spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အကြမ်းဖက်စစ်ကောင်စီမှ စပါးခင်းထဲနှင်းပြီး စစ်ကြောင်းထိုး၊ ပုံထားတဲ့ စပါးကို မီးရှို့ဖျက်ဆီးသွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (အောက်တိုဘာ ၃၀) ကရင်နီ-ရှမ်းနယ်စပ်ရှိ မိုးဗြဲမြို့ကို သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် စပါးခင်းကိုနှင်းဖြတ်ပြီး ပုံထားတဲ့ တောင်သူတွေရဲ့ စပါးပုံကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

“စစ်သားတွေရောက်လာတယ်ဆိုတော့ တစ်ရွာကပတ်ပြေး နောက်တစ်ရွာလည်း အ့လိုပဲ ပတ်ပြေး အကုန်ပတ်ပြေးနေကြတာ လယ်ကွင်းဘက်ကို။ လယ်ကွင်းဖက်ရောက်တယ်ပြောတော့ ထပ်ပြေးတာ။ သူတို့ကို မိုးဗြဲဖက်ကို လမ်းမအတိုင်းမသွားဘဲ လယ်ကွင်းဖက်ကနေ ဖြတ်သွားတာ ခု မိုးဗြဲရောက်တော့မလားဘဲ။ စပါးရိတ်နေရင်း သူတို့လာတော့ ပြေးပုန်းကြတာ ပုံထားတဲ့ စပါးချွေဖို့ သူတို့လာလို့ ပြေးပုန်းကြတာ စပါးပုံကို မီးရှို့သွားတယ် ဝါရီကောခူရွာအပေါ်က လယ်ကွင်းမှာ။ ” လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ မိုးဗြဲမြို့ကို လယ်ကွင်းထဲကနေ စစ်ကြောင်းချီပြီး ရွာအနီးပတ်လည်မှာ သွားလာနေတဲ့အတွက် ကုန်းသာ၊ ဆော်ခီးဒေါ၊ ဝါရီကောခူ၊ ပီးကင်းကောခူ အနီးတစ်ဝိုက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တစ်နှစ်ပတ်လုံး စိုက်ပျိုးထားတဲ့ စပါးကို စားဝတ်နေရေးအတွက် မှီခိုအားထားနေရတာ ဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်မိပြီး ဒေသခံတောင်သူလယ်သမားတွေ အခက်အခဲကြားက စိုက်ပျိုးရပြီးလက်နက်ကြီးကြားက ရိတ်သိမ်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ ဒီကပြည်သူတွေက တောင်သူလယ်သမားတွေလေ။ တစ်နှစ်ပတ်လုံး လုပ်ကိုင်မှ တစ်ခါရိတ်သိမ်းရတဲ့ စပါးအပေါ် မှီခိုစားသောက်နေရတာ။ ပညာရေး၊ ကျန်းမာရေး အထွေထွေအရေးကို ဒီလယ်ယာစပါးပဲ အားကိုးနေရတာဆိုတော့။ တစ်နှစ်ပတ်လုံး ဝင်ငွေက စပါးပေါ်တဲ့တစ်ခါပဲရှိတာလေ။ အခုလို စပါးပုံ မီးရှို့ခံလိုက်ရတော့ ထမင်းအိုးကွဲတာမကဘူး။ တစ်သက်လုံး စားသောက်လာတဲ့ ဆန်းစပါးကို စော်ကားတာနဲ့အတူတူပဲ။ စပါးသီးနှံတွေက အသက်သွေးကြောပဲလေ။ လက်နက်ကြီးကြားက စားစရာမရှိစိုးလို့ စပါးတွေရိတ်ရတာ။” လို့ ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

ယမန်နေ့(အောက်တိုဘာလ၂၉)ရက်နေ့မှာ ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့အနီးတစ်ဝိုက်ကို မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်ရင်းမှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခဲ့တာကြောင့် တောင်ယာရိတ်သိမ်းနေတဲ့ ဒေသခံ နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ဒဏ်ရာရရှိသူလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာလည်း စစ်ကောင်စီဖက်ကနေ လက်နက်ကြီးရမ်းသန်းပစ်ခတ်နေတာရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts