အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုဆောင်ရွက်နိုင်ဖို့ မျှော်လင့်နေကြ

0
416

လာမည့်အစိုးရသစ်လက်ထက်မှာ ကရင်နီပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဒီထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာနိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလေ့လာသူတွေက မျှော်လင့်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အစိုးရ သက်တမ်း ၅ နှစ်အတွင်းမှာ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားက ဌာနေတိုင်းရင်းသားတွေအတွက် အားရကျေနပ်မှုမရှိခဲ့ပါဘူး။

ဒါကြောင့် အခု ရွေးကောက်ပွဲပြီးလို့ NLD ကပဲ အစိုးရဆက်လက်ဖွဲ့စည်းနိုင်မည့်အပေါ်မှာ တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ယခုသက်တမ်းထက် ပိုမိုဆောင်ရွက်လာနိုင်ဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

အစိုးရကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုကို ဆွေးနွေးချပြပေးတာတွေ ၊ အသိပညာပေးတာတွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို စစ်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေဘက်ကိုလည်း ပွင့်ပွင့်လင်းလင်းပြုလုပ်ပေးဖို့လည်း မျှော်လင့်ထားကြပါတယ်။