အတိတ်ကဝေဒနာတွေကိုမေ့ပြီး အေးအေးဆေးဆေးနေခွင့်ရဖို့ မျှော်နေသူ

ကယားထဲ

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးလက်ဆေးပေးခန်း ဌာနခွဲ ဆေးပေးခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေ ဆေးခန်းလာပြတဲ့သူ ကျန်းမာရေးစောင့်ရှောက်မှုလာယူနေကြတဲ့သူတွေ အကြားမှာ အခန်းအပြင်ဘက်ကစောင့်ကြည့်နေတဲ့ အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ အဖွားက ဆရာမ သူ့ကို ဘယ်အချိန် ခေါ်မလဲဆိုတဲ့ အကြည့်နဲ့ ရပ်စောင့်နေတယ်။

ဆေးခန်းထဲက ဆရာမက ကိုယ်ဝန်ဆောင်မိခင်တွေ နို့တိုက်မိခင်တွေနဲ့ အလုပ်များနေတဲ့ အချိန် အဖွားက အပြင်မှာ တစ်ယောက်တည်း ရဲ့ရှေ့ခုံတန်းလျားမှာ ထိုင်နေတယ်။

အဖွားနဲ့ အတူတူထိုင်ရင်း အဖွားဘာဖြစ်တာလဲလို့ ဘာလာလုပ်တာလဲလို့ မေးကြည့်လိုက်တယ်။

အဖွားက ” ဒီဘက်တစ်ခြမ်းအကုန်ကျဉ်နေတယ်။ သွေးတိုးအရမ်းများနေတယ်လို့ ပြောတယ်လေး။ သွားလာရင် ခေါင်းမူးမူးသွားတယ် ဘာဖြစ်မှန်းမသိဘူး၊ ခေါင်းမူးတယ်။ ခေါင်းကိုက်တယ်။”လို့ ပြောပါတယ်။

ဒေါ်ဝီမြာ

အဖွားအလှည့်မရောက်သေးတဲ့အတွက် အပြင်ခုံတန်းလျားမှာ အဖွားနဲ့အတူတူထိုင်ပြီး အဖွားရဲ့ မိသားစုအကြောင်းကို စကားစပ်မိခဲ့တယ်။ အဖွားက အသက်ကြီးပြီး သွေးတိုးရောဂါ လူအိုရောဂါတွေခံစားနေရလို အနီးစပ်ဆုံး ကျေးလက်ဆေးပေးခန်းဆရာမနဲ့ ပြသနေရတာဖြစ်ပါတယ်။

အဖွားမှာသားတစ်ယောက်ရှိပြီးတော့ အိမ်ထောင်ခွဲဖြစ်ပြီမို့ တခြားအိမ်မှာ နေနေပြီး အိမ်မှာအဖိုးနဲ့နှစ်ယောက်တည်းရှိတဲ့ အကြောင်းပြောပြတာကနေစပြီးတော့ အဖွားကသူ့ရဲ့ အိမ်ကိုလည်လိုက်ဖို့ခေါ်ပါတော့တယ်။

အဖွားနေတဲ့နေရာက ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာ ထီးပွင့်ကန်နှင့် ကန်ခုနှဆင့်သွားတဲ့လမ်းဘေး ဘုရားကုန်းရပ်ကွက် ကေ့ထျိုးဘိုး(တံခွန်တိုင်)ဝိုင်းရဲ့ ဘေးနားမှာနေတယ်လို့ဆိုပါတယ်။

အဖွားရဲ့ ဇာတိက အရင်တုန်းက ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာပါ။ အရင် မငြိမ်းချမ်းခင်ကာလတွေတုန်းက တစ်ရွာပြီးတစ်ရွာပြောင်းရင်းပြောင်းရင်းနဲ့ ဘုရားကုန်းရပ်ကွက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။

အရင်တုန်းက စစ်ကြောင့် ပြေးရင်းလွှားရင်း ဒီဘက်ကို ရောက်လာခဲ့တာလို့ပြောပါတယ်။ ဒါနဲ့ပဲ အဖွားအကြောင်းကို ဆက်လက်မေးမြန်မိသွားပါတယ်။

အဖွားတို့မိသားစုရဲ့အိမ်က လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်က စက်တင်ဘာလ ၁၀ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီအမျိုးသား ဒီမိုဂရက်တစ်ပါတီ (ခေါ်) နဂါးအဖွဲ့နဲ့ ဒေါလော်ခူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ ကျေးရွာရှိ အိမ်ခြေတွေမီးလောင်ဆုံးရှုံးခဲ့တဲ့အထဲ ပါသွားခဲ့တာဖြစ်ပါတယ်။

တချိန်က ပြာကျခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါလောခူရွာဟောင်း ယခုတွင် ခြံများနှင့် ခြုံများသာ ကျန်တော့သည်ကိုမြင်တွေ့ရစဉ်။

“ကျမတို့ ဒေါလောခူကို ပြောင်းလာခဲ့တယ်။ နေနေရင်း ရွာပျက်သွားတော့ ဒီမှာပြေးလာနေလိုက်တာ။ လာနေရင်းနဲ့ ဒီမှာပဲ အခြေချလိုက်တာပေါ့။ အိမ်မှာဒီမှာလာဆောက်နေတာ အရင်ကတည်းက ကြာနေပါပြီ။ အရမ်းကြာနေပါပြီ။ မမှတ်မိတော့ပါဘူး။”လို့ပြောပါတယ်။

သေနတ်သံတွေကြားက ပြေးခဲ့ရတာတွေ၊ ရွာလုံးကျွတ်မီးလောင်သွားတဲ့အကြောင်းကို အဖွားက သူ့ရဲ့ အတွေ့အကြုံကို အခုလို ရှင်းပြသွားပါတယ်။

ဒေါ်ဝီမြာက “အဲဒီအချိန်တုန်းက ပြေးလိုက်ရတာ ဘာမှန်းတောင်မသိတော့ဘူး။ ဒေါပဲ့ဒူဘက်ပြေးသွားလိုက် ဟိုရေထွက်တဲ့အကန်ဘက်ကိုပြေးသွားလိုက်နဲ့ တုန်နေအောင် ပြေးခဲ့ရတယ်။ ထမင်တွေကိုတောင် ကောင်းကောင်းမဝတ်နိုင်တော့ဘူး။ အဲဒီတုန်းက ရွာလေးဆယ်လောက်ရှိတယ်။မီးဖိုချောင်လည်းကြီးတယ်။” လို့ပြောပါတယ်။

တခါက မြန်မာအစိုးရစစ်တပ်နဲ့ ကရင်နီတပ်တို့ ထိပ်တိုက် ဒေါလော်ခူရွာရဲ့ ရေကန်မှာ တိုက်ပွဲဖြစ်တုန်းကလည်း ပုန်းနေခဲ့ရတဲ့အကြောင်း ထပ်မံပြောပြသွားပါတယ်။

“သေနတ်တွေနဲ့ဆက်တိုက်ပစ်ကြတယ်။ ထိုင်ပြီးပုံးနေခဲ့ရတယ်။ သေနတ်သံတွေကြည့်လိုက်ရင် မိုးပိုမှာ ပျံနေကြတယ်။ ပုန်းနေပုန်းနေလို့ ငါ့ကိုအော်ခဲ့ကြတယ်။ ကလေးတွေနဲ့အတူတူ ပုံးနေခဲ့ကြတယ်။” လို့ ဒေါ်ဝီမြာက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတော့ အိမ်တွေပြာကြခဲ့တာ အဖွားတို့မိသားစုအပါအဝင် ဒေါလော်ခူက ရွာသူရွာသားတွေအားလုံး အခုချိန်ထိ ဒုက္ခဆင်းရဲ ခံစားနေခဲ့ကြရတယ်လို့ဆိုပါတယ်။

တစ်ချိန်က စစ်တိုက်တဲ့အကြားထဲမှာ ခဏခဏပြေးလွှားနေရလို့ အခုချိန်လန့်ဖြန့်နေတဲ့အတွက် အခုလို တချိန်လုံး နေမကောင်းဖြစ်နေတာများလားမသိဘူးလို့ ပြောပါတယ်။

ဒေါ်ဝီမြာဟာ စစ်ဘေးဒဏ်ခံနေရတဲ့ နယ်မြေဒေသမှာနေထိုင်တဲ့သူဖြစ်တဲ့အတွက်လည်း ကလေးနှင့်မိခင်ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့သူဖြစ်ပါတယ်။ သားသမီး ၆ ဦးမွေးခဲ့တဲ့ မိခင်ဖြစ်ပါတယ်။ သို့ပေမယ်လို့ ကျန်းမာရေးအသိပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ အတွက် ကလေးတွေဟာလည်း အကြောင်းမျိုးမျိုးနဲ့ ကလေးလေးဘဝတွေမှာ ဆုံးပါးသွားခဲ့ကြတာ အခုဆို သားတစ်ယောက်ပဲ ကျန်ခဲ့တာဖြစ်ပါတယ်။

ဒေါဖုကျေးရွာမှာ နေခဲ့စဉ်အခါက သူမ ကလေးတစ်ယောက်ဆို ဝမ်းသွားအန် ဖျားနာခဲ့တယ်လို့ပြောပါတယ်။ အဲဒီချိန်တုန်းက နွားလှည်နဲ့ နေ့တရက်လောက်သွားရတဲ့ ဒီးမော့ဆိုမြို့က ဆေးရုံကိုလာပြခဲ့ပေမယ့်လို့ အချိန်မမှီခဲ့တဲ့အကြောင်း ရင်ဖွင့်ပြောဆိုသွားပါတယ်။

“သူဝမ်းမကောင်းတာလေး သူအန်တယ်။ သူဝမ်းသွားတယ်။ သူအားမရှိတော့ဘူး။ အားမရှိတော့ ဆုံးသွားတယ်။ ကျမကံအရမ်းဆိုးပါတယ်။ ဘာဖြစ်လို့လဲမသိပါဘူး။” လို့ ဒေါ်ဝီမြာက ပြောပါတယ်။

အရင်တုန်းက ဒေါဖုအုပ်စုအတွင်းရှိ ရွာတွေအားလုံးဟာ အမဲနယ်မြေအဖြစ်သတ်မှတ်တဲ့နေမြေဖြစ်တာကြောင့် ကျေးလက်ဆေးပေးခန်းတွေမရှိ၊ ဆရာမတွေ က တာဝန်ထမ်းဆောင်ဖို့ အခက်အခဲဖြစ်ခဲ့ကြတဲ့ နယ်မြေဖြစ်ပါတယ်။

ဒေါ်ဝီမြာရဲ့ အမျိုးသားမှာလည်း တချိန်တုန်းက ရွာမှာကျေးရွာဥက္ကဌဖြစ်ခဲ့တာဖြစ်လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေလာရင်လည်း ဆက်ဆံရ ၊ မြန်မာစစ်တပ်ကလာရင်လည်း ဆက်ဆံနေရတဲ့အတွက် ကြားကနေပြီး ခြိမ်းခြောက်မှုတွေခံခဲ့ရပါတယ်လို့ အမျိုးသားဖြစ်သူ ဦးစေးရယ်က ပြောပါတယ်။

ငွေတောင်ကျေးလက်ဆေးပေးခန်းဌာနခွဲတွင် ဒေါ်ဝီမြာ ဆေးလာရောက်ကုသမှု ခံယူနေစဉ်ဖြစ်သည်။

အဲဒီနောက်ပိုင်း အမျိုးသားဖြစ်သူ အဖိုး ဦးစေးရယ်ကိုလည်း စစ်တပ်က ပုဒ်မ ၁၇-၁၊ ၁၇-၂ နဲ့ တရားစွဲ ဖမ်းဆီးထောင်ချတာ ခံခဲ့ရတယ်လို့ဆိုပါတယ်။

အဖိုး ဦးစေးရယ်က “သူတို့ပြောတာကတော့ ပုဒ်မ ၁၇-၁ နဲ့ ၂ နဲ့ပေါ့။ ကျနော်က ရှေ့နေတွေ ပြန်အားကိုးခဲ့ရတယ်။ ရှေ့နေက ကြိုးစားပေးခဲ့လို့ ၁ က ပြုတ်သွားခဲ့တယ် ။ ကျနော်ဆက်ပြီး အကူညီတောင်းခဲ့တော့ ကျနော်ကို အာမခံရခဲ့တယ်။” လို့ ပြောပါတယ်။

အခုချိန်မှာတော့ မီးလောင်ပြာကျခဲ့တဲ့ ဒေါလော်ခူကျေးရွာဟောင်းဆိုရင် လူတွေမနေကြတော့ပဲ ခြုံနွယ်တွေအဖြစ်ပဲ တွေ့ရပါတော့တယ်။ တချို့ကတော့ တောင်ယာ၊ခြံအနေနဲ့ တခြားသူတွေ လာလုပ်စားကြတာတွေ့ရပါတယ်။

အဖိုးဦးစေးရယ်က သူ့တို့နေထိုင်ခဲ့တဲ့ ရွာဟောင်းက အိမ်ခြံတွေကို ပြန်ကြည့်ရင်း တချိန်က အဖြစ်ဆိုးတွေကြုံတွေ့ခဲ့ရတာတွေကြောင့် မိသားစု ၁၇ စု လုံးဟာ အခုချိန်ထိ ဆင်းရဲဒုက္ခရောက်နေခဲ့ရတယ်လို့ ပြောပြပါတယ်။

အဖွားကအခုချိန်မှာ ကျန်းမာရေးမကောင်းတော့တဲ့အတွက် ဘာမှအလုပ်မလုပ်နိုင်တော့တာမို့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသူဖြစ်ပါတယ်။ တစ်ချိန်က စစ်ဘေးဒဏ်ကြောင့် ကျေးလက်ဒေသဘက်မှာ ကျန်းမာရေး၊ ပညာရေး စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒီလို အခွင့်အရေးတွေဆုံးရှုံးနစ်နာခဲ့ကြရလို့ လူဘဝရဲ့ တစ်သက်သာမှာ မျိုးဆက်သစ်လူငယ်လူကြီးတွေဟာ ဒေါ်ဝီမြာလို ယခုချိန်အထိ နောက်ဆက်တွဲ ဝေဒနာတွေက ကူသူမဲ့ ရင်ဆိုင်နေကြရဆဲပါ။

အဖွားဒေါ်ဝီမြာဟာဆိုရင် နောက်ဆက်တွယ် သားသမီးတွေဆုံးရှုံးခဲ့ရတဲ့ဝေဒနာတွေ၊ အိုးအိမ်တွေ ဆုံးရှုံးသွားခဲ့ရတဲ့ဝေဒနာတွေနဲ့ ဒီတစ်သက် သူမ ဘာမှမလိုချင်တော့ဘူး။ နေကောင်းကျန်းမာဖို့သာ ဆုတောင်းတယ်လို့ ပြောသွားပါတယ်။

Comments

comments

Next Post

NLD အစိုးရမှ တပ်မတော်နှင့် ရင်ကြားစေ့ရေးကို ပိုမိုဦးစားပေးလုပ်ဆောင်နေဟုဆို

Mon Nov 11 , 2019
ကန္တာရဝတီတိုင်း(မ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအနေဖြင့် တာဝန်ယူစဉ်ကာလတွင် တပ်မတော်နှင့် ပြန်လည်ရင်ကြားစေ့ရေးကိုသာ ဦးစားပေး လုပ်ဆောင်နေသည်ဟု ကယန်းအမျိုးသမီးအစည်းအရုံးက သုံးသပ်ပြောဆိုလိုက်သည်။ ယခုလ (၉) ရက်နှင့် (၁၀)ရက်နေ့တွင် ပြုလုပ်ခဲ့သည် ကယန်းအမျိုးသမီးအစည်းအရုံး၏ တတိယညီလာခံ၏ ပထမ ခြောက်လပတ် အစည်းအဝေးအပြီး ထုတ်ပြန်ကြေငြာချက်တွင် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ကရင်နီပြည်တွင်ဖြစ်ပေါ်နေသည့် ကရင်နီလူငယ်များကို ဖမ်းဆီးနေသည့်ပြသနာနှင့် တောင်သူများ၏ မြေယာများ စစ်တပ်မှ မတရားသဖြင့်သိမ်းဆည်းနေမှုကို အစိုးရမှ သိသော်လည်း အစိုးရအနေဖြင့် ပြည်သူတွေဘက်မှ ရပ်တည်ပေးခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရအနေဖြင့် တပ်မတော်နှင့် ရင်ကြားစေ့ရေးကို ပိုမိုအလေးပေးနေကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မူထရေးဇာကပြောသည်။ ၎င်းက “စစ်တပ်ကနေသိမ်းတဲ့ဟာကို မှားလားမှန်လားဆိုတာ လူထုကနေသိသလို လက်ရှိအစိုးရကလဲသိနေတယ်ပေါ့၊ ဒါပေမဲ့ ဒီအပေါ်မှာ […]