spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

အချက် ၂ ခုကြောင့် လိုပွါခိုခရိုင်အတွင်းမှ NGOs များ ထွက်ခွာသွားရန် KNPP အသိပေး

Author

Date

Category

မူအက်စတာ

ကရင်နီပြည်၊ လိုပွါခိုခရိုင်(ကယားပြည်နယ်၊ ဖါးဆောင်းမြို့နယ်အတွင်း)ရှိ ဝေလံခေါင်ဖျားသည့် ဒေသတွင် ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်လျှက်ရှိသည့် NGOs/ INGOs အဖွဲ့အစည်းများအားလုံးကို ၎င်းနယ်မြေမှ ထွတ်ခွာသွားရန် KNPP က ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် အသိပေးအကြောင်းကြားစာတစ်စောင်ကို ထုတ်ပြန်လိုက်သည်။

NGOs အဖွဲ့အစည်းများမှ အဆိုပြုလုပ်ဆောင်ပေးနေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်ကိစ္စနှင့် ဒီဇင်ဘာ ၂ဝ ရက်နေ့ KNPP နှင့် တပ်မတော်တို့၏ ထိတွေ့မှုဖြစ်စဉ်ကြောင့် ဒေသလုံခြုံရေးအတွက်ဟုဆိုကာ အချက် ၂ ချက်ဖြင့် အဆိုပါ အသိပေးစာကို ထုတ်ပြန်ရခြင်းဖြစ်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဆက်ဆံရေးရုံး(လွိုင်ကော်)၏ ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ဒီဇင်ဘာ ၂ရ ရက်နေ့က ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုပြောကြားသည်။

“ပရောဂျက်ရှာပြီးတော့ လုပ်ကြတဲ့အခါကျတော့ တခါတလေက လူထုတွေ မကြိုက်တာရှိတယ်။ ဥပမာဆိုလိုတာက ဥပမာ- ဟိုး ကွာခီးဘက်တို့၊ ဘူးခိုဘက်တို့မှာ သူတို့မြေပုံပေါ်မှာပဲ သူတို့စာကြည့်ပြီး ပရောဂျက်ရေးဆွဲကြတာကောနော၊ ဆိုတဲ့ခါကျတော့ တကယ်တမ်းက မြေပြင်မှာကတော့ မိုးရာသီဆိုရင် ဆိုင်ကယ်လမ်းပဲရှိတာကော ဘိလပ်မြေအိတ်က ဒီမှာ ၅၀၀ဝဆိုရင် ဟိုဘက်ကိုရောက်ရင် ၁၀၀၀ဝဖြစ်နေတယ်၊ ဆန်တစ်အိတ်က ဒီမှာ ၃၀၀၀ဝ ဆိုရင် ဟိုမှာ ၅၀၀၀ဝ ဖြစ်သွားတယ်ကောနော။ ဆိုတော့ သူတို့ခန့်မှန်းထားတဲ့စားရိတ်က ကုန်ပြီ၊ သူတို့တွက်ထားတဲ့အတိုင်း မဟုတ်တဲ့အခါကျတော့၊ သူတို့ထင်ထားတဲ့အတိုင်းမဟုတ်တဲ့ အခါကျတော့ အဲ့ဒီစားရိတ်တွေက မူလတွက်ထားတဲ့အတိုင်း မဟုတ်တဲ့အခါကျတော့ သူတို့အလုပ်ကို တဝက်တပျက် ချန်ထားတာမျိုးတွေ ရှိတယ်လေး။”ဟု ခူးညေးရယ်က ပြောသည်။

ယခင်ကလည်း ဒေသခံများမှ အဆိုပါ ဖြစ်စဉ်များကို ၎င်းတို့ထံ တင်ပြလာသောကြောင်း အသိပေးစာကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆိုသည်။ 
“အဲ့လိုတွေ ရှိတဲ့အခါကျတော့ လူထုတွေမကြိုက်ဘူးလေ။ လူထုတွေက လုပ်ပေးချင်ရင် ကောင်းကောင်းမွန်မွန်လုပ်ပေးဆိုပြီး တင်ပြလာတာတွေရှိတယ်။”ဟု ၎င်းက ပြောသည်။

ခရစ္စမတ်နှင့် နှစ်သစ်ကူးမို့ ရုံးပိတ်ရက်အတွင်း ကွင်းဆင်းဝန်ထမ်းများ အဆိုပါ သတိပေးထုတ်ပြန်ထားသည့် လုပ်ငန်းခွင်အတွင်း ရှိမနေကြကြောင်း ကယားပြည်နယ်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်းလုပ်နေသော NGOs တစ်ခုက ပြောသည်။

KNPP ၏ အသိပေးစာထုတ်ထားသည်ကို သိရှိရပြီး လာမည့်နှစ်တွင် ထားရှိလျာထားသော စီမံကိန်းလုပ်ကိုင်ရန် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ သွားရောက်ရန် အဆင့်ဆင့်ထပ်မံညှိနှိုင်းပြီးမှသာ လုပ်ကိုင်မည်ဟု အမည်ထုတ်ဖေါ်မပြောလိုသော လွိုင်ကော်တွင် ရုံးခွဲဖွင့်လှစ်ထားသည့် NGOs အဖွဲ့တစ်ခု၏ စီမံကိန်းတာဝန်ခံက ကန္တာရဝတီတိုင်း(မ်)သို့ ဖြေကြားသည်။

“ကျွန်မတို့ သွားရမယ့်နေရာတွေတော့ အများကြီးရှိတယ်ပေါ့နော။ အဲ့မျိုးနေရာတွေလည်း ပါတယ်ပေါ့နော။ ကျွန်မတို့သွားမယ်ဆိုရင်လည်း သူတို့ကို ခွင့်ပြုချက်တောင်းပြီးတော့ သွားရမယ်ပေါ့။ အကယ်၍အဆင်မပြေဘူးဆိုရင်လည်း ကျွန်မတို့ မသွားဘူးပေါ့လေနော ကိုယ့်ဝန်ထမ်းလုံခြုံရေးလည်း အရေးကြီးနေတယ်ဆိုတော့။ အရင်တစ်နှစ်ကလည်း ကျွန်မတို့ ကြုံခဲ့ရတာတွေရှိတယ်”ဟု အဆိုပါ နာမည်ထုတ်မပြောသည့် တာဝန်ခံက ပြောသည်။

ထိုနည်းတူ အခြားဒေသမှာလည်း လုပ်ငန်းများလာရောက်ဆောင်ရွက်ရာတွင် ပြီးဆုံးမှုမရှိသေးပဲ တဝက်တပျက်နှင့် ချန်ရစ်ခဲ့သည့် ဖြစ်စဉ်မျိုးများကြုံတွေ့နေကြရကြောင်း KNPP က ဆိုထားသည်။ ထုတ်ပြန်ချက်တွင် ၎င်းတို့သတ်မှတ်ထားသည့် ရက်အတွင်း ထွက်ခွါသွားခြင်းမရှိလျှင် နောင်ဖြစ်လာမည့် ပြဿနာများကို ၎င်းတာဝန်ယူမည်မဟုတ်ကြောင်း ပါရှိသည်။

၂၀၁၂ ခုနှစ်မှ လက်ရှိထိ လုပ်ဆောင်နေသည့် NGOs၏ လုပ်ငန်းများကို ရပ်ဆိုင်းရန်နှင့် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှ ၂၀၁ရ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နောက်ဆုံးထား ဆုတ်ခွာသွားရန် ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

spot_img
spot_img
spot_img

Recent posts