spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အနာဂတ်ကြယ်ပွင့်များကျောင်း” မှ အထက်တန်းကျောင်း တိုးချဲ့ဖွင့်လှစ်၊ ကျောင်းသား/သူများ သင်ထောက်ကူပစ္စည်း ခက်ခဲနေ

Author

Date

Category

ကေးဒူ (ကန္တရဝတီတိုင်း (မ်))

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ အလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်နေတဲ့ “အနာဂတ်ကြယ်ပွင့်များကျောင်း” စာသင်ကျောင်းကို အထက်တန်းကျောင်း အဖြစ်၂၀၂၂ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ထပ်မံ တိုးချဲ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

စာသင်ကြားတဲ့အချိန်တွေမှာ ဖတ်စာအုပ်တွေ မလုံလောက်မှုကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ Grade -10 မှာ ပညာသင်ကြားနေတဲ့ မော်မီးမြာက အခုလို ပြောပါတယ်။

” ဖတ်စာအုပ်။ ဖတ်စာအုပ်က မလုံလောက်တဲ့အခါကျတော့ ဟို.. တစ်ခုံကိုမှာပေါ့နော်တစ်အုပ်ပဲ။ အဲ့လောက်ပဲရှိတယ်။ တစ်ခုံမှာ သုံးယောက် လေးယောက် ထိုင်ရတာဆိုတော့လေ အဆင်မပြေဘူး။ ပြီးရင် အမှန်တကယ်ဆို အိမ််ကို ယူဆောင်သွားမယ်။ပြီးရင် စာကျက်မယ်။ အဲ့လိုရှိရမယ်။ စာအုပ်က ပြည့်ပြည့် စုံစုံရှိရမယ်ပေါ့နော်။အခု စာအုပ်ပြည့်ပြည့်စုံစုံမရှိတော့ အိမ်ကိုယူသွားပြီးတော့ စာကျက်လို့လည်း မရဘူးပေါ့နော်။ ကူးပဲကူးနေရတယ်ပေါ့နော်။ ဘောပင်တွေလည်း သိပ်မရှိဘူးပေါ့နော်။ မရှိဘူးဆိုတာက ရောင်းတဲ့ ဆိုင်လည်း သွားမဝယ်နိုင်ဘူးပေါ့နော်။ အခက်အခဲတွေလည်းရှိတယ်ပေါ့နော်။ဘောပင်ကုန်ပြီဆိုရင် ခဲတံနဲ့ပဲရေးနေရတယ်။အ့လို အခြေအနေရှိတယ်ပေါ့နော်” လို့ Grade -10 မှာပညာသင်ကြားနေတဲ့ မော်မီးမြာ ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀ ကျော်ကို ဆရာ၊ ဆရာမ ၁၆ ယောက်နဲ့ လက်ခံသင်ကြားပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ပထမ အသုတ်မှာဆိုရင် KG ကနေ Grade-9 အထိ ကျောင်းသား/သူ ပေါင်း ၁၆၀ ကျော်ကို အတန်းတင် ကျောင်းဆင်းလက်မှတ် ပေးအပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအသုတ်မှာတော့ အထက်တန်းအထိအပြင် မူကြိုကျောင်းပါ ဖွင့်လှစ်နေပြီဖြစ်တယ်လို့ ကျောင်းတာဝန်ခံဆရာမ တစ်ဦးက ပြောပါတယ်။

“အစက ပထမ အသုတ်မှာဆို ကျမတို့ကျောင်းသား/သူ ၂၀၈ ယောက်ဆိုပေမယ့်ပေါ့နော် နောက်ဆုံးလက်မှတ် ရသွားတဲ့ကလေးက ၁၆၆ယောက် ပေးနိုင်ခဲ့တယ်ပေါ့။ Bath (2)မှာခါကျတော့ မူကြိုလည်း ပါလာမယ်။ ပြီးတော့ Grade 10 လည်းပါလာမယ်ပေါ့နော်။ မူကြိုကနေ စပြီးတော့မှ Grade -10ထိ အားလုံးပေါင်း ၁၁ ခန်း ထားပေးမှာပေါ့နော ” လို့ တာဝန်ခံ ဆရာမ တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်ကာလ တစ်နှစ်ကျော်လာပြီဖြစ်လို့ ဝင်ငွေတွေလည်းမရှိတဲ့အတွက် စာရေးကိရိယာတွေဝယ်ယူဖို့ ခက်ခဲနေပြီး အလှူရှင်တွေကိုသာ အားကိုးနေကြရတာ ဖြစ်ပါတယ်။

“အနာဂတ်ကြယ်ပွင့်များကျောင်း” ကတော့ စစ်ရှောင်စခန်းတစ်နေရာမှာ ၂၀၂၁ခုနစ် က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာအထက်တန်းအထိဖွင့်လှစ်နေပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts