သီရိမင်္ဂလာစျေးကို အဆင့်မြှင့်တင်မယ့်အစီအစဉ် ဈေးသူ/သားများ သဘောမတူတဲ့အတွက် ပြန်ရုတ်သိမ်း

0
444

ကန္တာရဝတီတိုင်း(မ်)

သီရိမင်္ဂလာစျေး (တောင်ဈေး)ကို အဆင့်မြှင့် တိုးချဲ့ဆောက်လုပ်သွားနိုင်ဖို့ကို လွှတ်တော်မှာ အဆိုတင်သွင်းမယ့် အစီအစဉ်ကို စျေးသူ၊စျေးသား တွေသဘောမတူတာကြောင့် အစီအစဉ်ကိုပြန်ရုတ်သိမ်း သွားတယ်လို့ ဈေးကော်မတီဥက္ကဌဦးတင်အောင်မိုးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့တုန်းက သီရိမင်္ဂလာတောင်ဈေးရဲ့ ဈေးကော်မတီရုံးခန်းမှာ ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် လွှတ်တော်ထဲအဆိုတင်သွင်းမယ့် လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်ကော်မြို့စည်ပင်သာယာရေးကော်မတီအဖွဲ့၊ ဈေးကော်မတီအဖွဲ့နဲ့ ဈေးသူဈေးသားတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဆင့်မြင့်တင်ဆောက်သွားမယ့်စျေးမှာ ၉ ပေပတ်လည် ဆိုင်ခန်းတခန်းအတွက် ဆိုင်ခန်းပိုင်ရှင်က သိန်း ၂၄၀ ပေးသွင်းရမှာ ဖြစ်တယ်လို့ စျေးသူစျေးသားတွေက ဆိုပါတယ်။