လွိုင်ကော်မြို့ပေါ်မှာ ဗုံးပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားနေရ

0
266

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မေလ ၂၂ရက်နေ့ ည ၉နာရီ ၃၀ မိနစ် မှစ လွိုင်ကော်မြို့ပေါ်မှာ ၅ ကြိမ်ထက်မနည်းပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုက နေအိမ်ပါတုန်ခါတဲ့အထိ ပြင်းထန်ခဲ့ပြီး နောင်ယား၊ ဒေါဥခူ၊ မဂ်လာ ရပ်ကွက်တွေမှာဖြစ်ခဲ့တယ်လို့ ကြားသိရပေမယ့် နေရာအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မေလ ၂၁ရက်နေ့ ညပိုင်းမှာ ပေါက်ကွဲသံ အဆက်မပြတ် လွိုင်ကော်မြို့ပေါ်မှာ ကြားရသလို ဒီကနေ့ ညပိုင်းမှာလည်း ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ဖြစ်ပွားနေတာပါ။

ဒီကနေ့ နေ့ခင်းပိုင်းမှာ စစ်ကောင်စီအုပ်စု လက်နက်ကိုင်တွေက ဝတ်စုံ၊ လက်နက်အပြည့်အစုံနဲ့ ခြေလျင်လျှောက်ပြီး မြို့တွင်းလှည့်လည် သွားလာခဲ့သလို လက်ရှိ ညပိုင်းထိ သွားလာနေ ဆဲဖြစ်ပါတယ်။