အထိုင်တပ်စခန်းချဲ့ဖို့ လုပ်နေတဲ့ စစ်ကောင်စီကို DMO-PDFပျောက်ကြားစနစ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်

0
5638
ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဩဂုတ်လ ၃ရက်) မနက် ၈နာရီခွဲအချိန် ဒီးမော့ဆို မြို့နယ်ခန်းမအနီး အထိုင်တပ်စခန်းချဲ့ဖို့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) ပျောက်ကြားစနစ်နဲ့ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ DMO-PDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

DMO-PDF ဗျူဟာ ၃ တပ်ရင်း C, D, E တပ်ဖွဲ့ဝင်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ၁၅မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖက် တပ်သား ၂ ဦး သေဆုံးခဲ့ပြီး DMO-PDFဖက် ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆို မြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင် ၂၉၊ ၃၀၊ ၃၁ တွေမှာလည်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပါတယ်။