spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အစိုးရအဖွဲ့ဝင်ဝန်ကြီးနဲ့ NLD ပါတီဥက္ကဌ အပါအဝင် အလုပ်အမှုဆောင်တချို့ကို ဖမ်းဆီးထား

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက်အစောပိုင်း၊ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကယားပြည်နယ် အစိုးရရုံး၊ လွှတ်တော်ရုံး၊ မြို့အဝင်အထွက်ဂိတ်အားလုံးကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်ကနေ လက်နက်အပြည့်အစုံနဲ့ စောင့်ကြည့်ထားပါတယ်။

လက်ရှိမှာ အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ကယားပြည်နယ် NLD ပါတီဥက္ကဌ၊နဲ့ ပါတီအလုပ်အမှုဆောင်အဖွဲ့ အချို့ကို တပ်က ဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့ ပါတီနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD ပါတီခေါင်းဆောင်အချို့တွေ ပြည်နယ်နဲ့တိုင်းအသီးသီးက ဝန်ကြီးချုပ်တွေကိုလည်း ဒီမနက်အစောပိုင်းမှာ တပ်က ဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့ သိရပါတယ်။

ဒီမနက်မှာလည်း လွိုင်ကော်မြို့တွင်းမှာ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကား၊ တင့်ကားတွေ လှည့်လည်သွားတယ်လို့ မြင်တွေ့သူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အငြင်းပွားစရာရှိနေတဲ့ မဲစာရင်းတွေကို အစိုးရဘက်ကနေ ဖြေရှင်းဖို့ ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နဲ့၊ အမျိုးသားလွှတ်တော်ခေါ်ယူမှုကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုမှုအပေါ်မှာ မရွေ့ဆိုင်းပေးတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာကို အဓမ္မနည်း နဲ့ ရယူတာဖြစ်ဖြစ်ကြောင်း နဲ့ ဒီပြဿနာတွေကို မဖြေရှင်းရင် ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ အခက်အခဲတွေဖြစ်စေနိုင်ငံတာကြောင့် ဒါကိုဖြေရှင်းဖို့ တနိုင်ငံလုံးမှာ အရေး​ပေါ် အခြေအနေ ကြေညာလိုက်တယ်လို့ မြဝတီသတင်းဌာနက ဖော်ပြသွားပါတယ်။

မဲစာရင်းတွေကို စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့အတွက် အုပ်ချုပ်ရေး ၊ တရားစီရင် ရေး၊ နဲ့ ဥပဒေပြုရေး အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ ပုဒ်မ ခွဲ (က) အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွဲအပ်လိုက်ကြောင်းကိုလည်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက ကြေငြာသွားပါတယ်။

အရေးအပေါ်အခြေအနေ အကျိုးသက်ရောက်တဲ့နယ်မြေဟာ တနိုင်ငံလုံးဖြစ်ပြီး သက်ရောက်တဲ့ အချိန်ကတော့ အမိန့် ထုတ်ပြန်တဲ့ နေ့ကစပြီး ၁နှစ်တိတိ ဖြစ်တယ်လို့ ယာယီသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေက လက်မှတ်ရေးထိုး ပေးလိုက်ကြောင်း ကြေငြာထားပါတယ်။

spot_img
spot_img

Recent posts