spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲကို ဖေဖော်ဝါရီလကုန် (သို့) မတ်လ အစောပိုင်းတွင်ပြုလုပ်မည်

Author

Date

Category

ထျိုးမြာ
(၁၈)ကြိမ်မြောက်လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင် ပေးအပ်ပွဲကို ၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလကုန် (သို့မဟုတ်) မတ်လ,လဆန်းလောက်တွင် ကျင်းပမည်ဖြစ်သည်ဟု လွိုင်ကော်တက္ကသိုလ်မော်ကွန်းထိန်း ဦးမြင့်ဗိုလ်က ကန္တရဝတီတိုင်း(မ်)သို့ပြောသည်။
“ခန့်မှန်းထားတာက နှစ်လပိုင်းလကုန်(သို့)သုံးလပိုင်းလဆန်း အဲ့ဒီရက်တွေမှာလုပ်မယ်။ ပြီးတော့ ဆရာတို့ကယားဒေးပတ်ဝန်းကျင်ရက်ကို ရှောင်တဲ့အတွက်ကြောင့်မလို့ တစ်လပိုင်းကလုံးဝမဖြစ်နိုင်ဘူး။” ဟု မော်ကွန်းထိန်းက ပြောသည်။
လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင်ကို ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှစပြီး လေးနှစ်ကြာ သင်ယူအောင်မြင်သွားသည့်သူများအတွက် ကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစကာ ဘွဲ့နှင်းသဘင်အချိန် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ယခင်က ဒီဇင်ဘာလတွင် ဘွဲ့နှင်းသဘင်ကျင်းပလေ့ရှိသော်လည်း ၂၀၁၅ ခုနှစ်မှ စတင်ကာ ဘွဲ့နှင်းသဘင်ကျင်းပမည့် နေ့ကို ပြောင်းလဲကျင်းပခဲ့သည်။
ယခုနှစ်အောင်စာရင်းကို နိုင်ဝင်ဘာလ(၁၆)ရက်က ထုတ်ပြန်ကြေညာထားခဲ့ပြီး လွိုင်ကော်တက္ကသိုလ်၏ အောင်ချက်မှာ ပျမ်းမျှ ၉၆ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
“ ဂုဏ်ထူးတန်းတွေအကုန်လုံးက ရာနှုန်းပြည့်အောင်ကြတယ်။ နောက်မဟာအရည်အချင်းစစ် သင်တန်းဆိုရင်လည်း ရာနှုန်းပြည့်အောင်ကြတယ်။ တစ်ချို့ဘွဲ့ကြိုတန်းတွေမှာကြတော့ မေဂျာပေါ်မှာမူတည်ပြီးတော့ အနိမ့်ဆုံး ကိုးဆယ်ရာခိုင်နှုန်းလောက်ထိ အောင်တယ်။ အမြင့်ဆုံးက တစ်ရာ,ရာခိုင်နုန်းလောက်ထိ အောင်တာကိုတွေ့ရတယ် ” ဟု မော်ကွန်းထိန်းက ပြောသည်။

spot_img
spot_img

Recent posts