spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်ဘူတာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး



လဲသျို့ /ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ ( မေလ ၂၇ ရက်နေ့ ) ညနေ ၂နာရီခွဲဝန်းကျင်အချိန်က ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ ဘူတာရုံအနီးက လူငယ်တစ်စုကို စစ်ကောင်စီက သေနတ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် လူတစ်ဦးသေဆုံးသွားတယ်လို့ အနီးနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင် သေဆုံးသူမှာ စုဝေးနေတဲ့ လူငယ်တွေထဲက မဟုတ်ပဲ အနီးမှာ နွားကျောင်းနေသူ အသက် ၃၃နှစ်အရွယ် ကိုအငယ်ဒူး ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်စုထဲက အသက် ၁၆နှစ်အရွယ် မောင်စိုင်းအောင်မျိုးလွင်ကတော့ ပေါင်မှာ သေနတ်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။


“ လူငယ်တွေပေါ့။ ၁၄၊ ၁၅အရွယ်တွေစုပြီးတော့ ရန်ဖြစ်ကြတာပြောတယ်။ အယောက် ၂၀လောက်ရှိတယ်။ ဖြစ်ခါကျတော့ အဲ့ဒီရပ်ကွက်က အကြောင်းကြားလာ။ ဘယ်သူ အကြောင်းကြားလဲ မသိဘူး။ အဲ့ဒါနဲ့ တပ်က ရောက်လာပြီးတော့ ပစ်သွားတယ်ပေါ့။ အဲ့ဒီမှာ သူတို့ရန်ဖြစ်ကြတယ်ပေါ့။ အုပ်လိုက် ဒုတ်တွေ၊ ဓားတွေ ပါမယ်ထင်တယ်။ အယောက် ၂၀လောက်ရှိတယ်ဗျ။ “ လို့ သွားရောက်ကူညီပို့ဆောင်ပေးခဲ့တဲ့ ပရဟိတအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ကိုအငယ်ဒူး နဲ့ ဒဏ်ရာရသူ မောင်စိုးအောင်မျိုးလွင်ကိုတော့ လူမှုကူညီရေး ပရဟိတအသင်းက လွိုင်ကော်ဆေးရုံးကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီတပ်တွေဟာ စစ်ကားလေးစီးနဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ မျက်မြင်တွေက ပြောဆိုပါတယ်။

ဒါ့အပြင် ဆိုင်ကယ်သုံးစီးနဲ့ လူ ၆ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူမှာ မည်သူဖြစ်တယ်ဆိုတာ နဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ စုံစမ်းနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img