spot_img
Monday, March 27, 2023
spot_img

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး ဓါးစာခံပြုလုပ်နေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဓါးစာခံပုံစံမျိုး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC ) မှ Humanitarian Focal တစ်ဦးက ပြောပါတယ်။

“စိတ်ပူတာကလေ တပ်ကနေ ဒီမော့ဆိုအရှေ့ဖက်ခြမ်းကို စစ်ကြောင်းထိုးလာပြီးတော့မှ ရွာသားတွေကို ဖမ်းတာလည်းရှိတယ် ။အရင်တုန်းက ပထမတစ်ခေါက်လာတုန်းကဆို ဖမ်းတာတော့မရှိဘူး။ ဒီတစ်ခေါက်တော့ဖမ်းဆီးမှုတွေရှိတယ် ချည်နှောင်တာတွေ။ နောက်ပြီးတော့ ရွာထဲက ပေးမထွက်တော့ဘဲနဲ့ ဓါးစာခံပုံစံမျိုးပေါ့ လုပ်လာတဲ့ပုံစံတွေရှိတယ်။ အဲ့ဒီဟာက တစ်ကယ်ကို ကျတော်တို့စိုးရိမ်စရာကောင်းပါတယ်။ ခုနကပြောသလို ရွာထဲမှာ ကျန်နေခဲ့တဲ့သူတွေကလည်း အပြင်ထွက်လို့မရသလို အပြင်ကိုရောက်တဲ့သူကလည်း ရွာထဲကို ပြန်လာလို့ရတဲ့အနေအထားမရှိဘူးပေါ့နော။” လို့ အဆိုပါ Humanitarian focal က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ရက်နေ့ ည၆နာရီကျော်အချိန်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၄ရက်နေ့မှာ ရိက္ခာပြန်လာယူတဲ့ ဒေသခံပြည်သူ ၅ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေသခံတွေ့ရှိချက်အရ ရိုက်နှက်ခံရမှုရှိသလို လူသားဒိုင်းကာလုပ်ပြီး ရှေ့လမ်းအနေနဲ့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

မတိမ်းရှောင်နိုင်တော့တဲ့ ပြည်သူတွေကို မိမိတို့ရှိရာအရပ်မှာပဲ နေခိုင်းသလို ရရာစွဲပြီး တိမ်းရှောင်းခဲ့ကြရတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း စားဝတ်နေရေး အခက်အခဲ သူက ဆက်ပြောပါတယ်။

“အားလုံးနီးပါးကပြေးလိုက်ရပြီပေါ့ တချို့ကတော့ တစ်ယောက်နှစ်ယောက်ကျန်တာရှိတယ်။ ကျတော်တို့အခုက သတင်းထပ်ကြားတာက ပြေးမမှီတဲ့သူတွေကို တပ်က တောင်ပေါ်ကနေ ဆင်းလာပြီးတော့ လမ်းကိုပိတ်လိုက်ပြီးတော့ ပြေးလို့မမှီတဲ့သူတွေကို သူတို့နေတဲ့အရပ်မှာပဲ အိမ်မှာပဲ ရွာမှာပဲ အပြင်ကိုမထွက်ဖို့ မသွားဖို့ဆိုပြီး ပိတ်လိုက်တယ်ပေါ့။ လူတံတိုင်းပုံစံမျိုးပေါ့။ သူတို့ရွာအနီးအနားမှာလည်း စခန်းချတာရှိတော့လေ။ လူတံတိုင်းပုံစံမျိုးနဲ့အကွက်ဆင်တဲ့ပုံစံမျိုး တွေ့ရတာရှိတယ်။ နောက်ပြီးတော့ ပြေးတဲ့သူကလည်း ရရာလေးနဲ့ပဲ ပြေးလာတဲ့အတွက်ကြောင့် ကျတော်တို့မှာ အခက်အခဲတွေအများကြီး ကြုံနိုင်တယ်။”လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲကလည်း အချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်တဲ့အတွက် ဒေသခံပြည်သူလူထုရဲ့ အသက်အန္တာရာယ်ကို စိုးရိမ်ရတဲ့အပြင် စားနပ်ရိက္ခာ၊ ဆေးဝါ၊ လတ်တလော ကိုဗစ်ရောဂါဖြစ်ပွားမှုကိုလည်း စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။

“ဒီကာလမှာ ပုံမှန်အတိုင်းဆိုရင် ရွာတော်တော်များများက ဆန် စပါး တော်တော်လျော့နည်းတဲ့ကာလပေါ့။ လျော့နည်းတဲ့ကာလမှာဒီလိုမျိုးထပ်ဖြစ်တော့ သူတို့ရောက်နေတဲ့ ဒေသကသူတွေလည်း ရှိတဲ့ဟာလေးနဲ့ လိုက်ပြီးတော့ ကူညီတာရှိသလို သူတို့ပါလာတဲ့ဟင်းတွေစားတာရှိတယ်။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင် စိုးရိမ်တာရှိတယ်။ အထူးသဖြင့် စားဖို့သောက်ဖို့လည်း တော်တော်စိုးရိမ်တယ်ပေါ့။ ဒါပေမယ့် အခုက ရွာမှာပဲ တဆင့်တဆင့်ပြေးတဲ့အတွက်ကြောင့်မလို့ နေဖို့ထိုင်ဖို့နေရာကတော့ အများစုအတွက်ကတော့ အဆင်ပြေတာတွေ့ရတယ်။ ကျတော်ပိုစိုးရိမ်တာက ကျန်းမာရေးကိစ္စပါပဲ။” လို့ ဆိုပါတယ်။

ဒီမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှုနဲ့ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့နဲ့ စစ်ဘေးရှောင်တွေ အိမ်ပြန်လို့ရနိုင်တဲ့ အနေအထားမရှိသေးဘူးလို့ KNDF ပြောဆိုခွင့်ရ တစ်ဦးက ဆိုပါတယ်။

“သူတို့တွေက လက်ရှိက အိမ်ပြန်လို့ရနိုင်မယ့်အနေအထားရှိမနေ ဘူးပေါ့။ အဲဒါက ဘာကြောင့်လဲဆိုရင်တော့ ဒီမော့ဆိုအရှေ့ဖက်ခြမ်းတစ်ခုလုံးမှာက စကစဖက်က စစ်ကြောင်းထိုးတာတို့ အင်အားပြတာတို့နယ်မြေရှင်းလင်းရေးလုပ်တဲ့ပုံစံတွေက အချိန်လျော့သွားတာမျိုးမဟုတ်ဘဲနဲ့ ပိုပြီးတော့ အချိန်မြှင့်စွာလုပ်ဆောင်လာတာပေါ့လေ အဲဒီအပေါ်မှာ စစ်ဘေးရှောင်တွေကတော့ အိမ်ပြန်လို့ရနိုင်တဲ့အနေအထားရှိမနေသေးဘူးပေါ့။” လို့ KNDF ပြောဆိုခွင့်ရတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရသူတဲ့ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်အထိ ရှိနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...