spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမျိုးသား မြေအသုံးချမှုဆိုင်ရာ မူဝါဒဆွေးနွေးပွဲလွိုင်ကော်တွင် ပြုလုပ်

Author

Date

Category

ခူးစိုးရယ်ဦ

ကယားပြည်​နယ်​တွင်​ အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာနှင့် သိမ်းဆည်း မြေများဆိုင်ရာ ကိစ္စရပ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ​အောက်​တိုဘာ ၁ ရက်​​နေ့တွင်​ ကျင်​းပပြုလုပ်​ခဲ့သည်​။

ကယားပြည်နယ်အတွင်း သစ်တောကဏ္ဍမြှင့်တင်ရေး၊ သစ်တောများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် သစ်တောကဏ္ဍနှင့်သက်ဆိုင်သော အမျိုးသားမြေ အသုံးချမှု မူဝါဒဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် ပြည်နယ်အတွင်း စွန့်လွှတ်နိုင်ခြင်းမရှိသော သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်တင်ပြရာတွင် လယ်ယာမြေနှင့် အခြား​မြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟို ကော်မတီ၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်​ဟု သိရသည်​။

ဗဟိုသို့ တင်ပြနိုင်ရန် ယခင်လတွင် သိမ်းဆည်းထားပြီးလယ်ယာမြေများကို ပြန်လည်စွန့်လွတ်နိုင်သည့်မြေနှင့် မစွန့်လွှတ်နိုင်သည့် မြေများကိုဖြေရှင်းရန်အတွက် ၂၀၁၈ စက်တင်ဘာလ ၂ ရက်နေ့တွင် အစိုးရအဖွဲ့နှင့် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဒေါက်တာခင်စည်သူတို့က ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု သိရသည်။

“သိမ်းဆည်းတဲ့မြေက တရားမဝင်သိမ်းတာရှိသလို၊ တရားဝင်သိမ်းတာလည်းရှိတယ်၊ မြေများကို ပြန်မစွန့်လွတ်နိုင်ဘူးဆိုရင် ပြည်သူနစ်နာခြင်းများအတွက် ပြန်ပေးသင့်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြောပါသည်။

ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ သစ်တောကဏ္ဍနှင့်ပတ်သက်၍ သစ်တောများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒများ၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ သစ်တောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်း လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်စီးပွားဖြစ် ကျွန်း/သစ်မာစိုက်ခင်းများ စိုက်ပျိုးမှုအခြေအနေများ၊ ပုဂ္ဂလိကပိုင် ထင်းစိုက်ခင်းများ တည်ထောင်စိုက်ပျိုးရေး ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ​ ဆွေး​နွေးခဲ့သည်​ဟု သိရသည်​။

အဆိုပါ သစ်တောကဏ္ဍနှင့် သိမ်းဆည်းမြေများကိစ္စ ဆောင်ရွက်မှုအခြေအနေများ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားရာတွင် သစ်တောကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၈ ​အောက်​တိုဘာ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ​နေပြည်တော်၌ကျင်းပမည့် သစ်တောကဏ္ဍအစည်းအဝေးတွင် ပြည်နယ်အတွင်း လက်ရှိမြေပြင်တွင် ကြုံတွေ့နေရသော အခက်အခဲများဖြစ်သည်​့ ဘောလခဲဒေသ ပွန်ချောင်းတွင် ကနူးကယက်​လှေစီး ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးကိစ္စရပ်​များကိုလည်​း ​ဆွေး​နွေးတင်​ပြသွားခဲ့ကြသည်​။

အလားတူ ပြည်​နယ်​အတွင်​း ဖရူဆိုမြို့နယ်၊ ထီးပရူနူဒေသ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေးကိစ္စ၊ ဖားဆောင်းမြို့ ဧရိယာတိုးချဲ့နိုင်ရေးအတွက် သစ်တောမြေ ပယ်ဖျက်ခွင့်ရရှိရေး စသည့် ကိစ္စရပ်တွေအတွက် သစ်တောမြေ အသုံးပြုခွင့်ရရှိ​ရေးနှင်​့ ပယ်ဖျက်ခွင့်ရရှိရေးတို့ ဆောင်ရွက်နိုင်ရန် ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထောင်စုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြထားသည်​ဟု သိရသည်​။

စီမံကိန်း (၁၀)နစ်အတွင်းမလုပ်ဖြစ်လျှင် ပြန်ပေးပါဟု ဒေသခံများကတောင်းဆိုထားခြင်းများရှိပြီး လုပ်ငန်းအကောင်ထည်ဖော်ခြင်းမရှိသည့်မြေများကို ပြည်နယ်ဌာနဆိုင်ရာမှ ပြန်လည်စွန့်လွှတ်နိုင်သည့် မြေများရှိသလို ပြန်မစွန့်နိုင်သည့် မြေလည်းရှိသည်ဟု ဒေါက်တာခင်စည်သူက ဆက်ပြောသည်။

ပြည်နယ်လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီက ဖြေရှင်းဆောင်ရွက်နေ​သော မြေယာမှုခင်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်ရန် ကျန်ရှိနေသည်များကို ယခုနှစ်၊ ဒီဇင်ဘာလအတွင်း အပြီးအပြတ်ဆောင်ရွက်သွားရန် ပြည်နယ်ဝန်ကြီးချုပ်​က လမ်းညွှန်ခဲ့သည်ဟု သိရသည်​။

spot_img
spot_img

Recent posts