spot_imgspot_imgspot_imgspot_img
Tuesday, June 17, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ရှိ စစ်ကောင်စီရဲ့ ခလရ (၅၄)တပ် တွင်း လက်နက်ခဲယမ်းတိုက် ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီး

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို Loikaw PDF နဲ့ Falcon Wings တို့ကနေပြီး ဒရုန်းနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် ခလရ (၅၄)တပ် အတွင်း လက်နက်ခဲယမ်းတိုက် မီးလောင်ခဲ့တယ်လို့ Loikaw PDFက ဒီကနေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေး (၂၁)ရက်မြောက်နေ့ ၊ ဒီဇင်ဘာလ (၁)ရက်နေ့မှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် မြေပြင်ကော၊ ဝေဟင်ကနေပါ တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ လွိုင်ကော်မြို့မှာ စစ်ဆင်ရေးဆင်နွှဲနေဆဲဖြစ်ပြီး အရပ်သားပြည်သူတွေအနေနဲ့ မြို့ထဲ ပြန်လည်ဝင်ရောက်တာတွေ မပြုလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img