အိမ်သုံးလျှပ်စစ်မီတာခ အခမဲ့သုံးစွဲခွင့် တစ်လထပ်မံသုံးစွဲခွင့်ပြု

0
753

ဦးမြာ

လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာနကနေ ဇန်နဝါရီလ တစ်လစာအတွက် အိမ်သုံးလျှပ်စစ်မီတာခ ၁၅၀ ယူနစ်စာကို အခမဲ့ သုံးစွဲခွင့် ထပ်မံ ခွင့်ပြုလိုက်​တယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ကြောင့် ပြည်သူတွေ စီပွားရေးအရ စိတ်ဓာတ်ရေးရာအရ အကျပ်အတည်းရှိနေတာကြောင့် ဓာတ်အားခကျသင့်ငွေကင်းလွှတ်ခွင့်အခမဲ့ ဆက်လက်ပေးဆောင်သွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဇန်နဝါရီလ တစ်လကို လျှပ်စစ်ဓာတ်အား ၁၅၀ ယူနစ်နဲ့ မီတာစောင့်ကြည့်ခကို အခမဲ့သုံးစွဲခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ၁၅၁ယူနစ်အထက်သုံးစွဲရင်တော့ ၁၅၀ ယူနစ်အတွက် ကျသင့်ငွေ လျှပ်စစ်ဓာတ်အားခ ၁၁၅၅၀ ကျပ်ကို ကင်းလွှတ်ခွင့် ပေးသွားမယ်လို့ပါရှိပါတယ်။

ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက် အိမ်သုံးလျှပ်စစ်မီတာတွေကို ကင်းလွှတ်ခွင့်ပေးတာြဖစ်ပြီး အခြားမီတာအမျိုးအစားတွေကိုတော့ မီတာခကင်းလွှတ်ခွင့်မပေးထားပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုစတင်ဖြစ်ပေါ်တဲ့ မဧပြီလကစပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၀နှစ်ကုန်အထိ လစဥ် အိမ်သုံးလျှပ်စစ်မီတာတွေကို ၁၅၀ ယူနစ်အခမဲ့သုံးစွဲခွင့်ပေးတာ ဖြစ်ပါတယ်။