spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် ၅ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ နယ်၊ ပါလောင်းကျေးရွာ နဲ့ ကျေးရွာဝန်းကျင်တွေမှာ နိုဝင်ဘာလ ၂၄ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ၅ရက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်း တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-02 က ပြောပါတယ်။

“ ကျော်သူထိုက် ပါတယ်။ နောက်ပြီးတော့ အဲဒီမှာ ငါးလောင်းပေါ့နော။ ငါးလောင်းကျနော်တို့ဖော်ရတယ်။ ငါးလောင်းမှ ဒီထက်ပိုများနိုင်တယ်ပေါ့နော။ ကျနော်တို့ နယ်မြေရှင်းလင်းတဲ့အချိန်မှာ တွေ့တာပေါ့။” လို့ KNDF B-02 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရသူ ၆ဦးရှိခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီ ရိက္ခာပို့လမ်းကြောင်းဖြစ်တဲ့ ပါလောင်းနဲ့ ဒေါတယို့ ကျေးရွာတွေမှာ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်သေးတဲ့အတွက် လူထုတွေအနေနဲ့ အသွားအလာ မပြုလုပ်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

နိုဝင်ဘာလ ၂၄ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် ဆိုင်ကယ်နဲ့ မောင်းနှင်လာတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတဲ့အတွက် ပါလောင်း၊ ဒေါတယို့၊ ဒေါစဲ စတဲ့ကျေးရွာတွေက နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပါလောင်းကျေးရွာအတွင်းမှာရှိတဲ့ ဆေးခန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ အင်အား ၁၀၀လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီကို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ပါလောင်းကျေးရွာအပါအဝင် အနီးအနားကျေးရွာက ဒေသခံတွေဟာလည်း လက်ရှိမှာ နီးစပ်ရာ ကျေးရွာနဲ့ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့ နယ် ၊သေးဆူလဲ-နန်းမယ်ခုံကျေးရွာဘက်တစ်ကြောမှာလည်း နိုဝင်ဘာလ ၂၈ရက်နေ့ကနေ ဒီဇင်ဘာလ ၃ရက်နေ့အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်း သေဆုံး၊ သုံးပန်း ၄ဦးနဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts