spot_img
Friday, March 24, 2023
spot_img

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃ ရက်အတွင်း နေအိမ်၅၀ကို မီးရှို့ဖျက်ဆီးခဲ့၊ စစ်ရာဇဝတ်မှု ကျုးလွန်နေဆဲလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဝေဖန်

spot_imgspot_imgspot_imgspot_img
ကုန်သာကျေးရွာတွင် ပျက်စီးသွားသော ပြည်သူအိမ်တချို့ (ဓါတ်ပုံ – CJ)

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာမှ နေအိမ် ၅၀ ဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးဗညားက ပြောပါတယ်။

“စစ်ကောင်စီတပ်ကနေ သက်သက်မဲ့ မီးရှို့တာကတော့ ၃၅လုံး ဒါက မီးရှို့တဲ့ပုံစံနဲ့ စာရင်းအရပေါ့နော။ နောက်တစ်ခုက လက်နက်ကြီး ကျည်စတွေပေါ့နော နောက်ပြီးတော့ လက်နက်ငယ် ကျည်စတွေ ထိမှန်တဲ့အိမ်က ၁၅လုံး အဲ့ဒါက ပျက်စီးတယ်ပေါ့နော။ တချို့ တော်တော်ပျက်စီးတယ်။ တချို့ကတော့ ပြတင်းပေါက်တွေ အုတ်တွေပေါက်တာတော့ ရှိတယ်ပေါ့နော။ ပေါင်းလိုက်ရင်တော့ အလုံး ၅၀လောက်တော့ သေချာသလောက်ရှိတယ်။ ဒီထက်လည်းပျက်စီးနိုင်သေးတယ်ပေါ့နော။ ဒါပေမယ့်လောလောဆယ်ကတော့ အဲ့ဒါ ကောဖန်းထားတာရှိတယ်။ တချို့အိမ်တွေကတော့ တပ်ကနေ ဝင်စီးတဲ့အချိန်မှာ အထူးသဖြင့် ကုန်းသာဖက်ပေါ့ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေ ဖျက်ဆီးတာတွေလည်း အများအပြားတွေ့ရတယ်ပေါ့နော။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဦးဗညားက ပြောပါတယ်။

ပျက်စီးသွားတဲ့ နေအိမ် ၅၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်တွေဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သလို နေအိမ်အတွင်းပိတ်မိနေတဲ့ အသက် ၇၀ ကျော် အရပ်သားပြည်သူတစ်ဦးကိုလည်း အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ကုန်းသာကျေးရွာမှ သေးဆူလဲဖက်ကို မောင်းနှင်လာတဲ့ စစ်ရှောင်ကားတစ်စီးကိုလည်း ပစ်ခတ်မီးရှို့ခဲ့တာကြောင့် မီးလောင်သေဆုံးနေတဲ့ အရပ်သားပြည်သူတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်မှ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုက်နာစောင့်ထိန်းရမယ့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ကရင်နီပြည်နယ်အတွင်း ဆက်လက်ကျူးလွန်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဝေဖန်ထားပါတယ်။

“အိမ်ရှို့တဲ့အပေါ်မှာတော့ ဒါကတော့ လူ့အခွင့်အရေးရှုထောင့်ကကြည့်မယ်ဆိုရင် ကျနော်တို့ရိုးရိုးလေးကြည့်မယ်ဆိုရင် ဒါကတော့ ပြည်သူပိုင်ပေါ့။ ပြည်သူ့ကိုယ်ပိုင် ပစ္စည်းဥစ္စာတွေကို စစ်ကောင်စီက ဖျက်ဆီးတယ်ဆိုတာက လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်တယ်ပေါ့နော။ ဒီဟာကလည်း လူထုက နှစ်ပေါင်းများစွာ ကုတ်ကပ်ပြီး တည်ဆောက်လာတဲ့ အိမ်တွေကို ဖျက်ဆီးသွားတယ်။ အဲ့ကြောင့်မို့လို့ ငွေကြေးအရလည်း ပျက်စီးတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း အများကြီးထိခိုက်မှုတွေရှိသွားတယ်ပေါ့နော။ လူထုတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အိုးအိမ်စည်းစိမ်တွေပျက်စီးတာလည်း အရမ်းကိုဆိုးဝါးတဲ့ ဆုံးရှုံးမှု ဖြစ်ရပ်လို့ ကြည့်လို့ရတယ်။” လို့ ဦးဗညားက ဝေဖန်ထားပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ ကရင်နီပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဘေးကင်းရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ တစ်သိန်း၃သောင်း ရှိနေပြီး လတ်တလောမှာလည်း ဒီမော့ဆိုမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ နေအိမ်မပြန်နိုင်သေးပါဘူး။

ကုန်သာကျေးရွာတွင် ပျက်စီးသွားသော ပြည်သူအိမ်တချို့ (ဓါတ်ပုံ – CJ)
spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...