spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အပြောင်းအရွေ့ကာလ ကြန့်ကြာမှုကြောင့် ပညာရေးဝန်ထမ်းများ အချိန်မီ မခန့်အပ်နိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်တွင် ပညာရေးကောလိပ်ကျောင်း ဖွင့်လှစ်ခဲ့သည်မှာ ၂ နှစ်နှစ်ရှိပြီ ဖြစ်သော်လည်း အောက်ခြေ၌ ကျောင်းဆရာ/မ လိုအပ်ချက်များ ရှိနေသေးကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးက ပြောကြားလိုက်သည်။

ပညာရေးဌာနကို ပြည်နယ်ကနေတဆင့် ပြည်ထောင်စုမှ တိုက်ရိုက် ကိုင်တွယ်ပြီး ဝန်ထမ်းခန့်အပ်သောစနစ်ကြောင့်လည်း လိုအပ်ချက်များ ဖြစ်နေခြင်းဟု စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကန္တာရဝတီတိုင်း(မ်)သို့ ထုတ်ဖေါ်ပြောကြားသည်။

“ဒါကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ ပထမတစ်ချက်ကတော့ ပွင့်ပွင့်လင်းလင်းပြောတဲ့သူရှိတာပေါ့နော။ ပွင့်ပွင့်လင်းလင်းဆိုတာက ဝန်ထမ်းတွေ နေရာချပေးတာ ပြည်ထောင်စုကနေ ကိုင်သွယ်လုပ်တာပေါ့နော။ ကျောင်းဆိုလို့ရှိရင်လည်း ဆရာက တင်ပြပြီးတော့ ခွင့်ပြုပြီးမှ သွားရတာလေ။ ဆိုတော့ လောလောဆယ်မှာ အကြောင်းကြောင်းကြောင့် ပြည်ထောင်စုအဆင့်မှာ မရှိသေးတဲ့ ကျောင်းတွေဆိုလို့ရှိရင် ဘာကြောင့်မရှိတာလဲ တကယ်လို့ဒီမျိုးမဖြစ်အောင် ဆရာတို့ဘယ်လိုပုံစံနဲ့ တင်ရမလဲဆိုတာ ဒါလေးတွေကိုတော့ အောက်ခြေဒေတာတွေကို တိတိကျကျ ပြည့်ပြည့်စုံစုံ မှန်မှန်နဲ့ ကြည့်ရမယ်လို့ ဆရာတို့ ထင်တာပေါ့။ အဲဒါမှ အဖြေထုတ်လို့ရမှာလေ။”ဟု ဝန်ကြီးက ဆိုသည်။

မူလကျောင်းများကို အထက်တန်းကျောင်းခွဲ၊ မူလတန်းကျောင်းခွဲနှင့် အလယ်တန်းကျောင်း စသည်ဖြင့် တိုးချဲ့လိုက်သော ကျောင်းများတွင် ဆရာ/မ မလိုအပ်ချက်များရှိနေကြခြင်းဖြစ်သည်။

ကျောင်းဆရာလိုအပ်ချက် အချိန်မှီ တာဝန်ခန့်အပ်ထားခြင်း မပေးနိုင်သောကြောင့် ယခုနှစ် ပညာရေးနှစ်တွင် ဖွင့်လှစ်လိုက်သော ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆိုကျေးရွာတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ၉ တန်းတွင်လည်း ကျောင်းဆရာလိုအပ်ချက်ရှိနေကြောင်း သိရသည်။

အဆိုပါ ၉ တန်းတွင် ကျောင်းဆရာ ၂ ဦးသာ ခန့်အပ်ထားကာ ဘာသာရပ်ဆိုင်ရာ ဆရာနေရာများအတွက် လိုအပ်နေကြောင်း ယူဆမူဆို အ.ထ.က(ခွဲ) ကျောင်းအုပ်က ပြောသည်။

“ကျနော်တို့ ကျောင်းမှာ လိုအပ်နေလို့ တောင်းထားပြီးပြီး။ အခုထိ ကျောင်းမှာ ဘာသာရပ်အတွက်ပြမယ့် ဆရာတွေရောက်မလာသေးဘူး။ နှစ်ယောက်တော့ ခန့်ထားပြီးပြီ ဒါပေမယ့် အခြားဘာသာတွေအတွက် လိုနေသေးတယ်လေး။”ဟု ကျောင်းအုပ်က စက်တင်ဘာလ ဒုတိယအပတ်က ပြောကြားသည်။

ယူဆမိုဆိုကျောင်းကဲ့သို့သော အဖြစ်မျိုး နေရာတိုင်းတွင် ဖြစ်ပေါ်နေလျှက်ရှိပြီး ပညာရေးဝန်ထမ်းများ အပြောင်းအရွေ့ပြုလုပ်ကြပြီးနောက်ပိုင်း အဆိုပါ လစ်လပ်နေရာများတွင် အချိန်မီ ပြန်လည် ခန့်အပ်ခြင်း မပြုလုပ်နိုင်ခြင်းကြောင့်ဟု ပညာရေးလောကအကြား ဝေဖန်မှုများ ရှိနေကြသည်။

ဝေးလံခေါင်ပါးတဲ့ ကျေးရွာများနှင့် နယ်မြေဒေသများတွင် လစ်လပ်ဝန်ထမ်းများ လိုအပ်ချက်ကို အချိန်မီ ခန့်အပ်နိုင်ခြင်းများကို အများဆုံးတွေ့နေရပြီး နယ်မြေလုံခြုံရေးအရ ပညာရေးဝန်ထမ်းများ လိုအပ်ချက်များ မြှင့်တက်နေသည်။ ယခင်က အမဲနယ်မြေလို့ သတ်မှတ်ထားသော နေရာများကို လုံခြုံရေးအရ လုံခြုံမှုမရှိဟု သတ်မှတ်ထားကြပြီး အဆိုပါ ဒေသရှိ ကျောင်းများတွင် ကိုယ်ထူကိုယ်ထဖြင့်သာ ဆရာ/မကို ခန့်အပ်ထားနိုင်ကြသည်။

ရေရှည်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖွင့်လှစ်ထားသော ကျောင်းများတွင် အရည်အချင်းနှင့် ဆိုင်သော ကိစ္စရပ်များဖြင့် လိုအပ်ချက်ရှိနေပြီး ယင်းအခြေအနေအကြား ပညာရေးနှင့် ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်သာ ပိုမိုသက်ဆိုင်သည်ဟု ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ဆိုသည်။

“အဲဒါတစ်ခုကျတော့ ဒါကတော့ ပူးပေါင်းဆောင်ရွက်လို့ရလား မရဘူးလားဆိုတာ ဆရာတို့ သူတို့နဲ့ ပတ်သက်ဆက်ဆံနေရတာ လုံခြုံရေးနဲ့နယ်စပ်ရေးရဌာနနဲ့ ပိုပြီးတော့ ပတ်သက်တယ်လေနော။ ဆိုတော့ ဒီနေရာက ကန့်သတ်နယ်မြေဖြစ်ပါတယ်ဆိုရင် ဆရာတို့က သွားလို့မရဘူးလေ လုံခြုံရေးတာဝန်။ အဲဒါကြောင့် ဆရာပြောတာ ဆရာတို့ တရားဝင်သာ ခွင့်ပြုချက်ရတဲ့နေရာဆိုရင် ဆရာတို့အနေနဲ့ လုပ်နိုင်သမျှ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ပါ့မယ်လို့နော။ ဒါကြောင့်မို့လို့ လုံခြုံရေးရှုထောင့်ကနေပြီးတော့ အခြေအနေလေးတွေ အခွင့်မသာဘူးဖြစ်နေတယ်ဆိုရင်တော့ ဆရာတို့က အတင်းသွားလုပ်လို့မရဘူးလေ။ဆရာတို့အနေနဲ့ ဝန်ကြီးဌာနတစ်ခုကို တာဝန်ယူရတာပေါ့။ ဒီတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ ရတဲ့ကိစ္စ ဟုတ်မဟုတ်အပိုင်းလေးလည်း ရှိသေးတယ်လေ။ အဓိကကတော့ နယ်မြေလုံခြုံရေးနဲ့ ကန့်သတ်နယ်မြေကိစ္စ အဲဒါပဲ။ ဆရာလည်း အထက်လွှတ်တော်မှာ အရင်က ကြားဖူးတယ် တစ်ချို့တစ်ချို့လည်း ပြောပြလို့ပေါ့နော ရွာတွေရှိတယ်။ ဒါပေမဲ့ ခက်တာက သွားတာလည်းအဆင်မပြေဘူးပေါ့။ လုံခြုံရေးပိုင်းကလည်း ကန့်သတ်သဘော ဖြစ်နေတယ်ဆိုတော့ ပြည်တွင်းထဲရှိ နာမည်တရာဝင် မပေါက်တာလည်း ဆရာတို့ကလည်း လုပ်နိုင်သလောက်လေးနဲ့ပေ့ါ။ လုံခြုံနယ်စပ်နဲ့ ပတ်သက်တဲ့ ဌာနကျတော့ တစ်ဦးတစ်ယောက်တည်း တစ်ဖွဲ့တည်းနဲ့ ဆုံးဖြတ်လို့မရဘူး အဲဒါတွေ ရှိတာပေါ့။ မော်ချီးဘက်ကတစ်ချို့ကျောင်းလေးတွေ အစွန်အဖျားကပဲပြောမလား နယ်စပ်ကပဲပြောမလား ဒါလေးတွေက လက်ရှိအခက်အခဲလေးတွေပေါ့။ဒါတွေ ဆရာသိသလောက်ပေါ့။”ဟု စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြောသည်။

ဆရာ/မလိုအပ်ချက်များ ဖြည့်ဆည်းရန် လွိုင်ကော်ပညာရေးကောလိပ်မှ ဒေသခံများကို ဦးစားပေးခေါ်ယူနေပြီဖြစ်ကာ ဆရာအတတ်ပညာဒီပလိုမာသင်တန်းအတွက် သင်တန်းသားများကို စက်တင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထား စတင်ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ခေါ်ယူပြီးသော သင်တန်းသားများကို စိစစ်ရွေးချယ်ပြီး ဒီဇင်ဘာလအတွင်း စတင် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အနောက်ဘက်အစွန် ဖရူဆိုမြို့နယ် ကေခီရွာရှိ မူလတန်းကျောင်းတစ်ကျောင်း( ဓါတ်ပုံ – စိုင်းလင်းလင်းဦး)

spot_img
spot_img

Recent posts