏ္ဍ အလိုက် သူ့ဟာသူတာဝန်ယူကြတယ်။ ဒါပေမဲ့ မစုစည်းကြဘူး။ စည်းလုံးမှုတွေမရှိကြဘူး။ ဒါပေမဲ့ ဒီလိုမျိုးကျနော်တို့ စည်းလုံးဖို့ လိုအပ်တယ်။ လူငယ်တွေတစုတစည်းနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေလိုအပ်နေပါတယ်။ဒီပြိုင်ပွဲကတော့ လူငယ်တွေက အားလုံးအနုတပညာကိုချစ်တဲ့စိတ်နဲ့ အားလုံးဒီနေရာကို ရောက်လာတယ်ပေါ့နော။ အနုပညာကြောင့် စည်းလုံးလာတယ်ပေါ့နော။ ထိုနည်းလည်းကောင်းပဲ အနုပညာသာမကဘူး အခြားသောကဏ္ဍတွေမှာလည်း လူငယ်တွေစိတ်ဝင်စားတဲ့ဟာတွေနဲ့ ကျနော်တို့ လူငယ်တွေက လူငယ်တွေကိုစည်းရုံးရမယ်။ လူငယ်တွေက စည်းလုံးလာမယ်လို့ ကျနော်တို့မြင်တယ်ပေါ့နော။”ဟု ဂီတပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဖိလစ်က ပြောကြားသည်။

အုပ်စုလိုက်သီဆိုရသော သီချင်းနှင့် တစ်ဦးချင်ယှဉ်ပြိုင်သီဆိုသော တေးသီချင်းများကို ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများကို ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲဝင် တေးသီချင်းအားလုံးအနက် အကောင်းမွန်ဆုံး သီချင်းတစ်ပုဒ်ကို တေးရေးအထူးဆုအဖြစ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဂီတပွဲတော်သို့ လာရောက်ယှဉ်ပြိုင်ခဲ့သော လွိုင်ကော်မြို့နေ တက်သစ်စ ဟစ်ဟော့လူငယ်အဆိုတော် အေပိုင်ထက်က “လာဆိုတဲ့လူတွေက တယောက်ချင်းစီက မက်ဆေ့ တခုစီပေးသွားတယ်။ အရမ်းလည်းကောင်းတယ်ပေါ့နော။ သူတို့ဆိုချင်တာကို ဒီလိုပွဲမျိုးရှိတော့ သူတို့ဆိုချင်တာကို တခါထဲ အဲလိုမျိုးပေါ့။ ဖွင့်ချဆိုပြလိုက်တဲ့ သဘောမျိုးပေါ့။ လူရှေ့မှာပြလိုက်တဲ့ သဘောမျိုးပေါ့။ တော်တော်လေးကောင်းပါတယ်။”ဟု အေပိုင်ထက်က ပြောကြားလိုက်သည်။

spot_img
spot_img

Recent posts