spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့် ဆီးဘူးဒေသကနေ ဒီးမော့ဆို လမ်းကြောင်းအတိုင်း ဦးတည်ပြီး ခရီးဆက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့်က ကယန်းပြည်သစ်ဌာနချုပ်တည်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသကို ကျော်ဖြတ်ပြီး ဒီမော့ဆိုလမ်းကြောင်းအတိုင်း ခြေလျင်ဖြင့် ခရီးဆက်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားအင်အား (၃၀)ဝန်းကျင်ခန့်ပါတဲ့ ဒန်ဘာကားတစ်စီးနဲ့ ကားအဖြူအသေးတစ်စီက ဦးစွာ ရှေ့ပြေးအနေနဲ့ ဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းကို ဦးတည်ပြီး ဆင်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တစ်ချို့တောင် ဆီးဘူးကျော်နေပြီ လမ်းလျှောက်သွားကြတယ် အများကြီးပဲ။ သူတို့ကားလည်းပါတယ်။ အကုန်မတက်လာလောက်သေးဘူးထင်တယ်။ ယာဒိုမှာတပ်စွဲထားတဲ့တပ်က မနက်အစောပိုင်း ကားဒန်ဘာ တစ်စီးနဲ့ အင်အား ၃၀လောက်နဲ့ ဒိုင်ဘာကားက ရှေ့ပြေးအနေနဲ့ တက်သွားတယ် သူတို့ကို ကားအဖြူအငယ်တစ်စီးက လိုက်ပို့လမ်းရှင်းပေးနေတာ။ ခု ခြေလျင်နဲ့ ဦးရေ ၃၀၀ကျော်တယ် ရိက္ခာတင်ကား ၇ စီးပါတယ်။ ဆီးဘူးကို ဖြတ်သွားတာ ရွာပြင်မှာနားသေးတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဖက်မှ လူအင်အား ၃၀၀ကျော်နဲ့ ရိက္ခာအပြည့်ပါတဲ့ စစ်ကားအစီး(၂၀)ကျော်က တောင်ငူမြို့ဖက်ကနေ ဇွန်လ ၇ ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သို-သောက်ရေခပ်-ယာဒိုလမ်းအတိုင်း ဆင်းလာပြီး ဇွန်လ ၇ ရက်နေ့ညမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂) ထိန်းချုပ်နယ်မြေအတွင်းဖြစ်တဲ့ ယာဒိုကျေးရွာမှာ တစ်ည တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၈ ရက်နေ့ညမှာတော့ ကယန်းပြည်သစ်ဌာနချုပ်တည်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသအနီးတစ်ဝိုက်မှာ တစ်ည တပ်စွဲနားခဲ့တယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် ခန့်မှန်းအင်အား ၄၀၀ခန့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဖက်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးကျေးရွာကို ဖြတ်ပြီး ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်လာနေပြီလို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) သတင်းနှင့်ပြန်ကြားရေးက ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြားက တပ်စွဲလာမှုကြောင့် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေတဲ့အတွက် နယ်မြေဒေသခံအချို့မှာ ကြိုတင်တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

spot_img

Recent posts