spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လူငယ်ရေးရာ ဝန်ကြီးဌာန ထားရှိပေးရန် ကရင်နီလူငယ်များ တိုက်တွန်း

Author

Date

Category

မော်ဦးမြာ

ဝန်ကြီးဌာနများတွင် လူငယ်ရေးရာ ဝန်ကြီးဌာန ထားရှိပေးရန် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှာ တိုက်တွန်း တောင်းဆိုသွားမယ်လို့ ကရင်နီလူငယ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့မှာ (ကယား) ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ ကရင်နီလူမျိုးစု လူငယ်ထု တွေ့ဆုံပွဲကို လွိုင်ကော်မြို့နယ် ဝမ်ငေါ့ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး တွေ့ဆုံပွဲမှာ ဆွေးနွေးသွားခဲ့ပြီး သက်ဆိုင်ရာကိုလည်း တိုက်တွန်းသွားမယ်လို့ ကရင်နီပြည် လူမျိုးစု လူငယ် ဦးဆောင်ကော်မတီမှ ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ခူးရီးရယ်က ပြောပါတယ်။

ကရင်နီပြည် လူမျိုးစု လူငယ်ထု တွေ့ဆုံ နှီးနှောဖလှယ်ပွဲကို ကယား(ကရင်နီ) ပြည်နယ် ဝမ်ငေါ့ကျေးရွာမှာ မတ်လ ၁၆ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့စဉ်။ ဓါတ်ပုံ- မော်ဦးမြာ

“ တော်တော်များများက လူငယ်က အရေးကြီးတယ်လို့ပဲ ပြောဆိုကြတယ် သို့သော် ကျတော်တို့ ပြည်နယ်၊ ကျတော်တို့ နိုင်ငံမှာက လူငယ်အရေးကိစ္စနဲ့ ပတ်သက်လာလို့ တစ်ခုခု ပြောစရာ၊ ဆိုစရာ လိုလာပြီဆိုရင် ဘယ်သူ့ကို သွားပြီးတော့မှ တိုင်ကြားရမလဲ ဘယ်သူနဲ့ သွားပြီးတော့မှ ညှိနှိုင်းရမလဲဆိုတဲ့ ဥစ္စာက ရှိမနေဘူး ဖြစ်နေတယ်။”လို့ သူက ပြောပါတယ်။

အစိုးရအဖွဲ့တွေမှာ လူငယ်နဲ့ သက်ဆိုင်တဲ့ ဌာန မရှိသေးတဲ့အတွက် လူငယ်များ အရေးကိစ္စကြုံလာရင် တိုင်ကြားနိုင်ဖို့နဲ့ ဖြေရှင်းပေးဖို့အပြင် တိုင်းပြည်ရဲ့ အနာဂါတ်ဖြစ်တဲ့ လူငယ်တွေကို ဦးဆောင်ဦးရွက်သွားနိုင်မဲ့ ဝန်ကြီးဌာနလိုအပ်တယ်လို့ ခူးရီးရယ်က ပြောပါတယ်။

“ ကျတော်တို့သာ ကယားပြည်နယ်အစိုးရ အဖွဲ့ထဲမှာပေါ့နော နှစ်ပါတီသာလျှင် အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့ရင် ဝန်ကြီးချုပ်တွေ နေရာတွေမှာ ရခဲ့ရင်တော့ ခုနက ပြောတဲ့ လူငယ်ရေးရာ ဝန်ကြီးကတော့ structure ထဲမှာ မရှိသော်ငြားလည်း လူငယ်ရေးရာ ကိစ္စတွေကို အကောင်အထည်ဖော်နိုင်တဲ့ ကျစ်လစ်တဲ့ ကော်မတီရယ်၊ ဘတ်ဂျက်ရယ်က သေချာပေါက်ပေါ့နော ချကိုချပေးရမှာဖြစ်တယ်။” လို့ လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဠ ခွန်းဘီထူးက ပြောပါတယ်။

“ သူများနိုင်ငံတကာနဲ့ယှဉ်ရင်တော့ ကျတော်တို့ မဖြစ်မနေ တောင်းရမဲ့အချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျတော်တို့ မြန်မာနိုင်ငံရဲ့ အနာဂါတ်သည် ကျတော်တို့ လူငယ်များရဲ့ လက်ထဲမှာ ရှိတယ်။ ဆိုတော့ ဘယ်အစိုးရ ဝန်ကြီးဌာနတွေမှာပဲ ဖြစ်ဖြစ် ကျတော်တို့ လူငယ်ဆိုတဲ့ အခန်းကဏ္ဍလေးကို တစ်စိတ်တစ်ဒေသကနေ ပံ့ပိုးကူညီမှု၊ အထောက်အပံ့ တော်တော်များများ ရရှိလာနိုင်ဖို့အတွက်ဆိုပြီးတော့ ကျတော်တို့ လူငယ်ရေးရာ ဝန်ကြီးကို ဖွဲ့စည်းထားဖို့ရန် တောင်းဆိုရခြင်းဖြစ်တယ်ပေါ့နော။”လို့ ယင်းတလဲ လူမျိုးစုမှ လူငယ်တစ်ဦးဖြစ်သူ ကိုရွှေမိုးက ပြောပါတယ်။

ကရင်နီပြည် လူမျိုးစု လူငယ်ထု တွေ့ဆုံ နှီးနှောဖလှယ်ပွဲကို ကယား(ကရင်နီ) ပြည်နယ် ဝမ်ငေါ့ကျေးရွာမှာ မတ်လ ၁၆ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို ကရင်နီပြည်အတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုများဖြစ်တဲ့ ကယား၊ ကယန်း၊ ကယော၊ ကော်ယော်(မိုနူမိုနော)၊ ယင်းတလဲ၊ ကရင်၊ ကရင်နီဒုက္ခသည်စခန်းမှ ကရင်နီလူငယ်များ စတဲ့ လူမျိုးစုတွေ ၃ ရာခန့် တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အဓိက အချက်များဖြစ်တဲ့ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် နိုင်ငံရေး စတဲ့ အချက်တွေကို ဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ကရင်နီပြည် လူမျိုးစု လူငယ် ဦးဆောင်ကော်မတီကို ၂၁ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပါတယ်။

spot_img
spot_img

Recent posts