Thursday, January 27, 2022

အရှေ့တောင်အာရှမှာ အကြီးဆုံးစီမံကိန်းဖြစ်တဲ့ ပြင်သစ်မွေးမြုရေးစက်ရုံပျက်စီးနေပြီး ဝက်များသေဆုံးနေ

Must read

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါကလိုးခူကျေးရွာအနီးရှိ နယ်သာလန်အခြေစိုက် De Heus Myanmar Co.,ltd ကုမ္ပဏီရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကြီးစား ဝက်မွေးမြူရေးစီမံကိန်းစက်ရုံဟာ အစာကျွေးကြည့်ရှုသူ မရှိတော့တဲ့အတွက် မွေးမြူထားတဲ့ဝက်တွေ အစာရေစာငတ်ကာ သေဆုံးလျက်ရှိနေတယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“မနေ့ညကသွားတာပေါ့။ စက်ရုံတံခါးဝလည်းအကုန်ပွင့်နေတယ် အထဲရောက်တော့လည်း စက်ရုံဝန်ထမ်းတွေက တစ်ယောက်မှမရှိတော့ဘူး။ ပြီးတော့ အထဲမှာ စက်ရုံလည်း အကုန်ပျက်နေတယ်။ မှန်တံခါးဆိုရင်လည်း အကုန်ကွဲနေတယ်။ ဝက်ခြံဆိုရင်လည်း ဝက်တွေက အပြင်မှာ အကုန်လုံးထွက်ကုန်ပြီ သေတဲ့အကောင်လည်းတစ်ဝက်လောက်က အကုန်လုံးသေနေပြီ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှ ကရင်နီ(ကယား)ပြည်နယ်ကို ရောက်ရှိလာတဲ့ အဆိုပါ ဝက်မျိုးပွားစီမံကိန်းမှာ အရှေ့တောင်အာရှတွင် အကြီးဆုံးစီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံအတွင်းအပြင်ဟာ ပျက်စီးနေသလို မွေးမြူထားတဲ့ ဝက်အကောင်ကြီးနဲ့ ဝက်သားပေါက်အကောင်ရေ တစ်ထောင်ကျော်ရှိပြီး အစာရေစာငတ်ပြတ်တာ ကြာမြှင့်ပြီဖြစ်တဲ့အတွက် ထက်ဝက်ခန့် သေဆုံးလျက်ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၁၉ခုနှစ်က အဆိုပါ အကြီးစားဝက်မွေးမြူရေစီမံကိန်း စတင်လုပ်ဆောင်ကတည်းက စက်ရုံမှ အနံ့ဆိုးထွက်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

“အနံ့တွေက တအားနဲ့ထွက်တယ် အစကတည်းကအနံ့ကထွက်နေပြီလေ ဝက်သေတွေ ထွက်ပေါ်လာခါကျတော့ အနံ့ဆို နံ့ဟောင်နေတာပဲ စက်ရုံနားမရောက်ခင်တောင်မှ အနံ့ကကြိုရနေပြီ။”လို့ အဆိုပါဒေသခံက လက်ရှိအခြေအနေကို ဆက်ပြောပါတယ်။

လတ်တလော ဒီမော့ဆိုမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စက်ရုံတာဝန်ရှိသူနဲ့ စက်ရုံဝန်ထမ်းတွေက ထွက်ပြေးတိမ်းရှောင်တာဖြစ်ကြောင်း ဒေသခံတွေက ယူဆကြပါတယ်။

အဆိုပါ စီမံကိန်းဟာ ၂၀၁၈ခုနှစ်အတွင်း ကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြီးနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးတဲ့ ပြင်သစ်ဝက်စီမံကိန်းမှာ နှစ် ၅၀ နှစ်ရှည်စီမံကိန်းဖြစ်ပြီး ၁၀နှစ်လျှင် တစ်ကြိမ်၊ (၂)ကြိမ်ထပ်မံပြီး သက်တမ်းတိုးနိုင်တယ်လို့ သိရပါတယ်။

အမေရိကန်ရိကန်ဒေါ်လာသန်းပေါင်း ၃သောင်းကျော်( ၃.၁၈၁၉ဘီလီယံ) ခန့် ကုန်ကျခံ သုံးစွဲထားတဲ့ စီမံကိန်းကြီးတစ်ရပ်ဖြစ်ပြီး De Heus Myanmar Col.,ltd က နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် ၂၀၁၉ခုနှစ် ဩဂုတ်လမှာ ကယားပြည်နယ်ကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

- Advertisement -
- Advertisement -

Latest article

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ရိက္ခာတွေနဲ့ ကလေးဘောင်းဘီအနွေးထည် လိုအပ်လျက်ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ ဆောင်းတွင်း ရက်ကြာရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ ကလေးဘောင်းဘီအနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ လူဦးရေ...

ကရင်နီပြည်နယ်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံနေရမှု ပိုမိုဆိုးဝါးလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရမှုဟာ ပိုမိုဆိုးဝါးလာတယ်လို့ ဒေသခံတစ်ဦးဆီကနေသိရပါတယ်။ လွိုင်ကော်မြို့ပေါ်မှာဆိုရင် ( Mytel) နဲ့ MPT တို့သာ ရရှိနေပြီး တယ်လီနောနဲ့ အော်ရီဒူးဟာ...

၂၀၂၂ ဇန်နဝါရီလ ၂၆ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-317740675?si=75fe59e6178a4b318490d98d7e271cb9&utm_source=clipboard&utm_medium=text&utm_campaign=social_sharing ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၆ ရက်နေ့ KT FM ရဲ့ ဗုဒ္ဒဟူးနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ ဟိုဖိတ်ကျေးရွာမှာ...

ဟိုဖိတ်ကျေးရွာမှာ ဒေသခံတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

https://youtu.be/dGz4XnoH9hc ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို KNPPနဲ့ PDF သတ်ဖြတ်ခဲ့ပြီး War Crime (စစ်ရာဇဝတ်မှု) ကျူးလွန်ခဲ့တယ်လို့...

၂၀၂၂ ဇန်နဝါရီလ ၂၅ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-346584808 ဒီနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နန်ဝါရီလ ၂၅ ရက်နေ့ KT FM ရဲ့ အင်္ဂါနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် အစီအစဉ်များမှာ- လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာမှာ ဒေသခံလူငယ်တစ်ဦး မိုင်းနင်းမိ-...