spot_img
Sunday, April 2, 2023
spot_img

“အနာဂတ်ကြယ်ပွင့်များကျောင်း” မှ အထက်တန်းကျောင်း တိုးချဲ့ဖွင့်လှစ်၊ ကျောင်းသား/သူများ သင်ထောက်ကူပစ္စည်း ခက်ခဲနေ

spot_imgspot_imgspot_imgspot_img

 

ကေးဒူ (ကန္တရဝတီတိုင်း (မ်))

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ အလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်နေတဲ့ “အနာဂတ်ကြယ်ပွင့်များကျောင်း” စာသင်ကျောင်းကို အထက်တန်းကျောင်း အဖြစ်၂၀၂၂ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

စာသင်ကြားတဲ့အချိန်တွေမှာ ဖတ်စာအုပ်တွေ မလုံလောက်မှုကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ Grade -10 မှာ ပညာသင်ကြားနေတဲ့ မော်မီးမြာက အခုလို ပြောပါတယ်။

” စာအုပ်က ပြည့်ပြည့် စုံစုံရှိရမယ်ပေါ့နော်။အခု စာအုပ်ပြည့်ပြည့်စုံစုံမရှိတော့ အိမ်ကိုယူသွားပြီးတော့ စာကျက်လို့လည်း မရဘူးပေါ့နော်။ ကူးပဲကူးနေရတယ်ပေါ့နော်။ ဘောပင်တွေလည်း သိပ်မရှိဘူးပေါ့နော်။ မရှိဘူးဆိုတာက ရောင်းတဲ့ ဆိုင်လည်း သွားမဝယ်နိုင်ဘူးပေါ့နော်။ အခက်အခဲတွေလည်းရှိတယ်ပေါ့နော်။ဘောပင်ကုန်ပြီဆိုရင် ခဲတံနဲ့ပဲရေးနေရတယ်။အ့လို အခြေအနေရှိတယ်ပေါ့နော်” လို့ Grade -10 မှာပညာသင်ကြားနေတဲ့ မော်မီးမြာ ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀ ကျော်ကို ဆရာ၊ ဆရာမ ၁၆ ယောက်နဲ့ လက်ခံသင်ကြားပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပထမ အသုတ်မှာဆိုရင် KG ကနေ Grade-9 အထိ ကျောင်းသား/သူ ပေါင်း ၁၆၀ ကျော်ကို အတန်းတင် ကျောင်းဆင်းလက်မှတ် ပေးအပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအသုတ်မှာတော့ အထက်တန်းအထိအပြင် မူကြိုကျောင်းပါ ဖွင့်လှစ်နေပြီဖြစ်တယ်လို့ ကျောင်းတာဝန်ခံဆရာမ တစ်ဦးက ပြောပါတယ်။

“အစက ပထမ အသုတ်မှာဆို ကျမတို့ကျောင်းသား/သူ ၂၀၈ ယောက်ဆိုပေမယ့်ပေါ့နော်။ နောက်ဆုံးလက်မှတ် ရသွားတဲ့ကလေးက ၁၆၆ယောက် ပေးနိုင်ခဲ့တယ်ပေါ့။ Bath  (2)မှာခါကျတော့ မူကြိုလည်း ပါလာမယ်။ ပြီးတော့ Grade 10 လည်းပါလာမယ်ပေါ့နော်။ မူကြိုကနေ စပြီးတော့မှ Grade -10ထိ အားလုံးပေါင်း ၁၁ ခန်း ထားပေးမှာပေါ့နော ” လို့ တာဝန်ခံ ဆရာမ တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်ကာလ တစ်နှစ်ကျော်လာပြီဖြစ်လို့ ဝင်ငွေတွေလည်းမရှိတဲ့တွက် စာရေးကိရိယာတွေဝယ်ယူဖို့ ခက်ခဲနေပြီး အလှူရှင်တွေကိုသာ အားကိုးနေကြရတာ ဖြစ်ပါတယ်။

“အနာဂတ်ကြယ်ပွင့်များကျောင်း” ကတော့ စစ်ရှောင်စခန်းတစ်နေရာမှာ ၂၀၂၁ခုနစ် က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာအထက်တန်းအထိဖွင့်လှစ်နေပြီဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...