အလုပ်ပါးခြင်းကြောင့် စားဝတ်နေရေးအတွက် ဝဥရှာထွက်ကြ

ခူးစိုးရယ်ဦး

ယခုလများအတွင်း ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အလုပ်ရှားပါးခြင်းကြောင့် တောင်ယာအလုပ်အစား တောတွင်းရှိ ဝဥများကို လိုက်လံရှာဖွေစုဆောင်းကာ ရောင်းချနေကြောင်း သိရသည်။

“ကျွန်တော်တို့ အလုပ်ပါးလို့ လိုက်ရှာတာပေါ့၊ နည်းနည်းပါးပါးရရင်လည်း မဆိုးဘူးလေး၊ ဒါပေမယ့် သွားလိုက်ရှာတဲ့အခါဆို တော်တော်အခက်အခဲ ရှိတာပေါ့၊ တောင်ကြိုတောင်ကြားမှာ သွားရတာမျိုးလည်း ရှိပါတယ်” ဟု ကေးလျားကျေးရွာနေ ဦးကိုရယ်ကပြောပါသည်။

ယခုချိန်ခါတွင် ဒေသခံတောင်သူများ စိုက်ပျိုးပြီးချိ်န်ကာလဖြစ်၍ ၎င်းတို့ ထွေထွေထူးထူး လုပ်စရာအလုပ်မရှိဘဲ ယင်းစိုက်ပြီးပျိုးပြီးသော သီးနှံများကိုသာစောင့်ကြည့်ရ၍ အလုပ်ပါးသည်ဟု တောင်သူအချို့က ဆိုပါသည်။

ကုန်စည်ဒိုင်မှ မြေပဲ၊ နှမ်း၊ ပဲ၊ ဒညင်းသီးနှင့် အခြားတောထွက်ပစ္စည်းများကို ရာသီအလိုက် ဝယ်ယူကြသည်။ ယင်းကုန်များအပေါ် အခြေခံကာ တနေ့လျင် နေ့စားခ ကျပ် တစ်သောင်းဝန်းကျင်ခန့် အမြတ်ရကြောင်း ကုန်စည်ဒိုင်များက ဆိုသည်။

ဝဥများကို မြို့နယ်ဈေးများထိ လာရောက်ဝယ်ယူကြသည့် ဈေးသည်ကားများကိုတွေ့ရစဉ်

“ခုလောလောဆယ်တော့ ကုန်သိပ်မရှိဘူးပေါ့၊ ရာသီအလိုက်ထွက်တော့ ကြုံရာဝယ်ရတာပေါ့၊ ဈေးပါးလိုက်တဲ့အချိန်ဆို အခက်တွေ့တယ်၊ ကားခလေးပြန်နုတ်လိုက်ရင်တော့ နေ့စားခလောက်ပဲ ရတာပေါ့” ဟု လွိုင်ကော် ရွာတန်းရှည်ကျေးရွာနေ ဒေါ်နန်းအောင်ကပြောပါသည်။

အဆိုပါ ဝဥများကို နှစ်မျိုးခွဲ၍ ဝယ်ယူကြသည်။ အစိုနှင့် အခြောက်ဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး ဝဥအစိုတစ်ပိဿလျှင် ၁၀၀ဝ ကျပ်ဖြစ်ခန့် ဈေးပေါက်ပြီး အခြောက်တစ်ပိဿလျှင် ၆၀၀ဝ ကျပ်အထိရှိကြောင်း သိရသည်။ ဒေသခံများ ရလာသောဝဥများကို ကုန်စည်ဒိုင်သို့ တိုက်ရိုက် ရောင်းချခြင်းများက ပိုများသည်ဟု သိရသည်။

ဝဥများကို ဒိုင်များကတစ်ဆင့် အချောပြန်သပ်ပြီးတစ်ဆင့် ပြန်ရောင်းကြကြောင်း သိရသည်။ ဝဥအစိုများကို ပါးပါးလှီးကာ အခြောက်လှမ်းကြပြီး တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း သိရသည်။

ယခုလတွင် ဖရူဆိုမြို့နယ်အတွင်း ဒေသခံတောင်သူများ အလုပ်ရှားပါးနေ၍ တောင်ယာအလုပ်အစား ဝဥများကိုလိုက်လံရှာဖွေကြပြီး ရောင်းကြသည်။ ဝဥသည် ယခင်နှစ်ထက် ဈေးနှစ်ဆ ပိုမိုမြင့်တက်လာပြီး တစ်ပိဿလျင် ၆၀၀ဝ ကျပ် ရှိသည်ဟုသိရသည်။

Comments

comments

Next Post

ယနေ့မနက် ကေအဲန်ပီပီနှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား

Sat Oct 20 , 2018
ကန္တာရဝတီတိုင်းမ် ယနေ့ အောက်တိုဘာလ ၂ဝရက်နေ့ မနက်ပိုင်းတွင် ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာဘက်တွင် KNPPနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်နေကြောင်း သိရသည်။ ̏ ကျွန်တော်တို့လည်း အဲ့မှာ ကျွန်တော်တို့လူရှိတယ်လေး၊ သူတို့လည်း သူတို့အလုပ်ကို သူတို့လုပ်မယ်ပေါ့။ လုပ်ချင်လုပ်မယ်ဆိုတာက သူတို့အလုပ်က အဲ့မှာဂိတ်ရှိတယ်၊ ဂိတ်ရှိရဲ့နဲ့ သူတို့ခွင့်မတောင်းဘဲနဲ့ ဂိတ်ကိုပတ်ပြီး ကျော်သွားတယ်ပြောတယ်လေ၊ သူတို့သတင်းမပို့ရင် ခုဏပြောသလိုမျိုး သူတို့တာဝန်နဲ့သူတို့ရှိတယ်၊ သူတို့အလုပ်ကို သူတို့လုပ်ကြမှာပဲလေ˝ ဟု လွိုင်ကော်မြို့ ကေအဲန်ပီပီဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ကန္တာရဝတီတိုင်းမ်သို့ ပြောသည်။ အေက်တိုဘာ ၁၉ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ကေအဲန်ပီပီထိန်းချုပ်နယ်မြေအတွင်းသို့ စစ်တပ်ဖက်မှ ခွင့်မတောင်းဘဲ ကျော်တက်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်းမ်သို့ ပြောသည်။ ̏ KNPPထိန်​းချုပ်​​နယ်​​မြေထဲသို့ […]