spot_imgspot_imgspot_imgspot_img
Friday, February 14, 2025
spot_imgspot_imgspot_imgspot_img

သစ်ပင် ပျိုးပင်ပေါင်း ၃သောင်းခွဲကျော်ကို မေလထဲမှာ အခမဲ့ ဖြန့်ဝေပေးမည်

Author

Date

Category

စိုးထိုက်အောင်

ဒီးမော့ဆို သစ်တောဦးစီးဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံသစ်တောများပြန်လည်စိမ်းလန်းစိုပြေရေးအတွက် သစ်မျိုး (၁၁)မျိုး ပျိုးပင်ပေါင်း၃၅၆၅၈ ပင်ကို မေလ၊ ဒုတိယပတ်မှာ စတင်ဖြန့်ဝေပေးသွားမယ်လို့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် သစ်တောဦးစီးဌာနမှုး ဦးစွမ်းထက်ကို ကပြောပါတယ်။

ကျွန်းသစ်၊ သစ်မာ၊ လျှော်ဖြူ၊ ထင်းရူး စတဲ့ သစ်မျိုး (၁၁) မျိုးကို ဒီးမော့ဆိုမြို့နယ် သစ်တော ဦးစီးဌာန မြို့မ ပျိုးဥယာဉ်အတွင်းမှာ ပျိုးထောင်ထားပြီး မည်သူမဆို မှတ်တမ်းရေးသွင်းပြီး လာရောက်ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးဌာနမှ ဖြန့်ဝေပေးမည့် ပျိုးပင်များကို မြင်တွေ့ရစဥ်် (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

“ကျတော်တို့ကျွန်းပင်ဆိုတာကတော့ ဥပဒေအရနိုင်ငံတော်ပိုင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျတော်တို့ရဲ့အိမ်ထဲမှာဖြစ်ပါစေ၊ ခြံထဲမှာဖြစ်ပါစေ၊ လယ်ထဲမှာဖြစ်ပါစေပေါ့နော် မိမိကိုယ်ပိုင်စိုက်မယ်ဆိုရင်လဲ ဒီကျွန်းပင်တွေကို ကျတော်တို့ကမှတ်ပုံတင်လို့ရပါတယ် မှတ်ပုံတင်ရင်မိမိကိုယ်ပိုင်ဖြစ်ပါတယ်။” မြို့နယ်သစ်တောဦးစီးမှုး ဦးစွမ်းထက်ကို ကရှင်းပြပါတယ်။

သစ်တောဦးစီးဌာနက မြန်မာတစ်နိုင်ငံလုံးမှာ အခုလိုမျိုး သစ်ပျိုးပင်တွေကို ဖြန့်ဝေပေးနေတာဖြစ်ပါတယ်။ ဖြန့်ဝေပေးလိုက်တဲ့ ပျိုးပင်တွေအတိုင်းအတာတစ်ခုအထိကြီးလာပြီဆိုရင်လဲ သစ်တောဦးစီးဌာနက ကွင်းဆင်းပြီး မှတ်ပုံတင်ပေးတာနဲ့စိုက်ပျိုုးတဲ့ လူတွေအနေနဲ့မိမိကိုယ်ပိုင်အဖြစ် တရားဝင်ပိုင်ဆိုင်တာဖြစ်တယ်လို့သိရပါတယ်။

သစ်တောဦးစီးဌာန အနေနဲ့လဲ ဒီပျိုးပင်တွေကို ဒီးမော့ဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ စာသင်ကျောင်းတွေ၊ ကျေးရွာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေကို ဖြန့်ဝေသွားမယ်လို့သိရပါတယ်။

spot_img
spot_img
spot_img

Recent posts