spot_imgspot_imgspot_imgspot_img
Saturday, April 26, 2025
spot_imgspot_imgspot_imgspot_img

သေးဆူလဲကျေးရွာတွင် စစ်ရှောင်ပြည်သူတစ်ဦး မိုင်းထိမှန်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ သေးဆူလဲ ကျေးရွာမှာ ရိက္ခာသယ်ဖို့ အိမ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတစ်ဦး မနေ့ည (စက်တင်ဘာ ၂၈ရက်) ၇နာရီခွဲ ဝန်းကျင် အချိန် သေးဆူလဲရွာအတွင်းမှာ မြေမြှုပ် မိုင်းနင်းမိပြီး ခြေထောက်မှာ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသား တစ်ဦးဆီကနေ သိရပါတယ်။

“ မနေ့ည ကျနော်သွားတွေ့တာတော့ ညာဖက်ဒူးအောက်ပိုင်း ပြတ်သွားတယ်။ နောက်ဘယ်ဖက်မှာလည်း ဒဏ်ရာတွေရှိသေးတာပေါ့။’’ လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

မိုင်းထိမှန်သူမှာ သေးဆူလဲရွာသားဖြစ်ပြီး ရွာထဲကို ရိက္ခာသယ်ဖို့ အိမ်ပြန်လာရင်းနဲ့ မိုင်းထိမှန်သွားတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး အခြေအေနေ အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆို မြို့နယ်၊ ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာအနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၅၊ ၂၆)ရက်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNDFပူးပေါင်းတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က မြေမြုပ်မိုင်းတွေကို ထောင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img