လျှပ်စစ်ဓါတ်အားထုတ်ပေမယ့် ကျေးလက်နေသူတွေခံစားခွင့်မရနိုင်ကြသေး

0
548

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုမိုစော အုပ်စုမှာရှိတဲ့ ခါးဘယ်ကျေးရွာကို ရောက်ဖို့ဆိုရင် ဖရူဆိုမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ သုံးနာရီကြာစီးရပါတယ်။

ခါးဘယ်ရွာကတော့ လမ်းမနဲ့နီးတဲ့အတွက် ဒိုမိုစောအုပ်စုထဲက တခြားရွာတွေထက် အခုကမီးရရှိနေပါပြီ။ အုပ်စုထဲကရွာ ၇ရွာ ရှိတဲ့အထဲ ခါးဘယ်ရွာက ပထမဆုံးမီးရရှိတဲ့ရွာပါ။

ဒိုမိုစောအုပ်စုက ကျေးရွာ (၇)ရွာရှိပြီး ခါးဘယ်ရွာနဲ့ ဒိုမိုစော နှစ်ရွာသာ လျှပ်စစ်မီးသွယ်တန်းထားသေးတာဖြစ်ပါတယ်။

ဒိုမိုစောရွာကတော့ မီတာဘောက် မလျောက်ကြသေးတဲ့အတွက် မီးမရသေးဘူးလို့ သိရပါတယ်။

ခါးဘယ်ကျေးရွာကတော့ အိမ်ခြေ (၈၀) လောက်ရှိပြီး မီးရရှိရေးပိုင်းမှာတော့ အားလုံးနီးပါးရရှိနေပေမယ့် မီတာဘောက်မရသေးတာ ၄ အိမ်လောက် ကျန်နေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၁၈ခုနှစ်ကစပြီး မီးသွယ်တန်းပေးခဲ့တဲ့ ရွာအတွက် လျှပ်စစ်မီးသွယ်တန်းမှုတွေမှာ တိုးချဲ့ဆောင်ရွက်တာတွေက တချို့ မပြီးပြတ်တာတွေရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။