spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဟိုယာတိုက်နယ်ဆေးရုံတွင် ဆေးဝါးနှင့် ဝန်ထမ်းအင်အား လိုအပ်နေ

Author

Date

Category

ဖဲဘူး၊ အက်စတာ

ဖရူဆိုမြို့နယ် ဟိုယာဒေသက တိုက်နယ်ဆေးရုံတွင် ဆေးဝါးနှင့် ဝန်ထမ်းအင်အားများ လိုအပ်ချက်ရှိနေသည်ဟု ကနာ္တရဝတီတိုင်း(မ်) မှ ဆေးရုံဝန်ထမ်းများ နှင့်တွေ့ဆုံခဲ့စဉ်က သိရသည်။

ဆေးဝါးလိုအပ်ချက်ကို အထက်ကို တင်ပြတောင်းဆိုထားကြောင်းသိရသည်။ လက်ရှိမှာ ဆရာဝန်တဦးနှင့် သူနာပြု ၂ ဦးအပြင် အလုပ်သမား ဝန်ထမ်းများသာရှိပြီး ဆရာဝန်မှာလည်း ဖရူဆိုဆေးရုံသို့ သွားရောက်နေရသည့်အတွက် တလလျှင် ၂ပတ်ခန့်သာ ဆေးရုံတွင် ရှိနေနိုင်ကြောင်း သိရသည်။

တလလျှင် ဆေးရုံသို့လာရောက်သည့် လူနာ ဦးရေမှာ ၅ဝ ဦးမှ ၁၀ဝ ဦးအတွင်းရှိနေပြီး ဝေဒနာပြင်းထန်သည့်လူနာများကို မူ ဖရူဆိုဆေးရုံသို့ လွဲပို့ပေးရကြောင်းလည်းသိရသည်။

“တခါ ပြီးခဲ့တဲ့ တလပဲ ကျနော် လူနာတယောက်တွေ့တယ် သူဆိုင်ကယ်နဲ့ အက်ဆီးဒင့် (accidient) ဖြစ်တော့ ဟို သွေးတွေတအားယိုထွက်တယ်။ ဆရာဝန်လည်းမလုပ်နိုင်ဘူး.. ဆရာဝန် အဲ.. နာ့စ် မ လည်းမလုပ်နိုင်တဲ့အတွက် အဆင်ပြေတဲ့နည်းနဲ့ပဲ တခါဆေးရုံပြန်ပို့ရတယ်။ အဲဒါက သူတို့ရဲ့ တကယ့်ကို သမားတော်မရှိတာလည်းပါတာပေါ့နော။ တကယ့်ကို ကျွမ်းကျင်တဲ့ဆရာဝန်တွေ.. အားနည်းချက်ရှိတယ်။ ရှိလည်းမရှိဘူးပေါ့နော…၊” ဟု ဟိုယာဒေသခံ ကိုလော်ရင်းရှိုကပြောသည်။

လက်ရှိဟိုယာဒေသမှာ ကျန်းမာရေးဗဟုသုတ နည်းပါးနေသည့်အတွက် ဝေဒနာခံစားရလျှင် ဆေးရုံသို့ ဆေးကုသမှုလာရောက်ခံယူသူ နည်းပါးနေသေးကြောင်း ကျန်းမာရေးဌာနမှ ဝန်းထမ်းတဦးကဆိုသည်။

ဟိုယာဒေသအတွင်း အမျိုးသမီး အခွင့်အရေးအတွက် ကွင်းဆင်းဆောင်ရွက်နေသော ပရဲ့ကယော အမျိုးသမီးအဖွဲ့ ဥက္ကဌ မချယ်ရီမိုးကလည်း ဟိုယာဒေသအတွင်းမှာ အစိုးရက တည်ဆောက်ပေးထားသော ကျန်းမာရေးဌာန ၊ ဆေးပေးခန်း၊ တွေရှိနေပေမဲ့ ကုသပေးမယ့် ဆရာ၊ဆရာမတွေ မလုံလောက်ဘူးလို့ဆိုပါတယ်။

“ခုနကလည်း သူတို့ပြောတယ်ပေါ့နော့ ကျမတို့မှာ ဆေးရုံရှိတယ် ဆေးခန်းရှိတယ်၊ ဒါပေမဲ့ ဆရာဝန်မရှိဘူးလို့ပြောတယ်ပေါ့နော။ အဲဒါကလည်းစိုးရိမ်စရာပဲ၊ ဆရာဝန်မရှိဘူးဆိုရင် မွေးလူနာဆိုဘယ်လိုလုပ်မလဲ၊ မသေသင့်ပဲနဲ့သေရမယ်။ ကလေးတွေအသက် မိခင်ရဲ့ အသက်ပေါ့နော။ စိုးရိမ်စရာဖြစ်တယ်ပေါ့နော။” ဟု မချယ်ရီမိုးကဆိုသည်။

ဟိုယာဒေသ ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းတဦးအဆိုအရ ၂၀၁၆ ခုနှစ်အတွင်း ၅နှစ်အောက်ကလေး သေဆုံးမှု ၁၁ ဦးရှိနေပြီး ဖရူဆိုမြို့နယ်အတွင်း အများဆုံး ဖြစ်ကြောင်းဆိုသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်၂၀၁၅ ခုနှစ်တွင်လည်း ကယားပြည်နယ်အတွင်း ဆရာဝန်များ ခန့်အပ်နေရာပေးရန် စီစဉ်ခန့်အပ် ခဲ့ပြီးဖြစ်သည်။

ဟိုယာတိုက်နယ်သည် ဖရူဆိုမြို့နှင့် မိုင်နှစ်ဆယ် ကျော်ရှိပြီး တောင်တက်တောင်ဆင်းလမ်းခရီးဖြစ်သည်။ ကတ္တာရာလမ်းကိုမူ ယခင်နှစ်ကမှ ဖွင့်လှစ်နိုင်ခဲ့သည်။

spot_img
spot_img

Recent posts